ရင်ချင်းဆက် နွေဦးပုံပြင်

By Boder News Agency (BNA) / 2022 March  03

အောင်လင်းဟိန်းSKY ရေးသားသည်။

(ဓာတ်ပုံ-မြောက်ဦးမြို့၊လေးမျက်နှာဘုရားအနီးတွင်တွေ့ရတဲ့ဒေသခံတစ်ဦး/BNA)

ဆောင်းအကုန်မှာ နွေဦးကမဆိုင်းမတွဆိုက်ရောက်လာခဲ့လေပြီ။ထုံးစံအတိုင်း အိမ်ရှေ့ဗာဒံပင်အိုကြီးက ရွက်ကြွေရွက်ဖူးတစ်လှည့်စီနှင့် နွေဦးနမိတ်ပုံရိပ်ကို အချက်ပြတတ်သည်။ရွက်ဝါကလေးတွေ ကြွေဆင်းသွားတတ်ပြီး ရိုးတံကျဲကျဲကျန်နေရစ်သလို စိမ်းစိုစိုပရစ်ဖူးလေးတွေစီစီလေးထွက်လာပုံလေးက ကိုယ့်အသက်ထက်ပိုကြီးနေသည့် သစ်အိုပင်ကြီး၏နွေဦးခေါင်းလောင်းထိုးသံဖြစ်သည်။

ကျောင်းတော်ဟောင်းဖက်က လျှောက်လှမ်းလာလျှင် တွေ့ရသည့်မြင်ကွင်းက နွေဦးရောက်မှန်း ပိုသိသာသေးသည်။ဆောင်းနှောင်းမြောက်ပြန် လေအဝှေ့မှာ ရွက်အိုဟောင်းတို့ ပဲ့ကြွေလွင့်မျောသွားတတ်ကြသည်။သစ်ရွက်လေးတွေပြေးလွှားခုန်ပေါ က်ချိန် နှင့် ရွက်ကြွေလိမ့် သံလေးတွေက နွေဦး၏ သက်ဝင်ပန်းချီကားပင်ဖြစ်နေတတ်သည်။

နွေဦးရောက်တိုင်း နွေဦးကံ့ကော်သီချင်းလေးကို ကြိုက်လွန်းလို့ နားထောင်မိသည်။နွေဦးမှန်လျှင် ကံ့ကော်ပန်းဦးပွင့်ကလေးများနှင့် နီရဲရဲ လက်ပံတွေ ပွင့်လိုက်ကြွေလိုက်။ကျေးငှက်သံကလေးတွေကြားနေလိုက်ရပင် နွေဦးနိ မိတ်ပုံရိပ်များမှန်း တန်းသိနိုင် သည်။ပင်အိုပင်ပျိုတို့ ဖူးငုံပွင့်သစ် ပုရစ်ဖူးစွယ်လေးများ ဆူထွက်လာတတ်သည်။အဟောင်းအဟောင်းတို့ ပျောက်ကွယ်သွားတတ်ပြီး အသစ်အဆန်းတို့ပြန်လည်နေရာယူတတ်တာ သစ်ပင်တွေမှမဟုတ် လောကကြီးဓမ္မတာတရားတစ်ခုပါလားလို့တွေးနေမိ၏။ 

ပြက္ခဒိန်စောင်ရေအဟောင်းပေါင်း နှစ်ဆယ်ကျော်ခန့်က ခုလိုနွေဦးကျောင်း ပိတ်ရက်တွေမှာ အဖိုးပြောနေကျ နွေဦးပုံပြင်များကိုမှတ်ရနေသေးသည်။

သက်ကြီးစကားသက်ငယ်ကြားခဲ့ရသည့်ထိုအတိတ်နွေဦးတွေကိုပြေးသတိရခြင်းဖြစ် သည်။သူပြောဖူးခဲ့သည့် နွေဦးမှာပုံပြင်တစ်ချို့က အရင်ကလက်ခံဖို့ခက်ခဲပြီး လက်တွေ့မှာ ပိုမှန်လာတာမျိုးရှိတတ် သည်။

ကျွန်တော်တို့အားလုံး မနှစ်ကနွေဦးကိုမသာမယာနှင့်ဖြတ်သန်းခဲ့ဖူးသည်။ပြီးခဲ့သည့်နှစ်ကာလအနည်း ငယ်က နွေဦးတောင်မက မိုးဦးဆောင်းလယ်နွေနှောင်းလည်းမလှခဲ့သည့် မိမိတို့အရပ်က အိမ်မပြန်နိုင်သေးသည့်သူများရှိနေသေးသည်။နွေဦးဟာခန့်မှန်းရခက်သည်။နွေဦးမှာကျောင်းတွေမပိတ်နိုင်သေးဘဲ စာမေးပွဲတွေတောင် နွေလယ်ကိုရောက်သွားတတ်သည်။

တကယ်တော့ သိတတ်စအရွယ်ကပင် အာရပ်နွေဦး ကြားခဲ့ဖူးသည်။ ၂၀၁၀ခုနှစ်အစောပိုင်း ဝန်းကျင်က တူနီးရှားနိုင်ငံအစပြုခဲ့သည့် အာရပ်နွေဦး (Arab Spring)သည်ကမ္ဘာ့သတင်းစာမျက်နှာ များပေါ်တွင်နေရာ ယူခဲ့ဖူးသည်။

အမှန်ဆို တူနီးရှားနိုင်ငံမှာ အာဖရိကတိုက်ထဲကနိုင်ငံတစ်ခုသာဖြစ်ပြီး အရှေ့အလယ်ပိုင်းက အာရပ်ကမ္ဘာအများစုသို့ မယုံကြည်နိုင်လောက်အောင်ကူးစက်ပျံ့ နှံ့သွားသည့် အကျင့်ပျက်အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများ၊ပုန်ကန်မှုများနှင့်လက်နက်ကိုင်ပုန်ကန်မှုများ ဆက်တိုက်ဖြစ်ခဲ့သည်။

လစ်ဗျား၊အီဂျစ်၊ယီမင်၊မော်ရကို၊အီရတ်၊အလ်ဂျီးရီးယား၊အီရန်၊အိုမန်၊ဆော်ဒီ၊ကူဝိတ်၊ဆီးရီးယားနှင့်ဘာရိန်း နိုင်ငံများသို့ အာရပ်မီးပွါးများနွေဦးလေအဝှေ့တွင် ကူးစက်ခဲ့ဖူးသည်။

ယင်းသို့မတူကွဲပြားတဲ့ များပြားလွန်းသည့် အာရပ်ကမ္ဘာ့နိုင်ငံများ၏ နွေဦးပုံပြင်ထဲမှာ တညီတညွှတ်တည်း တူညီနေသည့် ကြွေးကြော်သံဆောင်ပုဒ်တစ်ခုတော့ရှိခဲ့သည်။

“The people want to bring down the regime” ဆိုသည့် ‘လူထုမကြိုက်သည့်အာဏာရှင်များကို ဖြုတ်ချကြ ‘ ဆိုခြင်းပင်ဖြစ်သည်။

ခုလည်းကမ္ဘာ့သတင်းစာမျက်နှာပေါ်ကိုဆောင်းနှော င်းခါစမြောက်ပြန်လေနှင့်အတူ တစ်ဟုန်ထိုးတက်လာခဲ့သည့်နွေဦးသတင်းများနေရာယူလာပြန်သည်။

ဒီတစ်ခါနွေဦးက ဥရောပတိုက်အရှေ့ဖက်ခြမ်းကို ဗဟုပြုသည့် ရုရှား- ယူကရိန်းအရေးပင်ဖြစ်သည်။ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲခဲ့ပြီးနောက်ပိုင်း အိမ် နီးချင်းတစ်ဖြစ်လဲ ယူကရိန်းကို စစ်မျက်နှာဖွင့်လှစ်ခဲ့သည့် ရုရှားအာဏာရှင်ပူတင်လုပ်ရပ်က ကမ္ဘာကြီးအတွက်စိုးရိမ်ထိန့်လန့်စရာဖြစ်လာခဲ့လေပြီ။

အနောက်အုပ်စုမဟာမိတ်များနှင့် ကမ္ဘာ့အင်အားကြီးအမေရိကန်တို့ကန့်ကွက်နေသည့်တိုင် ကျူး ကျော်စစ်ဆင်နွှဲလေပြီ။ဒုတိယကမ္ဘာစစ်၏ အမှောင်ဆုံးနေ့ရက်များကို အမှတ်ရစေမည့် အခိုက်အ တန့်တွေတန်းမြင်နေရသည်ဟု ဂျာမနီခေါင်းဆောင်တစ်ဦးကပြောသည်။

လောကကြီးကလည်းခက်ပေသည်။ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်အာဏာရှင်အဒေဖ့်ဟစ်တလာလုပ်ခဲ့သမျှ ကမ္ဘာကြီးကပေါင်းစည်းကာဆန့်ကျင်တိုက်ခဲ့ကြသည်။ရုရှားပါဝင်သည့်ဆိုဗီယက်ပြည် ထောင်စုက အနောက်အုပ်စုနှင့်မဟာမိတ်ဖွဲ့ကာ ဖက်ဆစ်နာဇီဖြုတ်ချရေးတိုက်ပွဲဆင်နွှဲကြသည်။

ခုတော့အချိန် သမိုင်းတစ်ကျော့ပြောင်း ပြန်လည်လေပြီ။ရုရှားအာဏာရှင်ပူတ င်ဦးဆောင်သည့် ကျူးကျော်တိုက်ပွဲအ တွက် ယူကရိန်းအတွက် ဂျာမ နီဖက်က တည့်မတ်ပေးမှုများပြုလုပ်ရပြန်သည် ။ဖက်ဆစ်ဇာတ်ကောင်ဖြစ်ခဲ့ဖူးသည့် ဂျပန်တို့က တောင် ရုရှားအပေါ် ဘဏ္တာရေးအရေးယူမှုပြုလုပ်လိုက်ကြသေးသည်။

သို့သော် ယူကရိန်းနွေဦးသည် ထင်သလောက်မလွယ်ကူဘဲ ပိုပြီးစိုးရိမ်စရာကောင်းလာသည်။နုူးကလီးယားခလုတ်ကိုနှိပ်ဖို့ ရုရှားကအသင့်ပြင်ထား သည်။

ကျွန်တော်တို့၏ ခေတ်သစ်ယဉ်ကျေးမှု ထွန်းကားသည့်ကမ္ဘာသည် အာဏာရှင်တွေ ထင်တိုင်းကြဲခွင့်ပေးထားရအောင်ထိ အနုပညာလက်ရာမြောက်နေပြီလားလို့ တွေးမေးကြည့်ပြန်သည်။ နို့မို့လျှင် နွေဦးသည် သစ်ရွက်ဝေကြွေ ညှင်းလေမြူး ဖူးငုံပွင့်သစ်ရုံလောက်နှင့် မပြီးတော့ဘဲ ခြောက်သွေ့ပူပြင်းသည့် ကန္တာ ရပုံရိပ်ကို သွေးရောင်စုံဖြင့်ဆေးခြယ်ထားသည့် ပန်းချီကားများသာဖြစ်ပေလိမ့်မည်။

ဒီနှစ်နွေဦးမှာ မပြီးပြတ်သေးသည့် ပန်းချီကားတစ်ချို့ရှိနေပြန်သည်။အိုမီခရွင်ဟု ခေါင်းစဉ်ပေးထားသည့်ပန်းချီဆရာ ကိုဗစ်-၁၉ နွေဦးလက်ရာဖြစ်သ ည်။

ကော်ရတိန်းစင်တာတွေနဲ့ နှာခေါင်းထိုးတို့ပတ်စစ် စင်တာတွေ၊ကာကွယ်ဆေးထိုးသည့်နေရာများသည် ကိုရိုနာပန်းချီ ပြခန်းသဖွယ်ဖြစ်နေပြန်သည်။

အမှန်ဆို ကမ္ဘာကြီးကအရင်လိုထင်သ လောက်နေမကောင်းတော့တာကျွန် တော်တို့လက်တွေ့ ကြုံနေရပြီ။ကိုဗစ် ကပ်ဘေး ရိုက်ခတ်မှုနဲ့ စီးပွါးရေးဆုတ် ယုတ်နလန်မထူနိုင်ကြသေးချိန် ရုရှား- ယူကရိန်းအရေးက လောင်စာဆီ ဈေးတတ်သည့် ထိုးနှက် ချက် ကျွန်တော်တို့ကို ဗိုင်းရပ်စ်လိုတွယ်ကပ်လာခဲ့ပြီ။

ဓာတ်ငွေ့သိုက်တွေနဲ့ခန်းနားတဲ့နယ်မြေတစ်ခုမှာ နွေဦးမြင်ကွင်းတွေက မှောင်မဲနေသည်။အဖေဆိုနေကျသီချင်းစာသားလေးကို ငယ်ငယ်ကပင်ကြားနေ ကျဖြစ်သည်။

”လွမ်းရက်ရှည်သော နွေဦးညများမှာ’’ တဲ့ ခုတော့ အိမ်ကအဖေလွမ်းနေသည်က လွမ်းရက်ရှည်သော နွေဦးညများမှာ ပြန်မလာတော့တဲ့ လျှပ်စစ်မီးဖြစ်နေပြ န်သည်။

ဝန်းကျင်တစ်ခွင် မီးစက်သံတွေကြားလာရသည့်နွေဦးဖြစ်သည်။လူမှုကွန်ရ က်သတင်းစာမျက်နှာပေါ်မှာ မမြင်ချင်မှအဆုံး မီးပျက်သည့်အကြောင်း ရင် ဖွင့်ကြသည့် ပိုစ့်တွေ အို.. မတွေ့ချင်မှအဆုံး။

နွေဦးမှာ ရေမဖြတ်ခင် မီးပြတ်သွားသ ည်။မီးစက်မောင်းဖို့ လောင်စာဆီဈေးကလည်းအတက်ကြမ်းလှပြီ။မနှစ်က တစ်လီတာ ၆၀၀ ကျပ်ရှိခဲ့တဲ့ ဓာတ်ဆီက အခု ပြင်ပဆိုင်တွေမှာ ၂၀၀၀ ကျပ် အထိဖြစ်သွားသည်။ရုရှား-ယူကရိန်းအရေးတစ်ခုတည်းကြောင့် လောင်စာဈေး မြင့်တက်တယ်လို့ ပြောရင် နွေဦးကို မုသားသုံးရာကျမည်။

ရိုက်ခတ်မှုပေါင်းများစွာနှင့်အလုပ်အကိုင်တွေရှား ပါးလာကြချိန် မီးလာချိန်မမှန်တော့ဘဲ ဗိုင်းရပစ်ကပ်ဘေးကလည်းအနီးကပ်ခြိမ်းခြောက်နေပြန်သည်။

ကုန်ဈေးနုုန်းတွေကလည်း တက်စမြဲတက်နေဆဲ။သည်ကြားထဲမကြုံစဖူးအိမ်ဆောက်ပစ္စည်းတွေတ စ်ဟုန်ထိုးတက်လာခဲ့ပြီး ဘိလပ်မြေဈေးတွေမြောက်ထိုးတက်လေပြန်ပြီဟု မိတ်ဆွေဆောက်လုပ်ရေးသမားများ၏ညိမ်းညူသံများစွာ ကိုကြားလိုက်ရသည်။

အဲကွင်းတွေလိုက်တပ်ဆင်ပေးတဲ့ အိမ်နံဘေးကမိတ်ဆွေက အဲကွင်းဆင်ဖို့အ လုပ်အပ်မယ့်လူတွေ မီးပြတ်နေလွန်းလို့ မတပ်ရဲကြဘဲ အလုပ်မဖြစ်ဟု ရင်ဖွင့်လာပြန်သည်။လောင်စာဆီဈေးတက်လို့ ကားဆရာတွေ၊ တုတ်တုတ်မောင်းသမားတွေ၏ စကားသံများနှင့် သာမန်ပြည်သူအားလုံး၏ ညိမ်းညူသံများသည် နွေဦးမှာဘလောင်ဆူလေပြီ။

အချိန်၊ဒီရေနဲ့ ကုန် ဈေးနုန်းသည် လူကို မစောင့်တော့ပါ။သို့သော်နေ့စဉ်ရက်ဆဘက်ဆိုသလို သူတို့နှင့်ပဲ မျှောင်လင့်ယင်းဖြတ်ကျော်နေကြခြင်းပင်။အခုတော့ကျွန်တော်တို့တစ်တွေ ဒီနွေဦးမှာ ကုန်ဈေးနူန်း များပြန်ကျလာနိုင်မလား။လောင်စာဆီဈေးများပြန်ကျလာနိုင်မလား။

ငြိမ်းချမ်းရေးစားပွဲဝိုင်းတွေ ပြန် လည်အသက်ဝင်လာအုံးမလား။ဗိုင်းရပ်စ်တွေပျောက်ဆုံးသွားနိုင်မလား။ပြဘတ်သွားတဲ့ မီးအချိန်မှီ ပြန်လာအုံးမလား။မီးထဲပါသွားသည့်နေအိမ်လေးများပြန်ပကတိဖြစ် လာမလား၊၊ဖမ်းဆီးခံရတဲ့သူတွေပြန်လွှတ်လာအုံးမလား.. စသဖြင့် မျော်လင့်ချက်များစွာနဲ့စောင့်မျှော်နေကြလေပြီ။

နွေဦးနှင့်အနီးကပ်ဆုံးသက်ဆိုင်သည့် ဥတုရာသီအကျိုးသက်ရောက်မှုအ ကြောင်းတွေးမိပြန်သည်။ကမ္ဘာကြီးမှာရောဂါ ကပ်ဘေးကြောင့် စက်ရုံကြီးတွေပိတ်သိမ်းလိုက်ရသည်။လည်ပတ်မှုတွေလျော့ချခဲ့ရသည်။

နောက်ဆက်တွဲအနေနဲ့ဖန်လုံအိမ်ဓာတ် ငွေ့ထုတ်လင့်မှုလျော့ကျလာတာကြောင့် နဂိုကတည်းက ပြောင်း လဲနေတဲ့ ရာသီဥတုဆက်လက်ဖောက်ပြန်တဲ့သတ င်းဖတ်လိုက်ရပြန်သည်။

အပူနှင့်အသားကျနေတဲ့ ကမ္ဘာကြီးကပ်ဘေးနောက် ဆက်တွဲ အပူချိန်လျော့နလည်းချိန် ဓာတ်မတည့်မှုတွေဖြစ်နေပြန်ပြီ။သူ့မှာလည်းဒုက္ခတွေကမသေး။ ခုနောက်ဆက်တွဲအားဖြင့် မိုးရွာသွန်းမှုတွေများလိုက်၊အအေးလိုင်းဖြတ်လိုက်၊အပူချိန်မြင့်လာလိုက်နှင့်ပင် ကမ္ဘာ့ရာသီဥတုကြီးတောင် နှစ်ဆလောက်ဖောဘက်ပြန်နေချိန် မနုဿလူသားတွေကိုတော့ စာရင်းထဲဖျက်လို့ရကြောင်း နွေဦးကအာမမခံ။

သို့ရာတွင် နွေဦးအာမခံတဲ့ အခြားအရာများစွာ ရှိနေသေးပြန်သည်။နေရာတစ်ချို့မှာ စစ်မီးတွေက တော က်လောင်နေဆဲဖြစ်ပြီး ငြိမ်ချမ်းနေတာလား တည်ငြိ မ်နေတာလား စစ်မီးတောက်ဖို့အားယူနေတာလားဆိုသည်ကို နွေဦးမှာ ခွဲခြားတတ်ဖို့ခက်နေပြန်ပြီ။

နွေဦးရောက်တိုင်းပုံပြောနေကျ အဖိုးကတော့ တစ်ခုသော နွေဦးမှာပဲကြွေလင့်သွားရှာခဲ့သည်။နွေကျော င်းပိတ်ချိန်ပုံပြင်ညများကို လွမ်းမိသေးသလို သူ ပြောခဲ့တဲ့စကားတစ်ချို့ တိုက်ဆိုင်တိုင်းမှာပြန်သတိရမိသည်။

”ကပ်ကြီးသုံးပါးဆိုတာ ဘယ်တော့မှ တစ်ခုတည်းမလာဘူး”တဲ့။လက်နက်ဘေးဖြစ်ရင် အငတ်ဘေးဆို က်လာဦးမယ်တဲ့ ဒါမှမဟုတ် ”ရောဂါဘေးကပ်ဆိုက်လာနိုင်တယ်”တဲ့။တစ်ခုပြီးတစ်ခုလာအုံးမယ်ဆိုတဲ့ပုံပြင်ဆန်ဆန် အဖိုးပြောစကားကို ကျွန်တော်မကြုံဖူးခဲ့တော့ ယုံရခက်ခဲ့သည်။တစ်ခုသောနွေဦးမှာ အ ဖိုးပြောခဲ့သည့်  စကားလုံးတွေကို ခုတော့သက်သေ ပြဖို့ နွေဦးနဲ့ကျွန်တော်လောင်းကြေးထပ်ရတော့မည်။

https://www.facebook.com/permalink.php?story_fbid=150870547355260&id=107469705028678

Leave a Reply

Your email address will not be published.