ရခိုင်တွင် ဟိန္ဒူရိုးရာ ဟိုလီသင်္ကြန်ပွဲတော်ကို (၃)ရက်တိုင်တိုင် ကျင်းပနေ

By Narinjara / 2022 March  18

မြထွီးသျှင်၊ သဥ္ဇာနွယ်

ဓာတ်ပုံ – စစ်တွေရှိ ဟိန္ဒူရိုးရာသင်္ကြန်ပွဲတော်မြင်ကွင်း။ Photo – မြထွီးသျှင်၊ သဥ္ဇာနွယ် / နိရဥ္စရာ

ရခိုင်ပြည်နယ်တွင် ဟိန္ဒူရိုးရာ ဟိုလီသင်္ကြန်ပွဲတော်ကို (၃)ရက်တိုင်တိုင် ကျင်းပလျက်ရှိသည်ဟု သိရသည်။

အဆိုပါပွဲတော်ကို ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်နှင့် ကျောက်တော်အစရှိသည့် မြို့နယ်များရှိ ဟိန္ဒူဘုရားကျောင်းများတွင် ယမန်နေ့ မတ်လ ၁၇ ရက်မှစတင်ကာ မတ်လ ၁၉ ရက်အထိ (၃)ရက်တိုင်တိုင် ကျင်းပနေခြင်းဖြစ်သည်။

ပွဲတော်တွင် ဆေးရောင်စုံအမှုန့်များဖြင့် တစ်ဦးနှင့်တစ်ဦးချစ်ကြည်စွာ ပက်ဖြန်းဆော့ကစားခြင်းများနှင့် ရေပက်ဖျန်းခြင်းများကို ပြုလုပ်ကြသည်ဟု သိရသည်။

ထို့အပြင် ဟိန္ဒူဘာသာဝင်များ၏ ဘာသာရေးသီချင်းများဖြင့် ကပြဖျော်ဖြေခြင်းများနှင့် ဟိန္ဒူရိုးရာသက်သက်လွတ်အစားအသောက်များဖြင့် ကျွေးမွေးဧည့်ခံနေကြောင်း ဟိန္ဒူလူမျိုးများက ပြောသည်။

ယင်းပွဲတော်သည် နွေဦးရာသီရောက်သည့်အခါ ကျင်းပသည့် ဟိန္ဒူလူမျိုးတို့၏ ရိုးရာပွဲတော်တစ်ခုဖြစ်ပြီး များသောအားဖြင့် မတ်လ ဒုတိယပတ်တွင် နှစ်စဉ်ကျင်းပလေ့ရှိသည်။

ဟိန္ဒူလူမျိုးတို့၏ပွဲတော်များအနက် လူကြိုက်အများဆုံး ပျော်ပွဲရွှင်ပွဲတစ်ခုဖြစ်ကြောင်းလည်း သိရသည်။

https://www.facebook.com/narinjara.info/posts/5306671422678225

Leave a Reply

Your email address will not be published.