ရခိုင်တွင် သောင်တင်နေသော ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေသမားခြောက်ဦးကိုပြန်လည်လွှဲပြောင်းပေး

By Boder News Agency (BNA) / 2022 March  09

ဓာတ်ပုံ-ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံး

ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁ ရက်က စက်ချို့ယွင်းမှုကြောင့်ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စေတီယျရပ် ကွက်အနီး ပင်လယ်ပြင်မှာ သောင်တင်နေခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းလှေသမားခြောက်ဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB(02)ကို လွှဲပြောင်းပေးခဲ့ပါတယ်။

သူတို့ကို စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးရဲ့အကူညီနဲ့ လွှဲပြောင်းပေးနိုင်ခဲ့တာလို့ ကောင် စစ်ဝန်ရုံးက ဒီကနေ့ မတ်လ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

“ငါးဖမ်းးသမားများအား ကယ်ဆယ်ရေးနှင့် နေရပ်ပြန်ပို့ရေး လုပ်ငန်းများ အကောင်အထည်ပေါ်စေရန် သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးကို ကျွန်တော်တို့ မစ်ရှင်မှ အထူးကျေးဇူးတင်ရှိပါသည်။”လို့ စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးက ထုတ်ပြန်ထားပါတယ်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံနယ်စပ်ချင်းထိစပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်နှင့် နတ်မြစ်အတွင်းမှာ ငါးဖမ်းနေတဲ့ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ငါးလှေသမားတွေဟာ မုန်တိုင်းကြောင့်သော် လည်း ကောင်း၊ ငါးဖမ်းလှေစက်ချို့ယွင်းလို့သော် လည်း ကောင်း တဖက်နိုင်ငံတွေကို ရောက်ရှိလာတာကို မကြာခဏကြုံတွေ့နေရကြောင်း သိရပါတယ်။

https://www.facebook.com/permalink.php?story_fbid=152362330539415&id=107469705028678

Leave a Reply

Your email address will not be published.