By Voice Of Westland (VOW)/ 2022 March 17
ခိုင်သဇင်
ရခိုင်ဂန္တဝင်သာခြင်းစာဆို တန်းခိုးဆရာထွန်း စာပေဆုချီးမြှင့်ပွဲကို အဌမအကြိမ်မြောက်အဖြစ်ဧပြီလ ၉ ရက်နေ့ ညနေရ နာရီအချိန်မှာ တန်းခိုးဆရာထွန်းရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းခိုးကျေးရွာမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားဖို့ စီစဉ်ထားတယ်လို့ ပွဲဖြစ်မြောက်ရေးကော်မတီအထွေထွေအတွင်းရေးမှူးဦးကျော်ဆန်း(ခ) စာရေးဆရာ လွမ်းပြေအောင် (စစ်တွေ)ရဲ့ပြောပြချက်အရသိရပါတယ်။
“ရခိုင်ပြည်မှာအင်္ဂလိပ်အစိုးရလက်ထက်က ထင်ရှားကျော်ကြားခဲ့တဲ့ တန်းခိုးဆရာထွန်းကို ဂုဏ်ပြုတဲ့အနေနဲ့ရယ်၊ ရခိုင်ပြည်အနယ်နယ်အရပ်ရပ်မှာရှိတဲ့ စာရေးဆရာတွေအနေနဲ့လည်း တက်ရောက်အားပေးချီးမြှင့်ကြမှာဖြစ်တဲ့အတွက် ချစ်ကြည်ရင်းနှီးမှုကိုရစေတာရယ်၊ ရခိုင်ပြည်ကပြိုင်ပွဲဝင်ရွက်ပုန်းသီး စာရေးဆရာတွေ၊အောင်မြင်ပြီးသားစာရေးဆရာတွေအနေနဲ့ ဒီဆုပေးပွဲမှာပပြိုင်ပွဲဝင်ပြီး ဒီဆုကိုရတဲ့အခါ သူတို့ရဲ့အခုထက်တိုးတက်ပြောင်မြောက်တဲ့စာပေတွေကို ဖန်တီးချင်တဲ့စိတ်ဖြစ်အောင် ခုလိုပွဲမျိုးကိုကျင်းပရတာဖြစ်တယ်” လို့VOW သတင်းဌာနကိုပြောပါတယ်။
ဆုပေးပွဲမှာ တသက်တာစာပေဆု၊ ဂီတစာဆိုဆု၊ ကဗျာဆု၊ ဝတ္ထုဆု၊ ဆောင်းပါးဆုနဲ့ ကလေးကဗျာဆုတို့ကိုပေးအပ်ချီးမြှင့်သွားမှာဖြစ်လို့လည်း သူကဆိုပါတယ်။
“စာပေမြင့်ရင့်လူမျိုးတင့်သလို စာပေနိမ့်ကျရင်လူမျိုးပါနိမ့်ကျသွားမယ်။ ကိုယ်တို့ရဲ့အမျိုးသားစာပေတွေကိုတတ်နိုင်တဲ့ဖက်ကတိုးတက်မြင့်တင်ပေးစေချင်လို့။ ကိုယ်တို့ရဲ့အမျိုးဂုဏ်ဇာတိဂုဏ်တိုးတက်မြင့်မားဖို့အတွက် တန်းခိုးဆရာထွန်းစာပေကတဆင့် အတိုင်းအတာတစ်ခုအထိ အထောက်ပံ့ပေးနိုင်မယ်လို့လဲယူဆတယ်။ ဒီလိုပွဲမျိုးကို ရခိုင်ပြည်ရဲ့ဒေအသီးသီးမှာကျင်းပစေချင်တယ်” လို့ ဆရာ လွမ်းပြေအောင် (စစ်တွေ)က ဆိုပါတယ်။
အင်္ဂလိပ်ခေတ်ကနေ ထင်ရှားကျော်ကြားခဲ့ဆရာထွန်းဟာ အသက် ၇၀ ဝန်းကျင်မှာကွယ်လွန်သွားခဲ့ပါတယ်။
၂၀၂ဝခုနှစ်ကကျင်းပတဲ့ ၇ ကြိမ်မြောက်တန်းခိုးဆရာထွန်းစာပေချီးမြှင့်ပွဲမှာ တသက်တာစာပေဆုကို ဆရာ အနောက်သား(စစ်တွေ)၊ ဝတ္ထုဆုကို ဆရာမမေလိူင်းဖြူ(သံတွဲ)၊ ဆောင်းပါးဆုကို ကိုယ်တော်ရိုးနွယ်(ကျောက်ဖြူ)၊ တန်းခိုးဆရာထွန်းစာပေဆုဟာ ရခိုင်ပြည်အတွင်းပေးအပ်တဲ့ တစ်ခုတည်းသောစာပေဆုအမျိုးအစားဖြစ်ပြီတော့ ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းခိုးကျေးရွာမှာ နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။
တန်းခိုးဆရာထွန်းစာပေဆုချီးမြှင့်ပွဲကို ၂၀၁၁ နှစ်မှစတင်ကျင်းပလာခဲ့ပြီး ၂၀၁၂၊၂၀၁၃၊၂၀၁၈ ခုနှစ်တွေမှာတော့ အကြောင်းအမျိုးမျိုးကြောင့် မကျင်းပဖြစ်ခဲ့ပေမဲ့လည်း အခု ၂၀၂၂ ခုနှစ်မှာတော့ (၈)ကြိမ်မြောက်စာပေဆုချီးမြှင့်ပွဲအဖြစ် ကျင်းပနိုင်ဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။