By Boder News Agency (BNA) / 2022 March 11
မြန်မာနိုင်ငံအနောက်ဖက်ခြမ်းက ရက္ခိုင်ပြည်မှာ (Arakan Army)ရက္ခိုင့်တပ်တော်(အေအေ)ဟာ ၂၀ ၁၅ ခုနှစ်လောက်ကနေ မြန်မာ့တပ်မတော်ကို တိုက် ခိုက်တော်လှန်လာခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပါတယ်။
ခုအချိန်မှာတော့ ရက္ခိုင်ပြည်ထဲက နယ်မြေ ၆၀ ရာ ခိုင်နှုန်းကျော်ကိုစိုးမိုးချုပ်ကိုင်ထားပြီးဖြစ်တာဟာ ရလဒ်လို့ဆိုရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် နိုဝင်ဘာလအတွင်းက အလွတ် သဘောအပစ်ခတ်ရပ်စဲခဲ့ပြီးနောက်ပိုင်း အေအေအနေနဲ့စစ်ရေးအရရပိုင်ခွင့်အကျိုးအမြတ်တွေကို တလှမ်းချင်းရရှိလာခဲ့တာအပြင် ရှိရင်းစွဲအုပ်ချုပ်ရေးပုံစံတွေကို စတင်ပုံဖော်ဖို့ ဖမ်းဆုပ်နိုင်လိုက်တာလည်းဖြစ်ပါတယ်။
သို့ပေမယ့် ၂၀၂၁ခုနှစ်ဖေဖော်ဝါရီလ (၁)ရက် မြန် မာစစ်တပ်က စစ်အာဏာသိမ်းလိုက်ချိန်မှာတော့ ရခိုင်ပြည်တွင်း အာဏာဆုံးရှုံးမှုတချို့ကို ပိုမိုတွန်း အားပေးရာဖြစ်လာခဲ့ပါတယ်။
အေအေအနေနဲ့ ဗုဒ္စဘာသာရခိုင်လူမျိုးအများစုရဲ့ အားပေးထောက်ခံမှုကိုအပြည့်အဝရရှိထားတာလ ည်းဖြစ်ပါတယ်။မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ စစ်အ င်အားကြီးထွားလာရုံသာမက နိုင်ငံရေးအင်အားအ ကိုင်းအခက်သဖွယ် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA)ကိုလည်း ဖွဲ့စည်းထားပါပြီး ရခိုင်ပြည်တွင်း အရေးပါဆုံးနိုင်ငံရေးအင်အားကြီးအဖွဲ့ဖြစ်လာခဲ့ပါတယ်။
ရက္ခိုင့်တပ်တော်(အေအေ)ရဲ့အင်အားကြီးထွားလာမှုကို”လက်နက်ကိုင်အုပ်စုတွေ အခက်ကြုံရတဲ့နိုင်ငံအတွင်းလွန်စွာထူးခြားအင်အားကြီးတဲ့ ဖြစ်စဉ်”ဟုလည်းကောင်း၊ယင်းစစ်ပွဲများစတင်ရာ ၂၀၁၅ခုနှစ်ကတည်းကပင်” လွတ်လပ်ရေးနောက်ပိုင်း ဗမာစစ် တပ်ရင်ဆိုင်ရအခက်ဆုံးနဲ့ အပြင်းထန်ဆုံး တော်လှန်ပုန်ကန်မှု”လို့လည်း နိုင်ငံတကာစာမျက်နှာမှာ ခေါင်း စဉ်သတင်းများအဖြစ် ဖော်ပြခြင်းခံခဲ့ရပါတယ်။
၂၀၂၀ခုနှစ်ဧပြီလထုတ် ကမ္ဘာကျော် ”Economic” စာစောင်ကလည်း”လွတ်လပ်ရေးအတွက်တိုက်ပွဲ” ဆိုပြီးပေါ်ပေါ်ထင်ထင် ရေးသားထုတ်ဖော်ခဲ့ပါတ ယ်။
မြန်မာပြည်မြောက်ပိုင်းက ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို နိုင်းယှဉ်ပြုကာ အမြင့်ဆုံးရည်မှန်းချက် ‘ကွန်ဖီဒရေးရှင်း’ အုပ်ချုပ်မှုပုံစံကို ရယူနိုင်ဖို့ အေအေထိပ်ပိုင်းခေါင်းဆောင်တွေအနေနဲ့ပြီးခဲ့တဲ့နှစ်ကာလတွေအတွင်းကပင်ဆက်တိုက်ဆိုသလို ပြော ဆိုလာကြခြင်းလည်းဖြစ်ပါတယ်။
သို့ပေမယ့် မကြာသေးခင်ကပဲ အေအေစစ်ဦးစီးချုပ်ထွန်းမြတ်နိုင်ကိုယ်တိုင်ကပဲ ”ကျွန်တော်တို့ လွတ်လ ပ်ရေးကိုအမှန်တကယ်လိုချင်ပါတယ်။ဖြစ်နိုင်ရင်ဒါဟာ အဆုံးစွန်ဆုံးရည်မှန်းချက်ပါ။ဒါပေမယ့် အစောပိုင်းကာလမှာတော့ အလှမ်းဝေးခဲ့တာပေါ့။ခုတော့အချိန် ကောင်းလို့ ပြောနိုင်ပါတယ်။” ဟုပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံပြည်တွင်းစစ်ထဲထိုးစိုက်သွားတဲ့အချိန်ကာလမှာတော့ အေအေအနေနဲ့ ရခိုင်ဒေသတွင်းတ ည်ငြိမ်မှုတွေကို ထိန်းချုပ်လွှမ်းမိုးထားနိုင်တဲ့အဆင့်တစ်ခုထဲရောက်လာတဲ့ ပါဝါလည်းရှိနေပြီဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးစိတ်ဝင်စားတဲ့ ဘင်္ဂလားပင်လယ်အော် ပထဝီနိုင်ငံရေး၊မြန်မာရိုဟင်ဂျာအကျပ်အတည်းနဲ့ ပတ်သက်ပြီး ရခိုင်ဗုဒ္စဘာသာအများစုရဲ့ မကျေ နပ်ချက်တွေနဲ့ ခံစားချက်တွေကို တစ်သံတည်းထွက်လာဖို့ အေအေကလို လားနေတာလည်းဖြစ်ပါတယ်။
၁။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ခုအနေနဲ့ အေအေအင်အားကြီးထွားလာခြင်း၊
ဆယ်စုနှစ်တစ်ခုအတွင်းမှာပဲ အေအေရဲ့ ဦးဆောင်မှုဟာ ရှင်းလင်းပြတ်သားတဲ့ မဟာဗျူဟာတွေချမှတ်ဆောင်ရွက်နိုင်ခဲ့ပြီးစစ်ဆင်ရေးလုပ်ယင်း နယ်မြေတိုးချဲ့ခြေကုတ်ယူနိုင်မှုကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့ပါတယ်။စစ်ရေးအတွက် မဟာဗျူဟာမြောက်ပြင်ဆင်ချက်ကောင်းကောင်းလုပ်နိုင်ခဲ့သလို ပြော က်ကျားစစ်ဆင်ရေးနဲ့ တပ်အင်အားသ စ်စုဆောင်းမှုအများအပြားရရှိခြင်းတို့ဟာ နယ်မြေစိုးမိုးဖို့ လုံ လောက်စေခဲ့ပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်အောင်ထိ တိုးတက်ကောင်းမွန်ခဲ့ပါတယ်။
ဒေသတွင်းမဟာမိတ်တွေရဲ့ ကျောထောက်နောက်ခံပြုမှုတွေနဲ့ တရုတ်ဆီက နောက်ကွယ်မှာအသိမှတ်ပြုခံရခြင်းတွေဟာ အေအေအင်အားကြီးစိုးလာရခြင်းရဲ့ အဓိကအရေးပါတဲ့အချက်တွေလည်းဖြစ်ပါတယ်။
အေအေစတင်ထူထောင်ခဲ့တဲ့အချိန်က ၂၀၀၉ခုနှစ်ဧပြီလအတွင်းက မြန်မာနိုင်ငံမြောက်ပိုင်းကချင်ပြ ည်နယ်မှာဖြစ်ပါတယ်။နိုင်ငံရေးရပိုင်ခွင့်တွေကိုကျေ နပ်မှုမရှိကြတဲ့ ရခိုင်လူငယ်လေးတွေ ရန်ကုန်မှာအချင်းချင်း စုစည်းနိုင်ခဲ့ကြပြီး ”အဖရက္ခိုင်ပြည်” လွတ်မြောက်ရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ စည်းရုံးစု ဆောင်းနိုင်ခဲ့ကြခြင်းလည်းဖြစ်ပါတယ် ။
သို့ပေမယ့် ၂၀၁၇ ခုနှစ်အထိတော့ အေအေတပ်တော်ကို အသိမှတ်ပြုကြတဲ့အဆင့်မရှိကြသေးပါဘူး။တပ်ဖွဲ့အင်အားရာဂဏန်းသာသာလောက်ပဲရှိပြီးကချ င်လွတ်မြောက်ရေးတပ်မတော် (KIA)ကျော ထောက်နောက်ခံပြုထားတဲ့လက်နက်နဲ့ မူးယစ်ဆေး ဝါးဖောက်ကားလုပ်ပေးနေတဲ့ မထင်မရှားအဖွဲ့ငယ်လေးအဖြစ်သာ သတ်မှတ်ခဲ့ကြပါတယ်။
၂၀၁၈ခုနှစ်မှာတော့ တိုက်ခိုက်နိုင်စွမ်းရှိတဲ့ အင်အား (၈၀၀၀) လောက်အထိတိုးမြင့်နိုင်ခဲ့ပါတယ်၊၊၂၀၂၂ ခုနှစ်အစောပိုင်းကာလအင်တာဗျူးတစ်ခုမှာတော့ အေအေစတင်ထူထောင်ကတည်းကပင် စစ်ရေးလေ့ ကျင့်ထားတဲ့ အင်အား (၃၀၀၀၀)ကျော်အထိရှိတယ်လို့ အေအေစစ်ဦးစီးချုပ်ကိုယ်တိုင်ထုတ်ဖော်ပြော ဆိုခဲ့ပါတယ်။
လက်ရှိမှာလည်း မြန်မာနိုင်ငံမြောက်ပိုင်းမှာ အေအေစစ်သည်အင်အား(၅၀၀၀)ကနေ (၆၀၀၀) အထိကို ဆက်လက်တပ်ဖြန့်ထားတယ်လို့သိရပါတယ်။
အေအေတပ်တော်ဖွဲ့စည်းထူထောင်နိုင်ခဲ့ပုံလာရာလ မ်းကြောင်းနဲ့ပတ်သက်ပြီးပြောရရင် အရေးပါအခြေ ခံကျတဲ့အ ချက်နှစ်ချက်ရှိပါတယ်၊၊ပထမတစ်ချက် က တရုတ်နိုင်ငံနှင့်နယ်စပ် လိုင်ဇာမှာလက်နက်ကိုင်တပ်ဖွဲ့အဖြစ်သန္ဓေတည် ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး တို င်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မဟာမိတ်ဖွဲ့နိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။
အထူးသဖြင့် ကချင်ဖက်က ကေအိုင်အေ၊ကိုကန့်ဒေ သက မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA )၊ရှမ်းပြည်နယ်မြောက်ပိုင်းမှ တာအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA )နှင့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မ တော် (UWSA)တို့နဲ့ ပူးပေါင်းညှိုနိုင်းကာ မဟာမိတ်ဖွဲ့နိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။
နောက်အခြားတဖက်မှာတော့ ရခိုင်ပြည်ထဲမှာအခြေ ချပြီး ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယနယ်စပ်အနီးအနားကနေ စစ်ရေးလှုပ်ရှားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
၂၀၁၁ခုနှစ်မှာတော့ ကချင်လွတ်မြောက်ရေးတပ်မ တော် (KIA)နဲ့မြန်မာစစ်တပ်တို့ ပြည်တွင်းစစ်ပွဲ ပြန် လည်ဖြစ်ပွါးတော့ ကေအိုင်အေထံမှာစစ်ရေးလေ့ ကျင့်ပြီးသား အေအေစစ်သည်တွေ ဝင်ရောက်တို က်ခိုက်ပေးနိုင်ခဲ့ပါတယ်။
ရခိုင်ဒေသတွင်းမှာ မြန်မာစစ်တပ်နဲ့ အေအေတပ်တော်တို့ အစောပိုင်းကာလစတင်တိုက်ပွဲဖြစ်ပွါးရာ ၂၀၁၅ခုနှစ် မတ်လမှာတော့ ကျောက်တော်နဲ့ ပလက်ဝ(ချင်းပြည်အနီး)ကုလားတန်မြစ်ဝှမ်းဒေသမှာဖြစ်ပါတယ်။
၂၀၁၃ခုနှစ်၊အောက်တိုဘာလမှာတော့တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူညီချက်အဆုံးသတ်နိုင်ရန် သမ္မတဟောင်းဦးသိန်းစိန်ရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)နဲ့ ဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင် (၁၇)ဖွဲ့ပါဝင်တဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆို င်ရာညှိနှိုင်းရေးအဖွဲ့(NCCT) သို့တက်ရောက်ခွင့်ရခဲ့ပါတယ်။
ဒါပေမယ့် (UPWC)အနေနဲ့ အေအေပါ ဝင်လာမှုကို ငြင်းဆန်ပယ်ချခဲ့ပါတယ်။အကြောင်းကတော့ အေအေဟာ ၂၀၀ ၉ ခုနှစ်လောက်မှစတင်ထူထောင်သေးတာဖြစ်သလို ရခိုင်ပြည်နယ်အထဲမှအခြေစိုက် တာမဟုတ်ဟုဆိုပြီး ငြိမ်းချမ်းရေးစားပွဲဝိုင်းထဲက ပယ်ထားခဲ့တာပါ။
၂၀၁၅ခုနှစ်မှာတော့ အေအေတပ်တော်သာမက မြန် မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA )နဲ့ တာအောင်းအမျိုးသလွတ်မြောက်ရေး တပ်မတော်တွေကိုပါ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူညီမှု NCA လမ်းကြောင်းက ဖယ်ရှားပိတ်ပင်တား ဆီးလိုက်ပါတယ်။အကြောင်းအရင်းကတော့ တစ်ဖွဲ့ချင်းစီဟာ အပြန်အလှန်သဘောတူညီမှုဆွေးနွေးချက်တွေမှာ မပါဝင်ခဲ့သလို လက်နက် ချပေးဖို့ ငြင်းဆိုခဲ့ခြင်းတို့ကြောင့်ဖြစ်ပါတယ်။
ဒုတိယပိုင်းကို ဆက်လက်ဖော်ပြသွားပါမယ်။
Jacques P. Leider ရေးသားသည့် The Arakan Army, Rakhine State and the Promise of Arakan’s Independence ဆောင်းပါးကို မူရင်းအာဘော်မပျက် ဘာသာပြန်ထားပါသည်။
https://www.facebook.com/permalink.php?story_fbid=152664560509192&id=107469705028678