By Boder News Agency (BNA) / 2022 March 18
၄။အေအေတပ်တော်ရဲ့နိုင်ငံရေးစာမျက်နှာကဏ္ဍနှစ်ရပ်နဲ့စိန်ခေါ်မှုအသစ်များ
မြန်မာပြည်တွင်းနိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ပြည် တွင်းစစ်ပွဲအပြင် ပျက်သုန်းနိုင်ငံတစ်ခုကို ဦးတည်နေချိန်မှာအေအေတပ်တော်ရဲ့နိုင်ငံတော်အသစ်တ ည်ဆောက်ရေးစာမျက်နှာသစ်ကတော့ ဆင်းရဲမွှဲတေမှုတိုက်ဖျက်ရေးနဲ့ဒေသတွင်းအုပ်ချုပ်ရေးတွေထက်အပြင် စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်နေရပါတယ် ။
အေအေ၊ယူအလ်အေ AA-ULA ကတော့ အခြားအ စားထိုးစရာမြေမရှိတာမို့ ကိုယ့်မြေပေါ်မှာပဲ အုပ် ချုပ်ရေးအာဏာသက်ဝင်ဖို့ စတင်ကြိုးစားနေမှာပါပဲ။
တဖက်မှာ မြန်မာစစ်တပ်ကတော့ အားသာချက်ရှိတဲ့ လေကြောင်းနဲ့ ရေကြောင်းစစ်အင်အားထုတ် သုံးရတာကို ပိုမိုအကြိုက်တွေ့နေပါတယ်။
မကြာသေးမီကရခိုင်ပြည်မြောက်ပိုင်းက ထိပ်တိုက်တွေ့တိုက်ပွဲတွေဖြစ်ပွါး ကြတာကိုကြည့်ရင် ၂၀၂၀ မှာအလွတ်သဘောတူထားတဲ့ အပစ်အခတ်ရပ်စဲရေးက မသေချာမရေရာဘဲ စိုးရိမ်စရာကောင်းနေဆဲပါ။
အခြားတစ်ဖက်မှာတော့ မြန်မာပြည် တွင်း ဒီမိုကရေစီလိုလားတဲ့ မြန်မာစစ်တပ်ကို တွန်းလှန်တော်လှန်နေတဲ့ တပ်ဖွဲ့တွေကို အားပေးထောက်ခံခြင်းက အေအေတပ်တော်နဲ့ မဟာမိတ်တွေအဖို့ ဒေသတွင်း ပိုမိုကြီးမားတဲ့အသိမှတ်ပြုခံရခြင်းတွေအပြင် အခွင့်အ ရေးကောင်းတွေလည်း ရရှိလာခြင်းဖြစ်ပါတယ်။
ဒေသတွင်းလူ့အဖွဲ့အစည်း အသိုက်အဝန်းတစ်ရပ်တည်ဆောက်ဖို့အတွက် အေအေ-ယူအဲလ်အေ AA- ULA အနေနဲ့ အမျိုးသားရေးအားသန်သူတွေ ပါဝင်ထည့်သွင်းရမှာဖြစ်သလို တဖက်မှာလူနည်းစုတွေရဲ့ စိုးရိမ်သောကတွေကို လျော့ချပေးနိုင်စွမ်းရှိဖို့လိုအ ပ်ပါတယ်။
ရခိုင်ပြည်တွင်းက မူဆလင်အသိုက်အ ဝန်းလိုပဲ ဒိုင်းနက်၊မြို၊ခမီနဲ့ချင်းလူမျိုးစတဲ့လူနည်းစုတွေအတွက် ထည့်သွင်းစဉ်းစားပေးဖို့ လိုအပ်ပါလိမ့်မယ်၊၊
အချိန်အကြာကြီး သိမ်းပိုက်နှိမ်နင်းထားတဲ့ နယ်မြေတွေကိုထိန်းချုပ်ရတဲ့ အေအေတပ်တော်အဖို့ နိုင်ငံ ရေးပဋိပက္ခတွေ ပြန်လည်ခေါင်းထောင်လာနိုင်တဲ့ အန္တရာယ်ကိုကြိုမြင်နိုင်စွမ်းရှိဖို့တော့ လိုအပ်ပါလိမ့်မယ်။
ဒါပေမယ့် အေအေတပ်တော်ရဲ့”ပဋိပ က္ခကိုင်တွယ်ဖြေရှင်းနည်း ယန္တရားကတော့”မြေပြင်မှာ အပြန်အ လှန် တင်းမာမှုတွေကို ဖြေရှင်းညှိနှိုင်းနိုင်စွမ်းတွေရှိအောင် ဖန်တီးထားပြန်ပါတယ်။
ဒါပေမယ့်အရေးပါအရာရောက်ပါဝင်လှုပ်ရှားဖြေလျော့မှုနည်းလမ်းတွေကတော့ ရခိုင်လူမျိုးအားလုံးနဲ့ပဲသက်ဆိုင်ပါလိမ့်မေ။
ပထဝီဝင်အနေအထား၊ပါတီတွင်းယုံကြည်မှုနဲ့ကွဲ ပြားခြားနားတဲ့ သမိုင်းဆိုင်ရာအတွေ့အကြုံတွေကြောင့် ဒေသတွင်းကွဲစိပ်ပြားမှုတွေကို ဆွေးနွေးကြတာမတွေ့ရသလောက်ပါပဲ။မြို့ပြလစ်ဘရယ်ဝါဒနဲ့ ကျေးလက်ရှေးရိုးစွဲဝါဒတွေကြားက တင်းမာမှုတွေဟာသည်ကွဲပြားမှုတွေကို ထောက်ပြနေပါတယ်။
အေအေတပ်တော်ရဲ့ထိန်းချုပ်မှုတွေကြောင့် ရွှေ့ ပြောင်းအလုပ်သမားတွေ မျှော်လင့်ချက်ကြီးကြီးနဲ့ ပြန်လာဖို့လုပ်နေကြပေမယ့် ရန်ကုန်နဲ့နိုင်ငံခြားရော က်နေကြတဲ့ အလယ်လတ်လူတန်းစားနဲ့ မြို့ပြကလူတွေပြန်လာကြဖို့ ဖြစ်နိုင်ခြေနည်းနေပါသေးတယ်။
အေအေတပ်တော်ရဲ့ရက္ခိတအိမ်မက်ကိုလက်တွေ့အကောင်အထည်ဖော်ဆောင်ဖို့ဆိုရင်တော့ စီးပွါးရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။အနီးစပ်ဆုံးပြောရရင် တရုတ်နဲ့ အိန္ဒိယရဲ့နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အခြေခံအဆောက်အအုံ စီမံကိန်းတွေကို အေအေအနေနဲ့ မေးခွန်းထုတ်တာမျိုးမရှိခဲ့ပါဘူး။
ထဲထဲဝင်ဝင်ကြည့်မယ်ဆိုရင် အေအေရဲ့နိုင်ငံတော်သစ်တည်ဆောက်နေတဲ့ အစီအစဉ်ကတော့ ပထမဦးစားပေးထဲမှာရှိပါတယ်။
အပြင်ဖက်ရှု့ထောင့်ကကြည့်မယ်ဆိုရင်တော့ မြန်မာ့နိုင်ငံရေးစာမျက်စာမှာထဲက ရခိုင်လူမျိုးတွေရဲ့လိုအပ်ချက်ကို ဖြည့်စွက်ပေးရမယ့် အေအေတပ်တော်ရဲ့မျက်နှာစာနှစ်ဖက်ကဏ္ဍအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက ဘယ်လိုမျိုးတုံ့ပြန်မလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။
လူအတော်များများက ရခိုင်ပြည်နဲ့ပတ် သက်လာရင် ရိုဟင်ဂျာပြဿနာနဲ့တရုတ်နိုင်ငံရဲ့ မဟာဗျူဟာမြောက်ခြေရာကျတဲ့ ဘင်္ဂလားပင်လယ်အော်ဆိုင်ရာပြဿနာတွေကို သီးသန့်မြင်ယောင်နေကြပါတယ်။
အေအေဖက်က သူတို့ရဲ့စိုးမိုးနယ်မြေ အတွင်း စိုးရိမ်စရာတွေကို ထပ်ပြီးရင် ဆိုင်ရပါလိမ့်မယ်။ဒေသတွ င်းဆိုင်ရာဆက်စပ်မှုတွေကို ပြန်လည်ပုံဖော်လာတာနဲ့အမျှ နိုင်ငံတကာကစောင့်ကြည့်နေတဲ့ ရခိုင်ပြည်နဲ့ဆက်စပ်နေတဲ့ ပြဿနာတွေကို အေအေတပ်တော်ဖက်က လွှ မ်းမိုးဖို့ကြိုးစားပါလိမ့်မယ်။
အေအေအင်အားကြီးထွားလာရတဲ့နောက်ပိုင်း အ ကဲဖြတ်ချက်တွေအရ နိုင်ငံတကာဆက်ဆံရေးဟာ မရှိမဖြစ်ကို လို အပ်လာပါပြီ။အေအေဘက်က ကာ လတလျှောက်ဆက်ဆံရေးကောင်းတာဆိုလို့ တရု တ်ပဲရှိနေခဲ့ပြီး အခြားနိုင်ငံ တကာဆက်ဆံရေးစာ မျက်နှာကို ဖွင့်လှစ်ခဲ့တာမျိုးမရှိခဲ့ပါဘူး။
အစောပိုင်းသရုပ်ဖော်ထားမှုအတိုင်း အေအေဟာ မူးယစ်ဆေးဝါးမှောင်ခိုးလုပ်ငန်းတွေကို တရုတ်နဲ့ ပေါင်းစားလုပ်နေတယ်ဆိုတဲ့ အတွေးတွေဟာ သက် တမ်းကုန်လွန်သွားခဲ့ပါပြီ။
အဲသလိုပါပဲ ပြည်တွင်းငြိမ်းချမ်းရေးကို မတည်ငြိမ်အောင်ဖျက်လိုဖျက်ဆီးလုပ်နေတယ်ဆိုတဲ့ စွပ်စွဲချ က်တွေလည်း ခေတ်မမီတော့ပါဘူး။
အင်အားကြီးအုပ်စုတွေရဲ့အကူအညီအမှီအခိုကင်းမဲ့လာခဲ့ပြီးနောက် ၂၀၂၀မှာတော့ အေအေတပ်တော်ဟာ”တရုတ်ရဲ့ဖိအားကိုမတွန်းလှန်နိုင်ဘဲ ဩဇာမချေဖျက်နိုင်တဲ့ အနေအထားတိုးပွါးလာခဲ့တယ်”လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ SUN Yun ကပြောဆိုသုံးသပ်ထားပါတယ်။
အခြားတိုင်းရင်းသားလက်နက်ကိုင်တွေလိုပဲ အေအေဟာ သူတို့ရဲ့နိုင်ငံတ ကာကွန်ရက်ကိုချဲ့ထွင်ဖို့နဲ့ နိုင်ငံရေးမူဝါဒလမ်းစဉ်တွေကို နိုင်ငံတကာအသို င်းအဝန်းထံချပြဖို့လိုအပ်လာပါတယ်။
သေချာတာကတော့ အိမ်နီးချင်းဖြစ်တဲ့ အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်တို့နဲ့မဖြစ်မနေဆက်ဆံကောင်း ခိုင်ခိုင်မာမာရှိဖို့လိုအပ်လာပါတယ်။
”လွတ်လပ်ရေးဆိုတာ အမြင့်ဆုံးပန်း တိုင်တစ်ခုပါ သို့ပေမယ့် တရုတ်ရော အိန္ဒိယပါသူတို့ရဲ့နိုင်ငံထဲမှာ ပင်မဗဟိုကခွဲထွက်ခြင်းအတွက် အားပေးအားမြော က်လုပ်တယ်ဆိုတာ မှာယွင်းတဲ့အချပြနမိတ်သ ဘောကို ကိုင်စွဲထားကြပါတယ်။
ဘုံစနစ်ကိုသဘောတူလေ့ရှိတတ်တဲ့ အရှေ့တောင်အာရှ”အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ” ကလည်း ကြိုက် နှစ်သက်လိမ့်မယ်မဟုတ်။အေအေတပ်တော်အတွ က် ရှေးလာမယ့်စိန်ခေါ်မှုတွေကတော့ စိုးရိမ်စရာစရာ ကောင်းနေပါလိမ့်မယ်။
လေ့လာသုံးသပ်သူအများစုကတော့ အေအေတပ်တော်ရဲ့ရည်မှန်းချက်ဟာလက်တွေ့မှာ လုံးဝမဖြစ်နိုင်ဘူးလို့ ယူဆနေကြပါတယ်။
ဒါပေမယ့် ဒါတွေဟာ လွန်ခဲ့တဲ့ (၁၃) နှ စ်ကမှ စတင်ထူထောင်ခဲ့ချိန်မှာ လူတော်တော်များများလက်ခံအသိမှတ်ပြုဖို့ခက်ခဲခဲ့တဲ့ရက္ခိုင့်တပ်တော်အေအေပဲဖြစ်ပါတယ်။
Jacques P. Leider ရေးသားသည့် The Arakan Army, Rakhine State and the Promise of Arakan’s Independence ဆောင်းပါးကို မူရင်းအာ ဘော်မပျက် ဘာသာပြန်ထားပါသည်။
#BNA#AA#Arakan’sIndependence#JacquesP.Leider#
(ပြီး)
https://www.facebook.com/permalink.php?story_fbid=154197610355887&id=107469705028678