ရက္ခိုင့်တပ်တော်နှင့်ရက္ခိုင့်လွတ်လပ်ရေးအတွက် အလားအလားကောင်းများ (တတိယပိုင်း)

By Boder News Agency (BNA) / 2022 March  13

၂။ စိတ်ပျက်စရာ၊ဂုဏ်သိက္ခာအရှက်ရစရာတွေနဲ့ အပြောင်းအလဲအတွက် မျော်လင့်ချက်

အေအေကိုစတင်ထူထောင်ဖို့ ဆုံးဖြတ်လိုက်တာက သမိုင်းစာအုပ်ထဲက မြောက်ဦးဘုရင့်နိုင်ငံတော်ဟောင်း ဆွေးနွေးချက်တွေအကြောင်းရင်းခံနေလို့ တော်လှန်ခဲ့ကြတာတော့မဟုတ်ပါဘူး။သို့သော် ကြာလာတာနဲ့အမျှ ရခိုင်လူမျိုးတွေရဲ့ စိတ်ပျက်စရာတွေနဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ အရှက်ခွဲခံစားမှုတွေအုံကြွဖိစီးမှုတွေက စုစည်းဖို့တွန်းအားတွေဖြစ်လာခဲ့ပါတယ်။

ရခိုင်လူမျိုးတွေရဲ့ခေါင်းမဖော်နိုင်အောင် စိတ်အ နှောင့်အယှက်ပေးခံရမှုတွေ၊စီးပွါးရေးအဟန့်အ တားတွေဟာ ဒုတိယကမ္ဘာစစ်ပြီးကတည်းကပင် ကို လိုနီလက်အောက်အုပ်ချုပ်ခံရတဲ့ အဓိကအကြောင်း ရင်းတွေကိုအခြေခံပါတဲ့အပြင် ဗမာစစ်တပ်ရဲ့စစ်အာဏာရှင်အုပ်ချုပ်ရေးစနစ်တွေကိုလဲ အခြေခံပါတယ်။

သို့ပေမယ့် အေအေတပ်တော် ကြီးထွားလာရခြင်းရဲ့ အဓိကအကြောင်းအရင်းများစွာတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုထဲမှာပိုပြီးအကြောင်းရင်းခံတယ်လို့ဆိုရမှာပါ။

၂၀၁၅ခုနှစ် စစ်တမ်းတွေအရကြည့်မေဆိုရင် ရခိုင် ပြည်နယ်တစ်ခုလုံးကြုံနေရတဲ့ စိန်ခေါ်မှုပြဿနာပေါင်းစုံ တွေကိုတွေ့နေရပြီး ဆင်းရဲမွှဲတည်မှုမြင်းမားတာရယ်၊အလုပ်အကိုင်၊အစားအသောက်နဲ့သက်မွေးဝမ်းကျောင်းဆိုင်ရာ မလုံလောက်တာအပြင် အ ရည်အသွေးမှန်ကန်တဲ့ ပညာရေးနဲ့ ကျန်းမာရေးဆိုင် ရာအဆင့်အတန်းလျော့နည်းတာတွေနဲ့ သမိုင်းတလျှောက် အခြေခံအ ဆောက်အဦးနဲ့လူသားအရင်းမြစ်တည် ဆောက်မှုအတွက် ဘဏ္တာငွေဘတ်ဂျက်အခွင့်အရေးပေးခြင်းခံရတာမျိုးမရှိတာတွေကအဓိ ကကျနေပါတယ်။

ဗုဒ္ဓဘာသာနဲ့မူဆလင်တွေဟာ တဖက်နဲ့ တဖက် အပြစ်တွေပုံချနေကြရင်းအ ချိန်တွေကုန်လွန်ခဲ့ပါတယ်။ ၂၀၁၁ခုနှစ်အတွင်းမြန်မာနိုင်ငံက တံခါးဖွင့်ဝါဒကျင့်သုံးလိုက်တာက တစ်ဖက်နဲ့တစ်ကြားကြား အခြေအနေတွေကိုပိုမိုဆိုးဝါးလာစေပါတယ်။

ငါးသယံဇာတလျော့နည်းအောင်ထိနိုင်ငံခြားကငါးဖမ်းလှေကြီးတွေခိုးဝင်ပြီး ရခိုင့်ရေပိုင်နက်ထဲကနေဝင်ရောက်ပြီး အုံလိုက်ကျင်းလိုက်ငါးဖမ်းကြတာတွေ ဒေသဖွံ့ဖြိုးရေးအတွက် အကျိုး အမြတ်မရှိဘဲဖြစ်ခဲ့ရပါတယ်။

ထို့အတူရှိရင်းစွဲ ရခိုင်ပြည်တွင်းက သဘာဝဓာတ်ငွေ့ ထုတ်ယူမှုတွေကလည်း ဘာဖွံ့ဖြိုးမှုကိုမှ လက်ကိုင်မပြနိုင်ခဲ့ပါဘူး။တပြိုင်နက်တည်းမှာ ဒေသရဲ့ မဟာ ဗျူဟာမြောက်အရေးပါမှုတွေက တရုတ်အတွက်လိုအပ်ချက်ဖြစ်လာခဲ့ပြီး ဘဂ်လားပင်လယ်အော်ထဲက ရေနံနဲ့ သဘာဝဓာတ်ငွေ့ တွေကို တရုတ်ယူနန်ထိတင်ပို့ဖို့ အထိခြေလှမ်းတိုးချဲ့ လာနိုင်ခဲ့ပါတယ်။

ဒီအပြင် ကျောက်ဖြူမှာရှိတဲ့ အထူး စီးပွားရေးဇုန်တစ်ခုအတွက် တရုတ် ရင်းနှီးမြှုပ်နှံသူတွေရဲ့ စီမံ ကိန်းကို ဒေသခံတွေက သံသယအမြင် ဖြင့်ကြည့်နေခဲ့ကြပါတယ်။

ထောင်သောင်းမကချီတဲ့ ရခိုင်လူမျိုးတွေဟာ အလု ပ်အကိုင်ရဖို့အတွက် ရန်ကုန်ဖက်ကိုပြောင်းရွှေ့ခဲ့ကြသလို ကချင်က ကျောက်စိမ်းတွင်းတွေမှာ လုပ်ကိုင်ဖို့နဲ့ မလေးရှား၊တရုတ်နဲ့ထိုင်းနိုင်ငံက စက်ရုံတွေမှာအလုပ်လုပ်ကိုင်ဖို့ ရွှေ့ ပြောင်းလာခဲ့ကြပါတယ်။

သို့တိုင်အောင်နယ်ခြားမြေခြားမှာ ရှာဖွေကြတဲ့ သူတို့ရဲ့အိမ်ပို့ငွေတွေဟာ ရခိုင်ဒေသမှာကျန်ရစ်ခဲ့တဲ့မိသားစုတွေကို ဆင်းရဲတွင်းကဆွဲမထုတ်နိုင်ခဲ့ကြပါဘူး။ရွှေ့ပြောင်းအလုပ်သမားတွေဟာ အေအေအင်အားစုဆောင်းနိုင်ဖို့ အရေးပါလာခဲ့ပါတယ်။

ပြင်ပကလာတဲ့သူတွေကို မယုံကြည်ကြတာမို့ ရခိုင်လူမျိုးတွေကို နိုင်ငံခြားသားမုန်းတီးသူတွေလို့ကင်းပွန်းတပ်ခေါ်ဆိုခဲ့ကြပါတယ်။ဒီအပြင် မကြာခဏဆိုသ လိုပွင့်ပွင့်လင်းလင်း လူမျိုးရေးခွဲခြားတဲ့ ဆန္ဒပြမှုတွေကိုပြုလုပ်လေ့ရှိကြပြီး ရိုဟင်ဂျာကြောက်ရွှံ့မုန်းတီးတဲ့ အဆိုးမြင်စိတ်တွေလွှမ်းမိုးနေခဲ့ကြပါတယ်။ ရလဒ်ကတော့ ရိုဟင်ဂျာအရေးကို အလေး ထားဆောင်ရွက်နေကြတဲ့ နိုင်ငံတကာအသိုင်းအ ဝိုင်းတွေရဲ့ ဘေးဖယ်မှုကိုခံခဲ့ရပါတယ်။

ဆင်းရဲနိမ့်ပါးတဲ့မူဆလင်တွေကို လူ သားချင်းစာနာထောက်ထားရေးဆိုင်ရာ အကူညီပေဖို့အတွက် နိုင်ငံတကာအန်ဂျီအိုအဖွဲ့အစည်းတွေဟာ ယူအန်ရဲ့ကုလသမ္မဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ ၁၉၉၀ခုနှစ်ကတည်းစတ င်ပေါ်ပေါက်လာခဲ့တာကို သံသယတွေကြီးထွားလာခဲ့ကြပါတယ်။

တကယ်တော့ ပြည်မဖက်ကိုထွက်ပြေးကြတဲ့ မူဆ လင်လူမျိုးတွေဟာ အမြဲတ မ်းလိုလိုပြန်လည်ပို့ ဆောင်ခြင်းခံခဲ့ရပြီး မူဆလင်လူမျိုးတွေဟာလည်းဆင်းရဲလွန်းတဲ့ ဗုဒ္ဓဘာသာတွေရဲ့ အနီးကပ်လစ်လျူရှူခံခဲ့ရတာပင်ဖြစ်ပါတယ်။

မကျေနပ်မှုတွေမီးတောက်လောင်ခဲ့ကြတာကတော့ ၂၀၁၂ခုနှစ်ထဲမှာပါ။ ၂၀၁၃၊ ၂၀၁၄ တောက်လျှော က် ရခိုင်ပြည်သူတွေဟာ မြန်မာနိုင်ငံရဲ့ အစ္စလာမ်မှုန်းတီးရေး ကျူးလွန်သူတွေအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ရခိုင်နဲ့ဗမာလူမျိုးနှစ်ရပ်စလုံးဟာ ဗုဒ္ဓဘာသာ ကိုး ကွယ်မှုနဲ့ယဉ်ကျေးမှုတူညီမှုအခြေခံရှိပေမယ့် မတူ ညီတဲ့လူမျိုးစုကြားက အမြင်တွေကို မီဒီယာတွေကလည်းဖော်ပြတာခဲယဉ်းခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာတော့ အခြေအနေကဆိုးသထက်ဆိုးလာခဲ့ကြပြီး စစ်တွေမှာအခြေစိုက်တဲ့ ယူအန်ရုံးတွေတောင်ဆူပူအကြမ်းဖက်မှုထဲကပင် တိုက်ခိုက်ခံခဲ့ရပါတယ်။လူအုပ်စုတွေအကြားဝါဒဖြန့်ချီမှုတွေနဲ့ အစွန်းရောက်အောင်တိုက်ထုတ်ခိုင်းမှုတွေဟာ ဗမာအာဏာပိုင်တွေက မကြာခဏဆိုသလိုနောက်ကွယ်က အသုံးချနေကြောင်း ရခိုင်မျိုးချစ်သမားတွေက ထင်လာခဲ့ကြပါတယ်။

မြန်မာနိုင်ငံအပြင်ကမ္ဘာဖက်မှာတော့ ရိုဟင်ဂျာလူ မျိုးတွေအတွက် စိုးရိမ်စရာကောင်းတဲ့ ယူဆချက်တွေပိုမိုများပြားလာခဲ့ပြီး ၂၀၁၇ခုနှစ်က ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက်ထွက်ပြေးတိမ်း ရှောင်ခံရပြီး လူမျိုးတုန်းသတ်ဖြတ်ရေးအတွက် အစိုးရက ကျူးလွန်တဲ့ စွပ်စွဲချက်တွေရှိလာခဲ့ပါတယ်။

သို့တိုင်အောင် ယင်းကိစ္စနဲ့ပက်သက်ပြီး ရခိုင်တွေရဲ့ စိုးရိမ်မှုကမရှိသလောက်နည်းခဲ့ပါတယ်။ ၂၀၁၂ခုနှစ်နောက်ပိုင်း နှစ်ဖက်အသိုင်းအဝန်းတွေဟာ ပြသနာဆူပူမှုတွေနဲ့  မလုံခြုံမှုတွေကြားမှာ စိုးရိမ်ကြော င်းကြစိတ်တွေနဲ့ ရှင်သန်နေထိုင်ခဲ့ရပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နှစ်ဖက်စလုံးကိုကာကွ ယ်ပေးဖို့ပျက်ကွက်ခဲ့ရတယ်လို့ ခံစားခဲ့ရပါတယ်။ နိုင်ငံခြားပြင်ပကမ္ဘာထဲမှာ ရခိုင်လူမျိုးတွေကို ကာကွယ်ပေးဖို့ အတွက် လော်ဘီလုံ့ဆော်သူမရှိသေး တာကြောင့် အေအေတပ်တော်အနေနဲ့ မကျေနပ်ချက်စိတ်ခံစားမှုတွေကို ကာကွယ်ပေးဖို့ ကတိပေးလာခဲ့ပါတယ်။

ဒီမိုကရေစီမျော်လင့်ချက်အသွင်ကူးပြောင်းရေးမှာ ရေစုန်မျောသွားချိန်မှာတော့ ရခိုင်တွေရဲ့ ခါးသီးမှုဒဏ်ရာတွေက ပိုမိုကြီးထွားလာခဲ့ကြပါတယ်။

၂၀၁၄ခုနှစ်မှာ ရခိုင်အမျိုးသားပါတီ (အေအန်ပီ)ကို ရခိုင်ပြည်တောင်နဲ့မြောက်ပိုင်းက နိုင်ငံရေးသမားတွေလက်တွဲပေါင်းစပ်ခဲ့ကြပါတယ်။ သို့ပေမယ့် အေအန်ပီပါတီရဲ့ အောင်မြင်မှုက (၂၀၁၅ နိုဝင်ဘာ) ရွေးကောက်ပွဲရလဒ်ကြီးထွားသည့်တိုင် အုပ်ချုပ်ရေးရနိုင်ဖို့ ပါဝါအင်အားမရှိခဲ့ပါဘူး။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ရာထူးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် အန်အလ်ဒီပါတီက ရွေးချယ်ခန့်အပ်ခဲ့ပါတယ်။အေအန်ပီပါတီရဲ့အရင်ဥက္ကဌဖြစ်သူ ဒေါက်တာအေးမောင်က ရခိုင်လူမျိုးတွေကို ဗမာလူမျိုးတွေက အမြဲတမ်းကျွန်ပြုဖို့ စဉ်းစားနေခဲ့ပြီး တန်းတူညီမျှမှုမရဘဲ လက်နက်ကိုင်လမ်းစဉ်သာ အမှန်ကန်ဆုံးဝါဒလို့ ပြောလိုက်ခြင်းကြောင့် နိုင် ငံတော်ပုန်ကန်မှုနဲ့ လုံဆော်မှုဆိုပြီး ၂၀ ၂၂မတ်လမှာ ထောင်ဒဏ် ၂၂ချမှ တ်လိုက်ပါတယ်။

ရလဒ်ကတော့ အေအေတပ်တော်သည်သာ ရခိုင်လူမျိုးတွေရဲ့ခိုလုံရာ ရင်ခွင်နန်းတော်ဖြစ်လာခဲ့ပါတယ်။

စစ်အစိုးရနဲ့ အစိုးရဟောင်းရဲ့ အေအေတပ်တော်ကို ၂၀၁၃ ကနေ ၂၀၂၀အထိ ကန့်ကွက်ရှုံချမှုတွေဟာ စိတ်ပျက်စရာတောက်လျှောက်ဖြစ်ခဲ့ရပါတယ်။ သူတို့ရဲ့ အေအေကို မဟာမိတ်တွေရဲ့ နယ်မြေက အပြီးပိုင် မောင်းထုတ် အမြစ်ပြတ်ဖို့ အစီစဉ်တွေကအဓိ ပ္ပါယ်ကင်းမဲ့လွန်းခဲပါတယ်။ ၂၀၁၃ခုနှစ်မှာ သမ္မတဟောင်းဦးသိန်းစိန်အစိုးရကိုယ်တိုင်ကပင် အေအေတပ်တော်ကို အပစ်ခတ်ရပ်စဲရေးသဘောတူဆွေး နွေးပွဲထဲ ငြင်းဆန်ခဲ့ပြီး အေအေတပ်တော်က ရခိုင်ပြည်မှာမရှိဘဲ လိုင်ဇာမှာအခြေချတယ်လို့ အကြော င်းပြချက်ပေးခဲ့ပါတယ်။ 

၂၀၁၆မှာတော့ အေအေကို အမြစ်ပြတ်သုတ်သင်ဖို့ မြန်မာစစ်တပ်ကကြေငြာခဲ့ပါတယ်။ ထင်သလိုဖြစ်မလာခဲ့ဘဲ ၂၀၁၉ဇူလိူင်မှာတော့ အေအေကို ARSA အကြမ်းဖက်တွေနဲ့ဆက်စပ်တယ်ဆိုပြီး အကြမ်း ဖက်လုပ်ရပ်တွေလုပ်တယ်လို့ စွပ်စွဲကာ လိုင်ဇာဖက်ကို ပြန်ပြောင်းဖို့ပြောခဲ့ပါတယ်။

၂၀၂၀ခုနှစ်မတ်လမှာတော့ အစိုးရကအေအေကို အကြမ်းဖက်အဖွဲ့အစည်းလို့ကြေငြာခဲ့ပြီး ကေအိုင်အေ အနေနဲ့ အေအေကို လိုင်ဇာကနေမောင်းထုတ်သင့်တယ်လို့ အလိုရှိခဲ့ပါတယ်။နှစ်လအကြာမှာပဲ အန်အလ်ဒီအစိုးရကိုယ်တိုင် အေအေကို ရခိုင်ဒေသမှာ ကိုဗစ် -၁၉ တားဆီးကာကွယ်ရေးအတွက်ပူး ပေါင်းဖို့ကမ်းလှမ်းခဲ့ပါတယ်။

မဟာဗျူဟာမြောက်နိုင်ငံရေးအသိအ မှတ်ပြုခံရမှုတွေနဲ့ အေအေရပ်တည် ချက်က ခိုင်မာနေဆဲဖြစ်ပြီး တစ်နှစ်အကြာမှာတော့ စစ်အာဏာသိမ်းလိုက်တဲ့ စစ်ကောင်စီက ယခင်ကစစ်တပ်ရော အစိုးရရော သတ်မှတ်ခဲ့တဲ့ အေအေတပ်တော်အပေါ် အကြမ်း ဖက်အဖွဲ့အစည်းကဖယ်ရှားကြောင်း ကိုကြေငြာထုတ်ပြန်ခဲ့ပါတယ်။

ကျန်အပိုင်းများကို ဆက်လက်ဖော်ပြသွားပါမယ်။

Jacques P. Leider ရေးသားသည့် The Arakan Army, Rakhine State and the Promise of Arakan’s Independence ဆောင်းပါးကို မူရင်းအာဘော်မပျက် ဘာသာပြန်ထားပါသည်။

https://www.facebook.com/permalink.php?story_fbid=153154290460219&id=107469705028678

Leave a Reply

Your email address will not be published.