By Boder News Agency (BNA) / 2022 March 12

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT)အနေနဲ့ စုစည်းအားကောင်းနေမှုတွေကိုအဆုံးသတ်သွားပြီး တိုင်းရင်းသားလက်နက် ကိုင် (EAOs) ရှစ်ဖွဲ့တည်းသာ အပစ်ခတ်ရပ်စဲရေးဆိုင်ရာစာချုပ်ကိုသဘော တူခဲ့ပါတယ်။
အဲဒီသဘောတူစာချုပ်(NCA) ကို ၂၀၁၅ အောက်တို ဘာလ ၁၅ ရက်နေ့မှာလက်မှတ်ရေးထိုးခဲ့ကြပါတ ယ်။ငြင်းပယ်ခံရမှုတွေကြားထဲက ရက္ခိုင့်တပ်တော် (AA)၊မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တ ပ်မတော် (MNDAA )နဲ့ တာအောင်းအမျိုးသားလွတ် မြောက်ရေး ( TNLA)တပ်မတော်တို့က နိုင်ငံရေးဆွေးနွေးဖို့ စားပွဲဝိုင်းထိုင်အဖြေရှာဖို့ တောင်းဆိုလိုက်ကြသေးပါတယ်။
၂၀၁၆ခုနှစ်လယ်ပိုင်းမှာပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ်ပင်လုံညီလာခံမှာတော့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အဖွဲ့စုံစုံလင်ပိုပြီးပါဝင်လာစေဖို့ ကတိပေးခဲ့ပါတယ်။
ဒါပေမယ့်အေအေတပ်တော်နဲ့မဟာမိတ်တွေဟာ နောက်ထပ်တဖန်ငြင်းပယ် ခံခဲ့ရပါသေးတယ်။၂၀၁ ၆ခုနှစ် နိုဝင်ဘာလမှာတော့ အေအေတပ်တော်နဲ့ မ ဟာမိတ်အဖွဲ့တို့ဟာ မြောက်ပိုင်းမဟာမိတ်ညီနောင်များအဖွဲ့ Northern Brotherhood Alliance (NBA) ကို အေအိုင်အေတပ်မဟာ (၄)တပ်မဟာ (၆) တို့နဲ့အတူစတင်ဖွဲ့စည်းခဲ့ပြီး ပြင်းထန်လှတဲ့ ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲတွေမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။
သို့ပေမယ့် တရုတ်-မြန်မာနယ်စပ်တွင် တိုက်ပွဲပြင်း ထန်တာတွေကြောင့် တရုတ်အစိုးရက စစ်ပွဲရပ်တန့်ဖို့ မြန်မာအ စိုးရကိုဖိအားပေးခဲ့ပါတယ်။ဒီအပြင်အ ပစ်ခတ်ရပ်စဲရေးဆိုင်ရာ ငြိမ်းချမ်းရေးလုပ်ဆောင် ချက်တွေကိုကန့်ကွက်နေတဲ့တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေကိုလည်း ဒုတိယအကြိမ်ပင်လုံညီလာခံမှာ လက်ခံပေးဖို့ အစိုးရကို တွန်းအားပေးခဲ့ပါတယ်။
အသစ်ဖွဲ့စည်းထားတဲ့ ”ဝ” ပြည်သွေး စည်းညီညွတ် ရေးတပ်မတော်(UWSA) ဦးဆောင်ပြီး တိုင်းရင်း သားလက်နက်ကိုင်(၇)ဖွဲ့ ပါဝင်သော ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနိုင်းရေးကော်မတီ Federal Political Negotiation and Consultative Committee (FPNCC) အဖွဲ့ဝင်အနေနဲ့ အေအေတပ်တော်က စိတ်မပါသလို တက်ရောက်ခဲ့ပါသေးတယ် ။နိုင်ငံရေးအရအချည်းနှီးဖြစ်နေခဲ့ပေမယ့်အေအေတပ်တော်တက်ရောက်မှုကို အသိအမှတ်ပြုခဲ့ကြပြီး တချိန်တည်းမှာပင် စစ်တပ်ကမူ အေအေကို အမြစ်ဖြုတ်ချေမုန်း ဖျက်ဆီးပစ်ရန် လူသိရှင်ကြားကြေ ငြာခဲ့ပါတယ်။
၂၀၁၈ခုနှစ် ဇူလိူင်မှာပြုလုပ်ခဲ့တဲ့ တတိယအကြိမ်ပင်လုံညီလာခံမှာတော့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနိုင်းရေးကော်မတီ Federal Political Nego tiation and Consultative Committee (FPNCC)အနေနဲ့ ၎င်းရဲ့ နိုင်ငံရေးဆွေးနွေးချက် ချည်းကပ်နည်းလမ်းအရ အကာကွယ်ပေးခဲ့ပါတယ်။သို့ပေမယ့် ၂၀ ၂၀ သြဂုတ်လမှာပြုလုပ်တဲ့ လေးကြိမ်မြောက်ညီလာခံမှာတော့ ဆက်ဆံရေးတွေဆိုးဝါးသွားခဲ့ပြီး ပြည်ထောင်စုနိုင် ငံရေးဆွေးနွေးညှိနိုင်းရေးကော်မတီအဖွဲ့ဝင်တွေ(FPNCC)ဟာဖိတ်ကြားခြင်းမခံရတော့ပါဘူး။
အဲဒီအချိန်ကစပြီး အေအေကိုအကြမ်းဖက်အဖွဲ့အစည်းလို့ကြေငြာခဲ့ပြီး အေအေတပ်တော်ရဲ့အင် အားတိုးချဲ့မှုတွေနဲ့ စစ်ရေးလှုပ်ရှားတာတွေများပြားလာခဲ့သလို ရခိုင်ပြည်တွင်းစစ်ကြီးလည်းအရှိန်ရလာခဲ့ပါတယ်။
မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်တည်မှုနဲ့ FNCC မှာပါဝင်မှုတွေက နိုင်ငံရေးအရ မြင်သာထင်သာမှု၊သံတ မန်ရေးရာ အကာကွယ်ပေးခံရမှု၊စုစ ည်းတည်ငြိမ်မှုတွေနဲ့ လက်တွေကျတဲ့ လုံခြုံရေးအထောက်အပံ့တွေကို လိုင်ဇာက အေအေတပ်တော်ဌာနချုပ်တည် နေရာနဲ့ စစ်ရေးလေ့ကျင့်ရေးနယ်မြေတွေက ရရှိခဲ့ပါတယ်။
၂၀၁၅ခုနှစ် မတ်လနှောင်းပိုင်း ပလက်ဝနဲ့ကျောက်တော်မြို့အနီးက မြန်မာစ စ်တပ်နေရာကြဲချထားတာတွေကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ချိန်ကစပြီး အေအေတပ်တော်ရဲ့ တိုက်ခိုက်စွမ်းရည်ဟာ ပိုမိုလူသိရှင်ကြားဖြစ်လာခဲ့ပါတယ်။
မြန်မာစစ်တပ်ထံကလက်နက်မျိုးစုံကိုသိမ်းဆည်းနိုင်ခဲ့ပြီး အနီးအနားကျေး ရွာတွေဆီဖြန့်ကြဲပြီး အချိန်မီဆုတ်ခွါမှုတွေကိုပါလုပ်နိုင်ခဲ့ကြပါတယ်။
တကယ်တော့ဘက်စုံကိစ္စပြီးမြောက်နိုင်အောင်ထိ မဟာဗျူဟာမြောက်မှုက အ င်မတန်ကောင်းမွန်ခဲ့ပါတယ်။တဆက်တည်းမှာပင် ၂၀၁၅နိုဝင်ဘာရွေး ကောက်ပွဲ နဲ့ ၂၀၁၆ နွေဦးမှာတော့ ပိုမိုအရေးပါတဲ့ ညှိနိုင်းမှုတွေကျိုးပဲ့သွားခဲ့ရပါတယ်။
မြန်မာစစ်တပ်က အမြစ်ဖြတ်ချေမှုန်းဖို့ကြေငြာလိုက်ချိန်မှာတော့ အေအေအနေနဲ့စစ်ရေးပြင်ဆင်မှုကောင်းကောင်းလုပ်ထားခဲ့ပြီးဖြစ်ကြောင်း လူထုဆက်သွယ်ရေးကမ်းပိန်းတစ်ခုအနေနဲ့ လူမှုမီဒီယာတွေပေါ်မှာ ကောင်းကောင်းပြင်ဆင်ထားပြီးဖြစ်ပါတယ်။
နှစ်ကလအနည်းငယ်အတွင်းမှာပဲ အေအေတပ်တော်တပ်ဖွဲ့တွေဟာ မြောက်မှတောင်သို့ နယ်မြေတိုးချဲ့နိုင်ခဲ့ပြီး မဟာ ဗျူဟာမြောက်သော ကုလားတန်မြစ် ကြောင်းတစ်လျှောက်အသုံးချကာ ဖြတ်တောက်တိုက်ခိုက်မှုတွေပြုလုပ်လိုက် တစ်ရွာဝင်တစ်ရွာထွက်ဆုတ်လိုက်တိုက်လိုက် မရပ်မနားဘဲ ရပ်ဝေးအခြေ စိုက်တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြတာလည်းဖြစ်ပါတယ်။
၂၀၂၁ခုနှစ်အရောက်မှာတော့ အေအေတပ်တော်ရောက်ရှိနေတဲ့အခြေအနေကပိုမိုအင်အားခိုင်မာလာခဲ့ကြောင်းယုံကြ ည်လာခဲ့ကြပြီးဖြစ်ရာ ရခိုင်ပြည် နယ်တွင်း (၁၇)မြို့နယ်ထဲက (၁၆)မြို့နယ်လောက်မှာ အနည်းဆုံး အခြေအနေအ တိုင်းအတာကောင်း တစ်ခုသို့ရောက်ရှိလာခဲ့ကြပြီဖြစ်ပါတယ်။
အစောပိုင်းကာလမှာတော့ အေအေတပ်တော်ရဲ့ အင်အားကြီးထွားလာမှုတွေဟာ အသိမှတ်ပြုခံခဲ့ရတာတော့မဟုတ်ပါဘူး။
၂၀၁၇-၂၀၁၈ ကာလတွေမှာ နောက် ပိုင်း ARSA လို့လူသိများတဲ့ Harakah al-Yaqinအဖွဲ့ က မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ်တွေမှာ အစိုးရတပ်တွေကို အသေ အပျောက်များအောင်တိုက်ခိုက်နေတဲ့ ခေါင်းစဉ်သ တင်းတွေအောက်မှာပဲ အရိပ်ပုန်းကွယ်ခဲ့တာပါ။
သို့ပေမယ့် ၂၀၁၇ခုနှစ်စက်တင်ဘာလမှာတော့ မြန် မာစစ်တပ်က ထောင်သောင်းချီတဲ့ ရိုဟင်ဂျာမူဆလင်တွေကို ဘင်္ဂလားဒေရှ့်နယ်နမိတ်ထဲသို့ဝင်ပြေးအော င်အထိ အညာအတာကင်းမဲ့တဲ့ နယ်မြေရှင်းလင်းစစ်ဆင်ရေးဆင်နွှဲခဲ့ပါတယ်။
တပြိုင်နက်တည်းမှာပဲ မြန်မာစစ်တပ်ကလည်းအေအေတပ်တော်ရဲ့ ရဲရဲဝံ့ဝံ့ချီတက်တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်ခဲ့ပါတယ်။
၂၀၁၈ ဇန်နဝါရီလ မြောက်ဦးမှာ ဘုရင့်နိုင်ငံတော်ကျဆုံးနေ့အခမ်းအနားပွဲမလုပ်ရဘဲ ဖျက်သိမ်းခဲ့ရတာကို ဆန္ဒပြကန့်ကွက်ကြတဲ့ လူငယ်တွေကို ရဲတပ် ဖွဲ့ဝင်တွေကပစ်ခတ်ခဲ့တာကြောင့် တင်း မာမှုကအမြင့်ဆုံးအခြေအနေကိုရောက်ရှိသွားခဲ့ပါတယ်။
တကယ်တော့ ၂၀၁၅ခုနှစ်လောက်ကစပြီး အေအေတပ်တော်နဲ့ ဆက်စပ်တယ်ဆိုပြီး လူရာနဲ့ချီပြီးအဖမ်းခံခဲ့ရပါတ ယ်။
အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်တွင်လည်း တိုက် ခိုက်မှုများစွာ ဖြစ်ပွားခဲ့ပြီး အေအေက ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်း (အိန္ဒိယ -မြန်မာ)ကို နှောင့်ယှက်ဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။
၂၀၁၉-၂၀၂၀ခုနှစ်တွေမှာတော့ မရပ်မနားဘဲ တိုက် ပွဲတွေဆက်တိုက်ဆိုသလိုပြင်းထန်ခဲ့ပါတယ်။မြန် မာစစ်တပ်ရဲ့ မီးကုန်ယမ်းကုန်ထုတ် တိုက်ခိုက်မှုအ ဖြစ်လေကြောင်းကနေစစ်ဆင်ရေးနွှဲခဲ့ပေမယ့် အေအေတပ်တော်ရဲ့ တိုက်ခိုက်ချေမှုန်းချက်တွေကိုတော့ မတွန်းလှန်နိုင်ခဲ့တဲ့အပြင် သေဆုံးခဲ့တဲ့တပ် သားအရေအတွက်မှာလည်းများပြားခဲ့ပါတယ်။
၂၀၁၉ ဇွန်လကနေ ၂၀၂၀အောက်တိုဘာအထိတို က်ပွဲကာလအတွင်း နေရပ်စွန့်ခွါစစ်ဘေးရှောင်သူဦးရေ ခန့်မှန်း ခြေ(၄၆,၀၀၀)ကနေ (၂၂၀,၀၀၀) အ ထိမြင့်တက်လာခဲ့ပြီး များစွာသောလယ်ယာ စိုက် ပျိုးမြေတွေများစွာဟာ တိုက်ပွဲကြောင့်ချန်ထားခဲ့ရပါတယ်။
၂၀၁၉ခုနှစ်မှာရခိုင်လူမျိုး ရပ်/ကျေး အုပ်ချုပ်ရေးမှုးတွေအစုလိုက်အပြုံလိုက် နုတ်ထွက်စာတင်ခဲ့ကြပါတယ်။
ဒီအပြင် ရခိုင်ဒေသတွင်း အင်တာနက်ဖြတ်တောက်မှုကို အချိန်ကြာမြင့်စွာခံခဲ့ရပြီး ဒါဟာ ကိုဗစ်-၁၉ ရောဂါတွေထူလာချိန် ၂၀၂၀မှာတော့ သက်ရောက်မှုဒဏ်ကောင်းကောင်းခံခဲ့ရပါတယ်။
၂၀၂၀ နိုဝင်ဘာ (၈) ရက်ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲကျင်းပရေးကော်မရှင်တွေက ရခိုင်ပြည်က မြို့တချို့မှာ လုံခြုံရေးအကြောင်းပြချနဲ့ မကျင်း ပဖို့ ကြေငြာခဲ့သော်လည်း အေအေတပ်တော်က တ ဖက်သတ်အပစ်ခတ်ရပ်စဲကြောင်းနဲ့ ယင်းနေရာများတွင်ရွေးကောက်ပွဲကိုဆက်လက်ကျင်းပဖို့ တောင်းဆိုခဲ့ပါသေးတယ်။
အစိုးရနှင့်မတူဘဲ စစ်ပန်းနေတဲ့စစ်တပ်အနေနဲ့ အဆိုပြုချက်တွေကို ကြိုဆိုခဲ့ပြီး ပြည်တွင်းနေရပ်စွန့်ခွါတွေ ပြန်လာခြင်းနဲ့ အလွတ်သဘောအပစ်အခ တ်ရပ်စဲရေးကိစ္စရပ်တွေ နိဂုံးချုပ်ရေးစတဲ့ အနေထားတွေအတွက်အလျော့ပေးခဲ့ပါသေးတယ်။
အပစ်ခတ်ရပ်စဲမှုတွေက နောက်ဆုံးစစ်အာဏာသိမ်းထားတဲ့ စစ်အစိုးရလက် ထက်တိုင်တည်မြဲနေခဲ့ပါတယ်လို့ဆိုရမှာပါ။သို့ပေမယ့် အာဏာသိမ်းစစ်တပ် နဲ့ ဖြုတ်ချခံအစိုးရနှစ်ရပ်စလုံးအတွက်တော့ ရခိုင်ပြည်မှာ စာနာထောက်ထားမှုတွေ အနည်းငယ်သာရှိခဲ့ပါတယ်။
ကနဦးအနေနဲ့ အေအေတပ်တော်ဖက်က နှစ်ဖက်ခွကစားခဲ့တယ်လို့ ဆိုရမှပါ။တဖက်မှာလည်း စစ်တပ်ကိုခုခံတွန်းလှန်နေတဲ့ ”ပြည်သူ့ဒီမိုကရေစီတပ်ဖွဲ့ဝင်တွေ”ဖက်က သူတို့ရဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေနဲ့ အတူတကွ ထောက်ခံရပ်တည်ကြောင်းပြသခဲ့ပါတယ်။
၂၀၂၁ ခုနှစ်မှာတော့ ရခိုင်ပြည်ရဲ့အတော်အတန် တ ည်ငြိမ်မှုတွေဟာ အေအေတပ်တော်ကို ၎င်းရဲ့နိုင်ငံတည် ဆောက်ရေးစီမံကိန်းကို အကောင်အထည် ဖော်ဖို့ အခွင့်အရေးပေးခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာ အေအေရဲ့ နိုင်ငံရေးလက်ရုံးဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်ဖြစ်တဲ့ (United League of Arakan, ULA) ကိုဖွဲ့စည်းထူထောင်ခဲ့ပါတယ်။
ဒီအပြင် ၂၀၁၉ ဒီဇင်ဘာလမှာတော့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အခွန်စတင်ကောက်ခံဖို့အတွက် ရက္ခိုင်ပြည်သူ့အာဏာပိုင် (Rakhine People’s Authority) ကိုစတင်ဖွဲ့စည်းခဲ့ပါတယ်။
၂၀၂၁ သြဂုတ်လမှာတော့ ULA ယူအဲလ်အေဖက်က ကျေးလက်ဒေသတွေမှာ ကိုယ်ပိုင်တရားစီရင်ရေး လုပ်ငန်းတွေကိုအကောင်အထည်ဖော်နေပြီလို့ကြေ ငြာခဲ့ပါတယ်။
အေအေဖက်က ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးနှိမ်နင်းရေးလုပ်ဆောင် ချက်တွေနဲ့ အရက်ဆန့်ကျင်တားမြစ်ရေး ကဏ္ဍတွေကို တွန်းတွန်းတိုက်တို က်ပါဝင်ဦးဆောင်ခဲ့ပါတယ်။
၂၀၂၁ သြဂုတ်လမှာတော့ ကျန်းမာရေးကော်မတီတစ်ရပ်ကိုလည်း ရွယ်ရည်ချက်ရှိရှိဖွဲ့စည်းပေးခဲ့ပါတယ်။လိုအပ် ချက်များပြားလှတဲ့ ပြည်သူအုပ်ချုပ်ရေးနယ်ပယ်အတွက် သင်တန်းပေးအ စီအစဉ်တွေကိုလည်း ဒေသနယ်မြေတွေအတွင်းစတင်ခဲ့ပါတယ်။
သို့ပေမယ့် အေအေအုပ်ချုပ်မှုတချို့ဟာ ဒေသတွင်းမှာ အရည်အချင်းကင်းမဲ့နေသေးတယ်လို့ ဝေဖန်ခံရတာတော့ရှိပါတယ်။အထူးသဖြင့် မြေယာပိုင်ဆို င်မှု အငြင်းပွါးဖွယ်ကိစ္စရပ်တွေကတော့ အင်မတန်ထိလွယ်ရှလွယ်တဲ့ အမှုတွေဖြစ်ပါတယ်။
သို့ပေမယ့် တဖက်မှာ အကောင်းဖက်ကတိုးတက်မှုတွေအနေနဲ့ ဗုဒ္စဘာသာ-မူဆလင်ဆက်ဆံရေးဟာ ၂၀၁၉နှစ်ကစပြီး တိုးတက်ကောင်းမွန်လာခဲ့ပါတယ်။
လူမှုပေါင်းစည်းမှုကိုပြသတဲ့အနေနဲ့အေအေဖက်က မူဆလင်ရွာသူရွာသားတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးခဲ့ပြီး မူဆလင်လူမျိုးတွေကို ရဲဖက်ဆိုင် ရာအတွက် တာဝန်ထမ်းဆောင်ခွင့်ပေးဖို့ အရိပ်အမြွက်ပေးခဲ့ပါတယ်။
ကျန်အပိုင်းများကို ဆက်လက်ဖော်ပြသွားပါမယ်။
Jacques P. Leider ရေးသားသည့် The Arakan Army, Rakhine State and the Promise of Arakan’s Independence ဆောင်းပါးကို မူရင်းအာဘော်မပျက် ဘာသာပြန်ထားပါသည်။
https://www.facebook.com/permalink.php?story_fbid=152891343819847&id=107469705028678