By Boder News Agency (BNA) / 2022 March 08
အောင်လင်းဟိန်း SKY ရေးသားသည်။
မိရိုးဖလာရက်ကန်းရက်လုပ်သည့်အလုပ်မှာ စစ်တွေမြို့နယ်၊ဝါဘိုကျေးရွာရှိ အမျိုးသမီးများအတွက် အရေးပါသော လုပ်ငန်းတစ်ခုအဖြစ် ရှေးယခင်ကပင် မှတ်ယူခဲ့ကြသည်။
ဝါဘိုဟုဆိုလိုက်သည်နှင့် အမျိုးသမီးဝတ်လုံချည်များကို ရိုးရာရက်ကန်းနှင့် ရက်လုပ်သည့်ကျေးရွာဟု ရခိုင်အများစုက တန်းသိကြသည်။ကာလာမျိုးစုံနှင့် ရေဒီမိတ်အထည်များ ပေါများလာသ ည့်တိုင် ဝါဘိုကျေးရွာတွင် ရိုးရာချည် ထည်လုပ်ငန်းကို အိမ်တိုင်းစေ့လိုလိုလု ပ်ကိုင်နေကြဆဲဖြစ်သည်။
ရက်ကန်းလုပ်ငန်းသည် အမျိုးသမီးအများစုအတွ က်သာဟု တွေးထင်ကြသ ည်မှာအဆန်းမဟုတ်။ရွာရှိအမျိုးသမီးကြီးငယ်အားလုံးနီးပါးကလည်း ရက် ကန်းလုပ်ငန်းကို မိဘများ၏ လက်ဆင့်ကမ်းအမွေအဖြစ် သင်ယူနေကြသည်။
သို့သော် ဝါဘိုကျေးရွာအတွက် နောက်ထပ်ဂုဏ်ယူစရာကောင်းသူတစ်ဦးလည်းရှိနေပြန်သည်။ယင်းမှာ ရခိုင်ပြည်နယ်အမျိုးသမီးလက်ရွေးစင်ဘောလုံးသ မားငယ်တစ်ဦးရှိနေခြင်းပင်ဖြစ်သည်။
အဆိုပါ လက်ရွေးစင်အမျိုးသမီးဘောလုံးသမားမှာ အသက်(၁၉)နှစ်အရွယ် မခင်မိုးမြတ်ဖြစ်ပြီး သူမကို ဘောလုံးကန်စဉ် ဘယ်ခြေထောက်အားသန်သော ကြောင့် စကားဖော်ကစားဖက်မျာနှင့် ချစ်ခင်သူများက ဘယ်ကျော်ဟုနာမည်ပေးထားကြသည်။
“ငယ်ငယ်ကပင်ကျွန်မ ဘောလုံးကန်ရတာကိုနှိက်သက်ခုံမင်ပါတယ်။ဘဝမှာ ဘောလုံးကန်ရတာကလွှဲရင် ဘာကိုမှစိတ်မဝင်စားပါဘူး။ခုတော့ ဆယ်တန်းလဲ အောင်ထားပြီးလို တက္ကသိုလ်တက်ဖို့လုပ်နေပါတယ်၊၊ချစ်တဲ့သူငယ်ချင်းတွေက ကျွန်မကို ဘယ် ကျော်လို့ခေါ် တာကို ပိုပြီးနှစ်သက်ပါတယ်။”ဟု သူမ ကဆိုသည်။
သူမမှာ ပူပူနွေးနွေးအမျိုးသမီးလက် ရွေးစင်ချန်ပီ ယံဆုကို ဆွတ်ခူးထားသည့် ရခိုင်ပြည်နယ်ကိုယ်စားပြု အသက် ၂၀ အောက်၊ရခိုင်အမျိုးသမီးဘောလုံး
အသင်းမှ ကျောနံပတ် (၄ )ဘယ်အစွန်နောက်တန်းကစားသမားဖြစ်သည်။
ဘောလုံးကစားရခြင်းကို အရူးအမူးနှစ်သက်သော ဘယ်ကျော် (ခေါ်) မခင်မိုးမြတ်သည် အမျိုးသားများနှင့်တန်းတူလွတ်လွတ်လပ်လပ် ဘောလုံးက စားခွင့်ရရှိအောင် ကြိုးစားခဲ့ရသည်မှာ မလွယ်ကူခဲ့ပေ။
ဖိုဝါဒီလွှမ်းမိုးသည့် ကျေးလက်ဒေသရှိ အမျိုးသမီးများအတွက်ရည်ရွယ်ထုတ် လုပ်နေသည့် မိရိုးဖလာရိုးရာ ရက်ကန်းလုပ်ငန်းများလုပ်တတ်လျှင်ပင် ထ မင်းစားရေးအတွက် အာမခံချက်ပေးနိုင်သော်လည်း ရွာကယောကျ်ားလေးများနှင့်ဘောလုံးအတူကန်ရခြင်းကို နှစ်သက်သည့် ဘယ်ကျော်မှာ အတိုက်အခံများစွာကို ကြုံခဲ့ရသေးသည်။
“အိမ်မှာ ညီအစ်မလေးယောက် မောင်လေးတစ်ယောက်ရှိတယ်။ကျွန်မက တတိယမြောက်သမီးပေါ့။ဒါပေမယ့် ငယ်ငယ်ကနေ ရွာထဲက ဘောလုံးကွင်းမှာ တစ်နေကုန် ယောက်ျားလေးတွေနဲ့ဘော လုံးကန်ရတာကိုနှစ်သက်ပါတယ်။ရွာက လူတချို့ကတော့ မိန်းကလေးဘောလုံးကန်တာကို ပြောစမတ်လေးတွေ ပြုခဲ့ကြတာရှိပေမယ့် ကျွန်မကတော့ မမူခဲ့ပါဘူး။” ဟု သူမက ရယ်ရယ်မောမော
ပြောပြသည်။
ဘယ်ကျော် ဘောလုံးကန်ခြင်းကို သူမ ၏မိခင်ဖြစ်သူက သဘောမတွေ့သလို ယောကျ်ားလေးများနှင့်ဘောလုံးကန် သည်ကိုတွေ့သည့်အခါလည်း အမေကလိုက်ရိုက်သဖြင့် တစ်ရွာလုံးပတ်ထွက် ပြေးခဲ့ရသည်ဟု သူမက ဆိုသည်။
“ကျောင်းစာလုပ်ဖို့လည်းမရ အိမ်အလု ပ်ကိုလည်းဝင်မလုပ် ဒီဘောလုံးပဲကန်တာကြောင့် အိမ်ကဆူကြတယ်။ကျွန်မလဲ ဘောလုံးကန်ဖို့ပဲတတ်တယ်။အိမ်အလုပ်ဆိုရင် ဝါသနာကိုမပါဘူး။ကျော င်းတက်ပြီး အဆောင်နေတော့လဲ ဘော လုံးခိုးထွက်ကန်တယ်။နယ်ပွဲတွေကိုလဲ ခိုးသွားပြီးကန်ဖြစ်တယ်။” ဟု သူမ ၏ ဝါသနာကို ကျောင်းစာတဖက်နှင့်ကြိုးစားခဲ့ပုံများနှင့်အခက်အခဲများကို ပြောပြသည်။
ဘယ်ကျော်မှာ ငယ်စဉ်ကပင် တခြားသားသမီးများနှင့်မတူဘဲ ဘောလုံးကစားခြင်းကိုသတိထားမိခဲ့ပြီး ဘောလုံးမကန်ရန်ပိတ်ပင်တားဆီးမှုတချို့လုပ်ခဲ့သော်လည်း ဝါသနာကို တားမရသည့် နောက်ဆုံး ဘောလုံးဆက်ကန်ခွင့်ပေးခဲ့သည်ဟုဘယ်ကျော် ၏ဖခင်ဦးကျော်ဇံလှက သူ့သမီးအကြောင်းကို ပြောပြသ ည်။
“ဦးလေးတို့က မိသားစုကိစ္စတာဝန်တွေအတွက် ရုန်းကန်ရတာများတယ်။သူငယ်ငယ်ကပင် တချိန်လုံးဘောလုံးကန်နေတာကို သတိထားမိတယ်။အ
ခြားသမီးတွေက အလှဆင်ဖို့ကဖို့ ကျောင်းစာဖတ်ဖို့လောက်ပဲ စိတ်ဝင်စားနေကြတာပေါ့။ရွာကလူတချို့ကလည်း မိန်းကလေးဖြစ်ရက်သားနဲ့ ဘောလုံးကန်တာ မင်းသမီးတစ်ယောက်ပဲရှိတယ်လို့ ပြောခဲ့ကြတာတော့ရှိဖူးတယ်။” ဟု သူက ဆိုသည်။
ထိုသို့ပြောဆိုမှုများရှိသော်လည်း သူ့သမီးဘော လုံးကန်ကောင်းလာသဖြင့် ဝမ်းသာဂုဏ်ယူပြီး စိတ်ထားပြောင်းလာကြောင့်လည်း ဆိုသည်။
”နောက်တော့ကျွန်တောာ်တစ်ခုစဉ်းစားမိတယ်။ငါ့သမီးတစ်ယောက် ဘောလုံးကန်တာ ဒီလောက်ကောင်းတယ်။ယောကျ်ားလေးဆိုရင် ဒီထက်ကောင်းအုံးမယ်။ဒါကြောင့် ငါ့သမီးဘောလုံးဆက်ကန်ဖို့ အားပေးခဲ့တယ်။”ဟု ဦးကျော်ဇံလှက ဆက်ပြောသည်။
ဖခင်၏အားပေးထောက်ခံမှုကိုရရှိခဲ့သောဘယ် ကျော်မှာ အသက် ၁၂ နှစ်အ ရွယ်တွင် ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲအတွက် ၎င်းတို့နေထိုင်ရာ ဝါဘိုကျေးရွာမှ စစ်တွေမြို့သို့ ရောက်ရှိလာခဲ့သည်။ထိုမှတဆင့် မြို့နယ်၊ ပြည်နယ်ကိုယ်စားပြု အားက စားသမားအဖြစ်ရွေးချယ်ခံရကာ ဘောလုံးပြိုင်ပွဲများကို ဆက်လက်ကစားခဲ့ရသည်။
“နေပြည်တော်အဆင့် သွားရောက်ခဲ့ရတဲ့ ပြိုင်ပွဲတွေကို ငါးကြိမ်ခြောက်ကြိမ်လောက်ပြိုင်ဖူးခဲ့ပါပြီ အရင်ကတော့ တတိယဆုနဲ့ပဲ ကျေနပ်ခဲ့ရတာ။အခုတော့ချန်ပီယံဖြစ်တော့ အတိုင်းမသိပျော်ရွှင်ရတာပေါ့။အသင်းဖော် ကစားသမားတွေနဲ့ ဆရာသမားတွေ၊မိဘတွေ ကျေးဇူးတင်ပါတယ်၊၊”ဟု ဘယ် ကျော်က ပြောသည်။
ဘယ်ကျော်အနေဖြင့် ရခိုင်ပြည်နယ်ချ န်ပီယံဖြစ်ခဲ့သည့် အမျိုးသမီးလက်ရွေး စင်ဘောလုံးအသင်းပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် ကျောနံပါတ် (၄)ဖြင့် နောက်ခံလူဘယ်အစွန်ကစားသမားအဖြစ် ပွဲထွက် ကစားခွင့်ရခဲ့ကြောင်းဆိုသည်။
ထိုပွဲစဉ်တစ်လျှောက် ကွာတားဖိုင်နယ်တွင် ဧရာဝတီအသင်းအား သုံးဂိုးနှစ်ဂိုးဖြင့်အနိုင်ရသည့် ပွဲစဉ်မှာအခက်အခဲဆုံးဖြစ်ခဲရကြောင်း ဘောလုံးကစားပွဲအတွေ့အကြုံကို ဘယ်ကျော်ကပြောပြ သည်။
ပြိုင်ဘက်အသင်းဖြစ်သော ဧရာဝတီကစားသမားများမှာ ဘောလုံးစွမ်းရည်နှင့်ကြံ့ခိုင်မှုများမှာ ၎င်းတို့ထက် သာ လွန်ပြီး အင်မတန်ခက်ခက်ခဲခဲ ကစားခဲ့ရသည့်ပြိုင်ပွဲတစ်ခုဖြစ်ခဲ့သော်လည်း စိတ်ဓာတ်အား ကောင်းသည့် မိမိတို့အသင်းအနိုင်ရရှိခဲ့ကြောင်းဆက်ပြောသည်။
လက်ရှိတွင် ဘယ်ကျော်မှာ သူ၏က စားဖော်ဖြစ်သော ကျောနံပါတ်(၆) လှမြတ်သူနှင့်နယ်ပြိုင်ပွဲများသို့ မကြာခ ဏသွားရောက်၍ ဘောလုံးကစားဖြစ်နေကြောင်းပြောသည်။
လှမြတ်သူမှာ ဘူးသီးတောင်မြို့နယ် စပါးထားကျေးရွာသူတစ်ဦးဖြစ်ပြီး ဒေသတွင်းတိုက်ပွဲများ၊ပဋိပက္ခများနှင့်မတည်ငြိမ်မှုများကြောင့် သူငယ် ချင်းဖြစ်သူ ဘယ်ကျော်ရွာတွင် လာရောက်နေထိုင်ယင်း ဘောလုံးအတူကစားဖြစ်ခဲ့ခြင်းဖြစ်သည်။
သူတို့နှစ်ဦး၏ ရည်မှန်းချက်မှာ ဘောလုံးဆက်လက်ကန်သွားမည်ဖြစ်ပြီး သူတို့ကဲ့သို့ ဘောလုံးကစားချင်သည့် အ မျိုးသမီးငယ်လေးများကိုလည်း ဘော လုံးပညာရပ်များ ဆက်လက်သင်ကြားပေးသွားမည်ဟု ဘယ်ကျော်နှင့် မလှမြတ်သူက ပြောသည်။
“ဘောလုံးဆိုတာ ကျားမမရွေး တန်းတူကစားဖို့ထားတဲ့ အားကစားလေးတစ်ခုပါပဲ။အမျိုးသမီးဆိုပြီး ခွဲခြားနေတာကို ကျွန်မမကြိုက်ပါဘူး။ဒီဘောလုံးဟာ အရာအားလုံးနဲ့ သက်ဆိုင်တဲ့ကစားန ည်းဖြစ် သလိုမွေးလာကတည်းက ကျားဖြစ်ဖြစ် မဖြစ်ဖြစ် သူ့ရဲ့ ဖြစ်တည်မှုအတိုင်းရှိချင်ရှိနေကြလိမ့်မယ်။ ဘောညလုံးကစားဖို့ကျတော့ အမျိုးသမီးတွေလည်း လွတ်လပ်စွာနဲ့ ကစားနိုင်ဖို့လိုအပ်ပါတယ်။ဘဝဖြစ်တည်မှုနဲ့ ဝါသ နာကလည်းတစ်ခြားစီမို့ ဘယ်ခွဲခြားက န့်သန့်မှုကိုမှ မလိုအပ်ပါဘူး။ဒီအတွက်လည်းအားလုံးနဲ့ ပူးပေါင်းသွားချင်ပါတယ်။’ ဟု ဘယ်ကျော်က တက်တက်ကြွကြွပြောသည်။
SKY Institute Sittwe မှ ကျားမရေးရာကဏ္ဏကို လုပ်ဆောင်နေသူ မအေးမြတ်ကျော်ကလည်း “ကျားမကွာခြားချက်ဆိုတာ ကာယစွမ်းအားပေါ့။ ဘောလုံးဆိုတာကလည်းကာယစွမ်းအားထဲက အ ရာတစ်ခုပါပဲ။ ဒါကြောင့် ဘောလုံးဆိုတာ အမျိုး သားတွေအတွက်ပဲလို့ ထင်ခဲ့ကြပြီး အမျိုးသမီးတွေဘောလုံးက န်တိုင်း အတားအဆီးတွေအနေနဲ့ ရှိခဲ့ကြတယ်။ အထူးသဖြင့် Socialization လူမှုပုံသွင်းခြင်းတွေကိုလျော့ချဖို့နဲ့ Gender Dominant လွှမ်းမိုးကြီးစိုးတာတွေမဖြစ်အောင် အားလုံးပါဝင်ဆော င်ရွက်ဖို့လိုအပ်ပါတယ်” ဟုပြောသည်။
ရခိုင်အခြေစိုက် Women Generation အဖွဲ့က လ ည်း မတ်လ ၈ ရက်၊ယနေ့ကျရောက်သည့် ”အပြည်ပြည်ဆိုင်ရာအ မျိုးသမီးများနေ့”အထိမ်း အမှတ်အဖြစ်စစ်တွေမြို့မှာ အမျိုးသမီးဖူဆယ်ဘောလုံးပွဲကို ပြုလုပ်နေသည်။
ထိုပွဲသို့ အမျိုးသမီးအသင်း ၁၂ သင်းကပါဝင်ယှဥ်ပြိုင်ကစားနေကြပြီးထိုပွဲကို အမျိုးသမီးများမှာ အမျိုးသားများနှင့်တန်းတူစွမ်းဆောင်နိုင်ကြောင်း၊အ မျိုးသမီးများ၏လှုပ်ရှားမှုများကိုစုစည်နိုင် အောင်လည်ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ဆိုသည်။
ထိုတည်ထောင်သူ မခင်မြင့်ဇော်က”အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့တန်တူစွမ်းဆောင်နိုင်ပါတယ်။” ဟု ယုံ ကြည်လေးနက်စွာပြောသည်။
ရခိုင်ပြည်နယ်မှာ ဒုတိယအဆင်းရဲဆုံးပြည်နယ် ဖြစ်နေသော်လည်း ကြိုးစားအားထုတ်ပါက အမျိုးသမီးများလည်းထူးချွန်အောင်မြင်လာနိုင်သလို လူများ
ကလည်း ယုံကြည်လာမည်ဟု ဘယ်ကျော်က ဆိုသည်။
”ကျောင်းစာမပျက်အောင်လည်း ကြိုး စားတယ်။ဆယ်တန်းအောင်တော့ အိမ်ကအဖေကလည်း အားပေးတယ်။အမေကလည်း အားပေးတယ်။ ခုလက် ရွေးစင်ကစားသမားဖြစ်လာတော့ ပိုပြီးယုံကြည်လာကြတယ်” ဟု သူမကဆို သည်။
ကမ္ဘာကျော်ဘောလုံးသမား ခရစ္စတီယာနိုရိုနလ်ဒိုနှင့်မန်ယူဘောလုံးအသင်းမှာ ဘယ်ကျော်အကြိုက်ဆုံး အားက စားသမားနှင့်အသင်းလည်းဖြစ် ကြော င်း ပြောသည်။
စီရိုနလ်ဒို၏ ဘောလုံးစွမ်းရည်များကို အထူးနှစ်သက်ပြီး မန်ယူအသင်းကိုလည်း ငယ်စဉ်ကပင်ကြိုက်နှစ်သက် အားပေးခဲ့ကြောင်း၊မန်ယူအသင်း ရှုံးတိုင်းလည်းစိတ်မကောင်းဖြစ်ရကြော င်းနှင့် ဖြစ်နိုင်လျှင် ကမ္ဘာကျော်ဘော လုံးသမားတစ်ဦးဖြစ်ချင်ကြောင်း ဘ ယ်ကျော်က သူအနှစ်သက်ဆုံးဘောလုံးအားကစားသမားနှင့် အသင်းကို ပြောပြသည်။
အိမ်တိုင်းစေ့ မိရိုးဖလာရိုးရာချည်ထည်များကိုရက်လုပ်ပြီး ရက်ကန်းခုတ်သံများနှင့် ပြည့်နှက်နေသည့် ဝါဘိုကျေး ရွာအလယ်မှာ ရွာဘောလုံးကွင်းတစ်ကွင်းရှိပြီး ယခင်ကသည်ကွင်းမှာ အ မျိုး သားလေးတွေသာ ကစားဖို့ စိတ် ကူးသာသာရှိခဲ့ကြသော်လည်း ဘယ်ကျော်လို နောက်ထပ်အမျိုးသမီးငယ်မျိုးဆက်သစ်ဘောလုံးသမားများထပ် မံပေါ်ထွန်းလာနိုင်သေးသည်။
ရခိုင်တစ်ပြည်နယ်လုံးရှိ မြက်ခင်းစိမ်းများတွင်လည်းဘယ်ကျော်ကဲ့သို့ အကောင်းဆုံးအမျိုးသမီးဘောလုံးသမားများပေါက်ထွန်းလာစေဖို့ ကျား၊မခွဲခြားမှုများကိုရပ်တန့်ပြီး အမျိုးသမီးများ၏ စွမ်း ဆောင်ရည်များကို အသိအမှတ်ပြုမြေတောင် မြောက်ပေးကြရမည်ဖြစ်သည်။
https://www.facebook.com/permalink.php?story_fbid=151984403910541&id=107469705028678