မောင်တောမြို့နယ်တွင် မွတ်ဆလင်အမျိုးသားတစ်ဦးသေဆုံးမှု စုံစမ်းစစ်ဆေးနေ

By Boder News Agency (BNA) / 2022 March  15

ဓာတ်ပုံ-ရခိုင်နေ့စဉ်

ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်၊ငါးစားကြူးကျေးရွာမှာ မွတ်ဆလင်အမျိုးသားတစ်ဦး လည် ပင်းပြတ်ရှဒဏ်ရာနဲ့ သေဆုံးနေမှုကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။

အဲဒီအမျိုးသားကို မတ်လ ၁၃ ရက် ညနေပိုင်းက ငါးစားကြူးကျေးရွာအဝင် တံတားအောက်မှာ သေဆုံးနေတာကိုတွေ့ရှိခဲ့ရတာဖြစ်ပြီးတော့ သေဆုံးသူဟာ အသက် ၄၀ အရွယ်ရှိပြီလို့ ရခိုင်ပြည်နယ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

“ခုလိုအနေအထားမှာ မောင်တောမှာရှိတဲ့ လူတွေအ ကုန်လုံးသတိထားဖို့လိုပါတယ်။အဲလိုပဲ ပြစ်မှုကျူး လွန်သူတွေကိုလည်း မြန်မြန်ဖော်ထုတ်ပေးဖို့လိုပါမယ်”ဟု မောင်တောမြို့မှ မွတ်ဆလင်တစ်ဦးက ပြောပါတယ်။

ခုသေဆုံးမှုဖြစ်ခဲ့တဲ့ ငါးစားကြူးမွတ်ဆလင် ကျေး ရွာဟာ မောင်တောမြို့နယ်မြောက်ပိုင်းမှာ တည်ရှိပြီးတော့ အနီးအနားမှာ ရခိုင်ကျေးရွာတွေ မရှိပါဘူး။

သေဆုံးသူရဲ့အလောင်းအနီးမှာတော့ သွေးတွေပေ ကျံနေတဲ့ ဓားရိုးမပါဓားဦးချွန် ၁ ချောင်းကို တွေ့ရှိခဲ့တယ်လို့ ရခိုင်ပြည်နယ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

https://www.facebook.com/permalink.php?story_fbid=153657597076555&id=107469705028678

Leave a Reply

Your email address will not be published.