မောင်တောပြည်သူ့ဆေးရုံကြီးအနောက်ဖက်ဓာတ်တိုင်မှာ လူတစ်​ယောက်​ ကြိုးဆွဲချသေဆုံး

By  Voice Of Westland (VOW)/ 2022 March  26

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ပြည်သူ့ဆေးရုံကြီးအနောက်ဖက်ရှိ ဓာတ်တိုင်တစ်ခုမှာ ဒီကနေ့မနက် ၈ နာရီလောက်က အမျိုးသားတစ်​​ယောက်​ ကြိုးဆွဲချသေဆုံးမှု​ဖြစ်ပွားခဲ့တယ်လို့ မောင်တောမြို့မရဲစခန်းမှူး မြင့်ကျော်ဦးက ပြောပါတယ်။

“​ကြိုးဆွဲချပြီးသေတာပါ။ ခန္ဓာကိုယ်တစ်ကိုယ်လုံးကတက်တူးတွေနဲ့ချည်းဘဲ။ မူခင်းအဖွဲ့တွေစစ်ဆေးနေပါတယ်။ ​လောလောဆယ်တော့ရင်ခွဲရုံပို့ထားတယ်”လို့သူက VOW သတင်းဌာနကို အတည်ပြုပြောဆိုပါတယ်။

ကြိုးဆွဲချပြီးသေဆုံးသူဟာသေဆုံးသူဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သိမ်တောင်ရွာက ကိုမောင်သိန်းလှ(၄၅နှစ်)ဖြစ်တယ်လို့ သေဆုံးသူရဲ့​သူငယ်ချင်းက ဖုန်းနဲ့ဆက်သွယ်လာကြောင်း မောင်တောဂရုဏာကွန်ယက် လူမှုကူညီရေးအသင်းဥက္ကဌ ဦးချစ်ထူးခိုင်ကပြောပါတယ်။

“​သေဆုံးသူက ဘင်္ဂလားဒေ့ရှ်ဘက်ကို​ပြန်သွားမလို့ထွက်လာတာလို့ သူ့သူငယ်ချင်းက​ ဖုန်းဆက်ပြောတယ်။မိသားစုကတော့ အခုထက်ထိတော့မဆက်သွယ်လာသေးဘူး။ သူ့သူငယ်ချင်းတယောက်ပဲဆက်သွယ်လာပါသေးတယ်။”လို့VOW သတင်းဌာနကို ​ပြောပါတယ်။

သေဆုံးသူကိုမောင်သိန်းလှဟာခြေတဖက်မသန်စွမ်းဖြစ်နေသူလို့လည်းသူကပြောပါတယ်။

အဲဒီသေဆုံးမှုနဲ့ပတ်သက်လို အမှုဖွင့်စုံစမ်း​နေတယ်လို့ မောင်တောမြို့မစခန်းမှူးမြင့်ကျော်ဦးက VOWသတင်းဌာနကိုအတည်ပြုပြောဆိုပါတယ်။

https://www.facebook.com/VOW2ppl/posts/156056670147052

Leave a Reply

Your email address will not be published.