By Boder News Agency (BNA) / 2022 March 05
ဘင်္ဂလားဒေ့ရှ်ဖက်မှ မောင်တောနယ်စပ်ကို ခြံစည်းရိုးဖြတ်ကျော်ဝင်ရောက်လာတဲ့ မွတ်ဆလင် ၅ ဦးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။
သူတို့ကို မနေ့က(မတ်လ ၄ ရက်) လှဖိုးခေါင်ကျေးရွာ စစ်ဆေးရေးဂိတ်နှင့် သရက်အုပ်ကျေးရွာ ပုစွန်ကန်အနီးက ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ရခိုင်ပြည်နယ်ကောင်စီက ထုတ်ပြန်ပါတယ်။
ဖမ်းဆီးရမိခဲ့သူတွေထဲမှာ အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် ယောက်ျားကလေးငယ်နှစ်ဦးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
သူတို့ကို စစ်ဆေးမေးမြန်းတဲ့အခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်က နယ်စပ်ခြံစည်းရိုးကိုဖြတ်ကျော်ပြီးတော့ ဝင်ရောက်လာတာဖြစ်တယ်လို့ ရေးသားထားပါတယ်။
မောင်တောနယ်စပ်မှာ နေထိုင်ခဲ့တဲ့ မူဆလင် ခုနစ်သိန်းခန့်ဟာ ၂၀၁၇ ခုနှစ် ဩဂုတ်လမှာဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုနှင့် နယ်မြေရှင်းလင်းရေးလုပ်ငန်းစဉ်တွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ထွက်ပြေးခဲ့ကြပါတယ်။
ဖမ်းဆီးရမိသူတွေကိုတော့ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ထားတယ်လို့ ပြည်နယ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
https://www.facebook.com/permalink.php?story_fbid=151322177310097&id=107469705028678