By Boder News Agency (BNA) / 2022 March 03
ရိက္ခာဝယ်ဖို့အတွက် စစ်တပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့ကို ခွင့်ပြုချက်တောင်းရခြင်းအပါအဝင် လမ်းခရီးမှာ တားဆီးပိတ် ပင်တာတွေရှိနေတဲ့အတွက် ပလက်၀ မြို့နယ်အတွင်း အခြေခံစားသောက်ကုန်တွေဟာ စျေးအဆမတန်မြှင့်တက်နေတယ်လို့ အဲဒီက ဒေသ ခံတွေက ပြောပါတယ်။
ယခင်က နှစ်သောင်းခွဲတန်ဆန်တစ်အိတ်ကို သုံးသောင်းခွဲ၊ငါးသောင်းတန် ဆန်တစ်အိတ်ကို ခြောက်သောင်းဝန်းကျင်လောက်အထိ ရှိနေတယ်လို့ ဒေသ ခံတွေက ဆိုပါတယ်။
အဲဒီအပြင် ယခင်ကတစ်ပိသာကို ခြော က်ထောင်ဝန်းကျင်ပဲရှိခဲ့တဲ့ စားဆီဟာလည်း ခုအခါရှစ်ထောင်လောက်အထိ ရှိနေပြီလို့ ဆိုကြပါတယ်။
အခြေခံစားသောက်ကုန်တွေအပြင် စက်သုံးဆီတွေဟာလည်း စျေးအဆမတန်မြှင့်တက်နေတာပါ။ဓါတ်ဆီတစ်လီတာကို သုံးထောင်နီးပါးအထိ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစျေးပမာဏဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တခြားသောမြို့နယ်တွေမှာ တက်နေတဲ့စျေးနှုန်းတွေထက်ပိုများတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အဲဒီလိုကုန်စျေးနှုန်းတွေ အဆမတန်မြင့်တက်နေတဲ့အတွက် ပလက်၀ဒေသခံတွေဟာ အခက်အခဲမျိုးစုံနဲ့ ကြုံနေကြရတာဖြစ်ပါတယ်။
“နေရာတိုင်းမှာ ကုန်စျေးနှုန်းတွေ တက်တယ်ဆိုပေမယ့် ကျွန်တော်တို့ဆီမှာ အဲဒီထက်ပိုပါတယ်။အရမ်းခက်ခဲ့ပါတယ်။ဒီအတိုင်းဆို ကြာရင်ရိက္ခာတွေ ပြတ်ပြီးငတ်မှာ။”လို့ ပလက်၀ဒေသခံ ကိုမြင့်က ပြောပါတယ်။
ပလက်၀မြို့ဟာ အခြေခံစားသောက်တွေအပါအဝင် ကုန်စည်ပို့ဆောင်ရေးအတွက် ရခိုင်ပြည်နယ်၊ကျော က်တော် လမ်းကြောင်းနဲ့ ပခုက္ကူလမ်းကြောင်းတို့ကို အားကိုးနေရတာဖြစ်ပါတယ်။
ဒါပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ပခုက္ကူလမ်းကြောင်းဟာ လုံး၀နီးပါး ပြတ်တောက်သွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒါကြောင့် ရေလမ်းကြောင်းဖြစ်တဲ့ ကျောက်တော်လမ်းကြောင်းတစ်ခုတည်းကိုသာ အားကိုးနေကြရတာဖြစ်ပါတယ်။
အဲဒီလမ်းကြောင်းက ရိက္ခာတွေဝယ်တဲ့အခါမှာလည်း လွယ်လွယ်ကူကူနဲ့ ကိုယ်ဝယ်ချင်သလောက်ဝယ်လို့မရဘဲ ကန့်သတ်မှုတွေများစွာရှိနေတယ်လို့ ပလက်၀မြို့က ဆန်၊ဆီရောင်းဝယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
ကိုယ့်ဆီက ဆန်လာဝယ်တဲ့သူတွေရဲ့ နာမည်၊ မှတ် ပုံတင်နံပါတ်၊ဖုန်းနံပါတ် စတာတွေကို စာရင်းပြုစုထားပြီး အဲဒီအချက်အလက်တွေနဲ့တကွ ပလက်၀ အခြေစိုက် စစ်ကောင်စီရဲ့တပ်ရင်းနဲ့ အုပ်ချုပ်ရေးမှူးရုံးတွေမှာ ခွင့်ပြုချက်သွားတင်ရတယ်လို့ သူက ဆိုပါတယ်။
“သူတို့ခွင့်ပြုချက်ရပြီးမှ ဝယ်ရတယ်။ ဘယ်လော က် ဝယ်ချင်တယ်ဆိုလို့မရဘူး။ သူတို့ခွင့်ပြုသလော က်ပဲ ဝယ်လို့ရတယ်”လို့ အဲဒီဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူက ပြောပါတယ်။
အဲဒီလိုခွင့်ပြုချက်မရဘဲ ဆန်တွေဝယ်လာမယ်ဆိုရင် လမ်းခရီးမှာ စစ်ကောင်စီတပ်တွေရဲ့ စစ်ဆေးခြင်းတွေကို ခံရတယ်လို့ ပလက်၀ဒေသခံတွေက ပြောပါတယ်။
အဲဒီလိုမျိုးခွင့်ပြုချက်တွေတင်နေရတဲ့အတွက် ကြန့်ကြာမှုတွေ ရှိနေပြီး တခါ တရံမှာ ခွင့်ပြုချက်ရဖို့အတွက် နှစ်လလောက်အထိ ကြာမြင့်လေ့ရှိတယ်လို့ ၎င်းက ဆိုပါတယ်။
“ကြာရင် ရိက္ခာပြတ်သွားမှာ စိုးရတယ်။ ဒါကြောင့်ပဲ စျေးတွေ အဆမတန်တက် နေတာ”လို့ သူက ဆိုပါတယ်။
ရက္ခိုင်တပ်တော်(AA)နဲ့ မြန်မာစစ်တပ်တို့ကြား တို က်ပွဲတွေ ဖြစ်ခဲ့တဲ့ ၂၀၁၉ ၊ ၂၀၂၀ ကာလတွေတုန်းကလည်း ပလက်၀မြို့နယ်အတွင်း အခြေခံစားသော က်ကုန်တွေ စျေးအဆမတန်မြင့်တက်ခဲ့ပါတယ်။
https://www.facebook.com/permalink.php?story_fbid=150838187358496&id=107469705028678