ဒုက္ခသည်စခန်းက အကြီးဆုံးရိုဟင်ဂျာကျောင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရပိတ်သိမ်း

By RFA / 2022 March  28

Photo: AFP
ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များ ပိတ်သိမ်းလိုက်သည့် ကာယာဖူရီ ပုဂ္ဂလိက စာသင်ကျောင်းမှ ကိုးတန်းကျောင်းသားတစ်ဦးကို ၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့က နေအိမ်တွင် တွေ့ရစဉ်။

ဒုက္ခသည်စခန်းထဲမှာ ရိုဟင်ဂျာကလေးတွေကိုစာသင်ပေးနေတဲ့ ကာယာဖူရီဆိုတဲ့ အကြီးဆုံးပုဂ္ဂလိက စာသင်ကျောင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပိတ်လိုက်ပြီလို့ အာဏာပိုင်တွေက မနေ့ကပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခံလိုက်ရတဲ့ မိုဟစ်အူလာက အဲဒီ စာသင်ကျောင်းကို တည်ထောင်ထားတာပါ။

ခွင့်ပြုချက်မရဘဲ ဘယ်သူမှ ဒီလို စာသင်ကျောင်းတွေ ဖွင့်ခွင့်မရှိဘူးလို့ အမည်မဖော်လိုတဲ့ အစိုးရထိပ်တန်းအရာရှိတယောက်က AFP သတင်းဌာနကိုပြောပါတယ်။

စခန်းထဲမှာ ရိုဟင်ဂျာတွေ ဖွင့်ထားတဲ့ စာသင်ကျောင်းတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလကစလို့ ဘင်္ဂလားဒေ့ရှ်အစိုးရက တစ်ကျောင်းပြီး တစ်ကျောင်းပိတ်နေတာပါ။

စခန်းတွေမှာ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်က ဖွင့်ထားတဲ့စာသင်ကျောင်းတွေ ရှိပါတယ်။

အဲဒီကျောင်းတွေမှာ အသက် ၄ နှစ်ကနေ ၁၄ နှစ်ထိ ကလေးတွေ ပညာသင်ခွင့်ရှိပြီး၊ အသက် ၁၄ နှစ် ကျော်သွားရင် ပုဂ္ဂလိက ဖွင့်ထားတဲ့ကျောင်းတွေ အစ္စလာမ်ဘာသာရေးကျောင်းတွေမှာ တက်ရပါတယ်။

https://www.facebook.com/rfaburmese/posts/10161735706243128

Leave a Reply

Your email address will not be published.