တိုင်းပြည်ရဲ့အခြေအနေတွေကြောင့် ဟိန္ဒူသင်္ကြန်ပွဲကို တခမ်းတနားမကျင်းပဖို့ ဘာသာရေးအဖွဲ့ မေတ္တာရပ်ခံ

By Boder News Agency (BNA) / 2022 March  17

ဓာတ်ပုံ-BNA

မနက်ဖြန် မတ်လ ၁၈ ရက်မှာ ကျရောက်မယ့် ဟိန္ဒူဘာသာဝင်တွေရဲ့ ဟိုလီပွဲတော်(ခ)ဟိန္ဒူသင်္ကြန်ပွဲတော်ကို အပျော်အပါးတွေနဲ့ တခမ်းတနား မကျင်းပဘဲ ဘုရားရှင်ကိုသာ ရှိခိုးပြီးဆုတောင်းကြဖို့ ဟိန္ဒူဘာသာရေးအဖွဲ့တစ်ခု ဖြစ်တဲ့ ဟိန္ဒူဘာသာရေးအသိပညာ(HRK)က မေတ္တာရပ်ခံထုတ်ပြန်ပါတယ်။

ဟိုလီပွဲတော်ဆိုတာ ရောင်စုံအမှုန့်တွေ အပြန်အလှန် ပက်ဖျန်းပြီး ရေလောင်းဆော့ကစားကြတဲ့ ဟိန္ဒူဘာ သာဝင်တွေရဲ့ ဘာသာရေးဆိုင်ရာရိုးရာပွဲတော်တစ်ခုဖြစ်ပဲဖြစ်ပါတယ်။

အဲဒီပွဲတော်ကို ကိုဗစ်မတိုင်မီနဲ့ စစ်တပ်က အာဏာမသိမ်းမီအချိန်တွေက ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ စည်စည်ကားကား ကျင်းပခဲ့ကြပါတယ်။

အခုအခါတော့ မြန်မာနိုင်ငံအတွင်း မြောက်မြားစွာသော အပြစ်မဲ့ပြည်သူတွေ သေဆုံးထားရခြင်းနဲ့ စစ်ကောင်စီ လက်အောက်က လွတ်မြောက်မှုမရသေးခြင်းကို သတိပြုဆင်ခြင်ပြီးတော့ ပျော်ပွဲရွှင်ပွဲတွေ မပြုလုပ်ဖို့ မေတ္တာရပ် ခံတာဖြစ်တယ်လို့ အဲဒီ ဟိန္ဒူဘာသာရေးအသိပညာအဖွဲ့က ဆိုပါတယ်။

“တစ်နိုင်ငံလုံးက ပြည်သူတွေကို စာနာကြောင်းပြတဲ့အနေနဲ့ ကျွန်တော်တို့လည်း အဲဒီပွဲမှာ ဝင်ပျော်ဖို့ မရှိပါဘူး။ ကျွန်တော်တို့က မပျော်ဘဲ မပျော်ရတာ၊ ကိုယ့်ထက်ဆိုးတဲ့ အသက်ပေးလိုက်ရတဲ့သူတွေတောင်ရှိတယ်လေ”လို့ ရန်ကုန်မြို့မှ ဟိန္ဒူဘာသာဝင်တစ်ဦးက ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက်ကြောင့် အခုလိုမျိုး ပျော် ရွှင်ရမယ့်အချိန်မှာ မပျော်ရွှင်ကြရတာလို့လည်း ၎င်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီပါ၀လီနေ့တုန်းကလည်း အဲဒီလိုမျိုး ဆူဆူညံညံပျော်ပါးမူးယစ်တာတွေ မလုပ်ဘဲ အိမ်မှာပဲ အကျဉ်းချုံ့ပြီး လုပ်ကြဖို့ ဟိန္ဒူဘာသာရေးအဖွဲ့တွေက မေတ္တာရပ်ခံခဲ့ပါတယ်။

တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်လှေတည်းစီးနေကြတဲ့ ပြည်သူ၊ပြည်သား၊တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ စစ်မှန်တဲ့ဖယ်ဒရယ်ဒီမိုကရေစီရရှိပြီးမှပဲ နဂိုမူလကဲ့သို့ ပွဲတော်ကြီးတွေ ဆင်နွဲကြဖို့ကိုလည်း ဟိန္ဒူဘာသာရေးအသိပညာ (HRK) က ထုတ်ပြန်တိုက်တွန်းထားပါတယ်။

ဟိုလီပွဲတော်ဆိုတာ ပ်ရလားဒ်မဟာရာဂျ်ကို အဒေါ်ဖြစ်သူ ဟိုလိကာက မီးရှို့ဖို့ ကြိုးပမ်းရာ ဘုရားမြတ် ဗိသျှ်ဏှရဲ့ ကယ်တင်မှုကြောင့် ပ်ရလားဒ်မဟာရာဂျ် အသက်ဘေးမှ လွတ်မြောက်ခဲ့တဲ့နေ့ဖြစ်ပါတယ်။

မီး မလောင်နိုင်တဲ့ ခြုံပဝါပိုင်ရှင် ဟိုလိကာ မီးလော င်သေဆုံးပြီး အဓမ္မမှုကို အောင်နိုင်ခဲ့တဲ့အတွက် အဲဒီဟိုလီပွဲတော်ကို ကျင်းပဆင်နွဲ ကြခြင်းဖြစ်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=154056273703354&id=107469705028678

Leave a Reply

Your email address will not be published.