By Boder News Agency (BNA) / 2022 March 18

ဆေးတက္ကသိုလ်တက်ရောက်လိုသူတွေကို ယခင်ကလိုမျိုး ခြောက်ဘာသာပေါင်းရမှတ်တွေနဲ့ မသတ် မှတ်တော့ဘဲ သုံးဘာသာရဲ့ရမှတ်အပေါ် မူတည်ပြီး လူတွေ့စစ်ဆေးကာ ရွေးချယ်သွားမယ်လို့ စစ်ကော င်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ကြေငြာပါတယ်။
မကြာခင်ဖြေဆိုကြရတော့မယ့် ၂၀၂၂ ခုနှစ် တက္က သိုလ်ဝင်စာမေးပွဲဖြေဆိုဆောင်မြင်သူတွေအတွက် ဆေးတက္ကသိုလ်နဲ့ သွားဖက်ဆိုင်ရာဆေးတက္ကသိုလ်တွေကို ဝင်ခွင့်ခေါ်ယူရေးကိစ္စနဲ့ပက်သက်ပြီးကျန်း မာရေးဝန်ကြီးဌာနက မတ်လ ၁၇ ရက်မှာ အဲဒီလို ထုတ်ပြန်တာပါ။
ခြောက်ဘာသာပေါင်းသတ်မှတ်ထားတဲ့အမှတ်ရရှိသူတွေအထဲက အင်္ဂလိပ်စာ၊ ဓါတုဗေဒနဲ့ ဇီ၀ဗေဒ သုံးဘာသာ စုစုပေါင်းရမှတ်အနည်း၊ အများပေါ်မူတည်ပြီးတော့ လူတွေ့စစ်ဆေးခြင်းစာမေးပွဲကို ဖြေဆိုခွင့်ပြုမှာဖြစ်ပြီး အဲဒီကနေ ရွေးချယ်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါပေမယ့် ရမှတ်ဘယ်လောက်သတ်မှတ်ထားတယ်၊ ဘယ်လိုစံသတ်မှတ်ချက်တွေနဲ့ ရွေးချယ်မယ်ဆိုတာကိုတော့ တိတိကျကျ ဖော်ပြထားခြင်းမရှိပါဘူး။ အဲဒီလိုမျိုးသုံးဘာသာရမှတ်နဲ့ ရွေးချယ်တဲ့အပေါ် ကြိုဆိုမှုတွေရှိသလို လာဘ်ပေးလာဘ်ယူမှုတွေနဲ့ နီးစပ်ရာ ရွေးချယ်သွားမယ့်အဖြစ်မျိုးကိုလည်း စိုးရိမ်နေကြတဲ့သူတွေ ရှိပါတယ်။
“အတိအကျမသိရတော့ မပြောတတ်ဘူး။ ဒါပေမယ့် အရင်လိုမျိုး အမှတ်တွေ အများကြီးရစရာမလိုဘဲ တကယ့် ဝါသနာပါတဲ့သူတွေ တက်ခွင့်ရမယ်ဆိုရင်တော့ ကောင်းတာပေ့ါ”လို့ ၂၀၁၉ ပညာသင်နှစ်က တက္ကသိုလ်ဝင်တန်း အောင်ထားတဲ့ ကျောင်းသားတစ်ဦးက ပြောပါတယ်။
ပညာရေးဝန်ကြီးဌာနက နေ့စားလပေးဆရာ၊ ဆရာမတွေကို ခေါ်နေသလိုမျိုး နီးစပ်ရာ လာဘ်ပေး၊ လာဘ်ယူမှု တွေနဲ့ မျက်နှာလိုက်ပြီး ရွေးချယ်မယ်ဆိုရင်တော့ တကယ့်ဝါသနာပါသူတွေအတွက် နစ်နာမှုတွေ ရှိလာနိုင်တယ်လို့ မင်းပြားမြို့နယ်က ဆရာမ ဒေါ်ဖြိုးက ပြောပါတယ်။
ဒီပညာသင်နှစ်အတွက် ဆယ်တန်းစာမေးပွဲကို အခုမတ်လ ၃၁ ရက်ကနေ ဧပြီလ ၉ ရက်နေ့အထိ ပြုလုပ်မယ်လို့ အာဏာသိမ်းအစိုးရက ကြေငြာထားပါတယ်။ အဲဒီစာမေးပွဲမှာ စာမေးပွဲဖြေဖို့ စာရင်းပေးထားတဲ့ ကျောင်းသား၊ ကျောင်းသူ သုံးသိန်းကျော် ရှိပါတယ်။
နောက်ဆုံးပြုလုပ်ခဲ့တဲ့ ၂၀၁၉ ပညာသင်နှစ်မှာ ဆယ်တန်းစာမေးပွဲဖြေဆိုသူ ကိုးသိန်းနီးပါးရှိခဲ့တဲ့အတွက် အာဏာ သိမ်းစစ်ကောင်စီလက်ထက်မှာ သုံးဆနီးပါး လျှော့ကျနေပါတယ်။
https://www.facebook.com/permalink.php?story_fbid=154280747014240&id=107469705028678