စစ်ဘေးရှောင်ကလေးများပညာရေးအတွက် ကွက် လပ်ဖြည့်နေသောစာသင်ခန်

By Boder News Agency (BNA) / 2022 March  07

မောင်မေယု(ဘူးသီးတောင်)ရေးသားသည်။

(ဓာတ်ပုံ-ဘူးသီးတောင်မြို့ပေါ်ရှိ လမ်းမကျောင်းစစ်ဘေးရှောင်စခန်းမှWEEKEND CLASS (IDPs) CAMP စာသင်ဆောင်/WEEKEND CLASS (IDPs) CAMP )

တနင်္ဂနွေကျောင်းပိတ်ရက်ဖြစ်သော်လည်း ကလေးငယ်များ၏ ကဗျာရွတ်သံ၊အမြှောက်အလီပေါင်းဆိုသံများက နွေဦးလေရူးတွေနဲ့အတူ အနီးပတ်ဝန်း ကျင်ထိ ပဲ့တင်ထပ်ပျံ့လွှင့်နေသည်။

“ရခိုင်ပြည်နယ်အလံမာ အနီအဖြူစပ်လို့ပါ၊အလယ်ဂေါင်မာအပြာထား ဝေသာလီခေတ်ဒန်းဂါးပြား။” ဆိုသည့် ရခိုင်စကားဖြင့်သီဆိုနေသော ကဗျာရွတ်သံ၊ဝိုင်းကြီးပတ်ပတ်ဒူဝေဝေနှင့် ပျော်ရွှင်စရာကစားနည်းများမှ ထွက်ပေါ်လာသည့် ရယ်သံများမှာလည်း သာ ယာကြည်နူးစရာကောင်းလျှက်ရှိသည်။

နွေဦးလေရူးများတိုက်ခတ်နေသော သစ်ပင်ရိပ်အောက်က စာသင်ခန်းမှာ ခမ်း နားထည်ဝါမနေသော်လည်း စာသင်နေကြသည့် ကလေးငယ်များမှာ စာသင်လိုက်၊ကစားလိုက်၊မုန့်စားလိုက်နှင့် ပျော်ရွှင်သာယာတင့်တယ်နေကြသည်။

အဆိုပါစာသင်ခန်းမှာ ရခိုင်ပြည်၊ဘူးသီးတောင်မြို့ပေါ်ရှိ လမ်းမကျောင်းစစ်ဘေးရှောင်စခန်းတွင် WEEKEND CLA SS (IDPs)CAMPက ဖွင့်လှစ်သင် ကြားနေသော အတန်းဖြစ်သည်။

ထိုစာသင်ခန်းသည် ဘူးသီတောင်မြို့ပေါ်ရှိ မြတောင်၊ရန်အောင်မြေနှင့်လမ်းမစစ်ဘေးရှောင်စခန်းသုံးခုတွင် ပညာဒါနပြုလုပ်နေကြသောအတန်းများထဲမှလမ်းမကျောင်းစစ်ဘေးရှောင်စခန်းထဲရှိ စာသ င်ခန်းမြင်ကွင်းတစ်ခုဖြစ်သည်။

အဆိုပါစာသင်ခန်း(Class )ဖြစ်ပေါ်လာပုံနှင့်ရည် ရွယ်ချက်ကို ဦးဆောင်တည်ထောင်သင်ပြပေးနေသည့် ကိုမောင်သာဖြူက ရှင်းပြသည်။

“ဒီ class ကိုလုပ်ဖြစ်တာက စစ်ဘေးရှောင်စခန်းကကလေးတွေ ကျောင်းတက်မှန်စေဖို့၊ကျောင်းစာကို စိတ်ဝင် စားဖို့၊စာသင်ချင်တဲ့ စိတ်တွေဖြစ်ပေါ် လာစေဖို့၊ပြည်တွင်းစစ်ပွဲကရရှိခဲ့တဲ့ သူတို့ကလေးတွေရဲ့စိတ်ခံစားချက်တွေကို ဖြေဖျောက်စေဖို့ ရည်ရွယ်ပါတယ်။” ဟု သူက ပြောသည်။

ထိုစာသင်ခန်းတွင်စာသင်ပြခြင်းအပြင် စာရိတ္တမြင့်မားရေးအတွက် ပုံပြင်ဝတ္ထုများပြောပြခြင်း၊ရခိုင်လူမျိုးနှင့်ဆိုင်သော သမိုင်းစာပေများကို မျှဝေခြင်း၊ရခိုင်ကဗျာများရွက်ဆိုခြင်း၊ကလေးများ စိတ်ပျော်ရွှင်မှုရရှိအောင် ကစားနည်းမျိုးစုံဖြင့် ကစားစေခြင်းနှင့် မုန့်ကျွေးခြင်းများကိုပါ ပြုလုပ်ပေးကြသည်။

ရခိုင်ပြည်အတွင်း ရက္ခိုင့်တပ်တော် (AA)နှင့်မြန်မာစစ်တပ်တို့ကြား ၂ဝ၁၈ ခုနှစ်၊နိုဝင်ဘာလကစတင်ပြီး ၂ဝ၂ဝ ပြည့်နှစ်၊နိုဝင်ဘာလ ၈ ရက်နေ့အထိ ၂ နှစ်ကြာ တိုက်ပွဲများပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြသည်။

ထိုတိုက်ပွဲများကြောင့် အပြစ်မဲ့အရပ်သား ရခိုင်ပြည်သူသုံးရာကျော်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ခုနှစ်ရာကျော်အထိရှိခဲ့သည်။

ထိုအပြင် ရက္ခိုင့်တပ်တော်(အေအေ)နှင့် ပတ်သက် သည်ဟုဆိုကာ သံသယဖြင့်ဖမ်းဆီးခံခဲ့ကြရပြီး အကြမ်းဖက်မှု ပုဒ်မများနှင့်တရားစွဲခံခဲ့ရသူ နှစ်ရာ ကျော်အထိ ရှိခဲ့သည်။

ရခိုင်ပြည်နှင့်ချင်းပြည်၊ပလက်ဝတို့မှ  နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည် စစ်ဘေးရှောင် နှစ်သိန်းကျော်အထိရှိခဲ့သည်။

ထိုကဲ့သို့ စွန့်ခွာထွက်ပြေးရသော မိဘများနှင့်အတူ စာသင်အရွယ်ကလေးငယ်များလည်းပါဝင်ခဲ့သည့် အတွက် ကလေးငယ်များမှာ ကျောင်းစာနှင့် ကင်း ကွာခဲ့ကြရသည်။

ယင်းသို့ ကင်းကွာနေသော ကလေးငယ်များမှာ စာညံ့ခြင်း၊စာမလိုက်နိုင်ခြင်း တို့ကို ကြုံတွေ့လာရပြီး လှစ်ဟာနေသော ကွက်လပ်တစ်ခုကို ဖြည့်ဆည်းပေးရန်အတွက် စာသင်ခြင်းအလုပ်ကို လုပ်ကိုင်ခဲ့ရခြင်းဖြစ်ကြောင်း ကိုမောင်သာဖြူက ဆိုသည်။

“စာညံ့တာက သူတို့ကို အပြစ်ဆိုခြင်း မဟုတ်ပါ။ပြည်တွင်းစစ်ပွဲကြောင့် ကျောင်းကိုကောင်းစွာမတ က်ခဲ့ရတဲ့ဒုက္ခ၊စစ်ဘေးရှောင်စခန်းသို့ ရောက်ရှိလာတော့ ကိုဗစ်ကာလကျောင်းပိတ်တာတွေနဲ့ ကြုံတွေရတဲ့ ဒုက္ခတွေကြောင့် သူတို့လေးတွေ ပညာရေးနဲ့ ဝေးခဲ့ကြရတာပါ။”ဟု သူ့အမြင်ကို  ဆိုသည်။

ထိုစာသင်ခန်း၏ အဓိကရည်ရွယ်ချက်မှာ အစစအ ရာရာအဆင်မပြေဖြစ်နေကြသည့် စစ်ဘေးရှောင်စခန်းက ကလေးငယ်များကို စာသင်ကျောင်းနှင့် မဝေးစေလိုခြင်းဖြစ်ကြောင်း ကိုမောင်သာဖြူက ဆက်ပြောသည်။

ထိုလမ်းမကျောင်းစစ်ဘေးရှောင်စခန်းတွင် မူလတ န်း ကျား ၁၀၃ ဦး၊မ ၉၈ ဦး၊ပေါင်း ၂၀၁ ဦး၊အလယ် တန်း G-6 တွင် ကျား ၁၉ ဦး၊မ ၁၅ ဦး ပေါင်း ၃၄ ဦး၊G-7 တွင် ကျား ၁၅ ဦး၊မ ၁၁ ဦး ပေါင်း ၂၆ ဦး၊စုစု ပေါင်းကျောင်းသား၊ကျောင်းသူ ၂၆၁ ဦးရှိသည်။

ထိုကျောင်းသား၊ကျောင်းသူများကို ဘူးသီးတောင်မြို့နယ်မှ ရွာလုံးကျွတ်ထွက်ပြေးနေကြရသော စပါးထား၊ကွမ်းတောင်၊နွားရုံတောင်၊စံဂိုးထောင်၊ဥယျာဉ်သာ၊သျှစ်သျှားတောင်၊သရက်ပြင်၊ဒုံးပိုက်၊သင်္ဂနက်စသည့်ကျေးရွာများတွင် တာဝန်ကျနေသော ဆရာ၊ဆရာမများထဲမှ ကိုးဦးက သင်ကြားနေခြင်းဖြစ်သ ည်။

”ကလေးတွေပညာရေးကို ဆက်လက်သင်ယူခွင့်ရဖို့ အတက်နိုင်ဆုံး ကြိုးစားပေးနေတာပါ။လိုအပ်ချက်တွေကတော့အများကြီးပါပဲ။အဓိကတော့ ကလေး

တွေအတွက် စာရေးကရိယာတွေ၊အဝ တ်အထည်တွေလိုအပ်နေတာပေါ့။” ဟုလမ်းမကျောင်းကျောင်းထိုင် ဆရာတော်က မိန့်ကြားသည်။

ထိုလမ်းမကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ နှစ်ရာကျော်ထဲကWEEKEND CLASS သို့ KG(သူငယ် တန်း)တန်းမှ Gread-7 ထိ စိတ်ဝင်စားသူအများစုလာတက်ကြသည်။

ထိုကျောင်းသား၊ကျောင်းသူများမှာ ဘူးသီးတောင်မြို့နယ် ကံပြင်၊စည်တောင်၊ကွမ်းတောင်၊နွားရုံတောင်၊စံဂိုးထောင်၊ဥယျာဉ်သာ၊သျှစ်သျှားတောင်၊ သရက်ပြင်၊ကြာညိုပြင်၊ဖုံညိုလိပ်၊အုတ်တောင်၊ရခိုင်ကွမ်တိုင်၊သရဖီနှင့် ရသေ့တောင်မြို့နယ်မှ ကျောက်တန်းကျေးရွာများမှ ဖြစ်ကြသည်။

ရခိုင်တွင် တိုက်ပွဲနှင့်အတူ ကိုဗစ်ရောဂါလည်း ပြင်း ထန်ခဲ့သည့်အတွက် သာမန်ပြည်သူများပင် သားသ မီးပညာရေးထက် စားဝတ်နေရေးကို အဓိကဖြေရှင်းနေကြရသည်။

ထိုအတူ စစ်ဘေးရှောင်များမှာလည်း အသက်ရှင်ရပ်တည်နိုင်ရေးအတွက် ခက်ခက်ခဲခဲကြိုးစားနေကြရသဖြင့် သားသမီးပညာရေးကို မတတ်သာအဆုံး မျက်ကွယ်ပြုနေကြရသည်ဟု ဆိုကြသည်။

သို့သော် ငွေကြေးတတ်နိုင်သည့် မိဘများက သား သမီးပညာရေးအတွက် အပြင်ကျူရှင်များတွင် ထားနိုင်ကြသော်လည်း စစ်ဘေးရှောင်မိသားစုများမှာ စားဝတ်နေရေးက အရေးကြီးဆုံးဖြစ်နေကြသ ည်။

ထို့ကြောင့် ကျောင်းအားရက်များတွင် ကျူရှင်သ ဘောမျိုး စာလာပြပေးကြသော weekend class သည် စစ်ဘေးရှောင်ကလေးများအတွက် ကောင်း မွန်သော အတန်းတစ်ခုဖြစ်ကြောင်း ပညာရေးဝန် ထမ်းများက ပြောသည်။

“ခုလို လူငယ်တွေစုပြီး စာသင်ပြပေးတာ၊ရခိုင်သ မိုင်းအကြောင်းအရာတွေကို ပြောပြပေးတာ၊ကစားပွဲတွေဖန်တီးပြီးကလေးတွေကို ပျော်ရွှင်အောင် လုပ်ပေးတာတွေက အလွန်ကောင်းမွန်ပါတယ်။”ဟု ရန်အောင်မြေစစ်ဘေးရှောင်စခန်းတွင်နေထိုင်သူ ကိုဝေယံစိုးကလည်း ပြောသည်။

ရခိုင်တိုက်ပွဲအတွင်း ဘူးသီးတောင်မြို့နယ်မှာ မြန် မာစစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် စာ သင်ကျောင်းအ တွင်း ကျရောက်ပေါက်ကွဲပြီးကျောင်းသား၊ကျောင်းသူအများအပြားဒဏ်ရာပြင်း ထန်စွာရဖူးကြသည်။

ထိုအပြင် ကျေးရွာများမီးရှို့ဖျက်ဆီးခံရမှုများနှင့်အင်တာနက်ဖြတ်တောက်ခံရမှုများကြောင့် စစ်ဘေးရှောင်ကျောင်းနေအရွယ်ကလေးများအပါအဝင် ရ ခိုင်ရှိ လူငယ်အများစု ပညာသင်ကြားခွင့်များ ကန့်သတ်ဆုံးရှုံးခံခဲ့ကြရသည်။

”ကျောင်းသား၊ကျောင်းသူကလေးတွေ ကျောင်းစာတွေနဲ့ မဝေးအောင်၊မသိတဲ့ သမိုင်းအကြောင်းအရာတွေကို သိအော င်၊စိတ်ရိုင်းတွေ မဝင်ရအောင်၊အ ထူးသ ဖြင့် ကျောင်းပြင်ပကို မရောက်အောင်သင်ပြဆုံးမပေးကြတဲ့အတွက် ကြိုဆိုပါတယ်။”ဟု ကိုဝေယံစိုးက သူ၏အမြင်ကို ဆိုသည်။

ထိုစာသင်ခန်းသည်စာသင်ပြသည့်အ ပြင် မုန့်ကျွေးပြီး ဗဟုသုတများလည်း ဝေမျှပေးကြရာ ကလေးငယ်များအတွ က် ပျော်ရွှင်စရာနေရာတစ်ခုဖြစ်သ ည်ဟု စစ်ဘေးရှောင်ကျောင်းသား၊ကျောင်းသူများက ပြောသည်။

“စာတွေသင်ပြပေးပါတယ်။မုန့်ပါ ကျွေးတဲ့အတွက် ပျော်ရပါတယ်။က စားပွဲတွေလည်း ကျင်းပပေးတဲ့အတွက် ပိုပြီး သဘောကျပါတယ်။ဗဟုသုတ တွေလည်း ရပါတယ်။”ဟု ငါးတန်းကျောင်းသူတစ်ဦးက ဆိုသည်။

သို့သော်လည်း အတန်းသို့ကျောင်း သား၊ကျောင်းသူအားလုံး မရောက်ရှိကြဘဲ တချို့မိဘများအနေဖြင့် စိတ် ဝင်စားမှုနည်းနေကြသေးသည်ဟု လမ်းမက ယ်ဆယ်ရေးစခန်းတွင်နေထိုင်သူ ကိုအောင်ဆွေလင်းက အားမလိုအားမရ ဆိုပါသည်။

ထိုသို့ ကျောင်းသားများ အတန်းမရောက်ရှိနိုင်ကြခြင်းမှာ မိဘများပညာရေးကို စိတ်မဝင်စားခြင်း၊စားဝတ်နေရေးအဆင်ပြေရန် ခက်ခဲစွာလုံးပန်းနေရခြင်းကြောင့် သားသမီးများကို ဂရုမစိုက်နိုင်ခြင်းတို့ကြောင့်သာဖြစ်မည်ဟု ကိုမောင်သာဖြူက သုံးသပ်သည်။

စစ်ဘေးရှောင်စခန်းများတွင် စာသင်ခြင်းကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက် တင်ဘာလခန့်တွင် စတင်ဖွဲ့ စည်းခဲ့ခြင်းဖြစ်သော်လည်း ကိုဗစ်ပြင်းထန်ချိန်တွင် စာသင်သည့်အလုပ့်ကို ရပ်နားခဲ့ကြပြီး  ယခု ၂၀၂၂ ခုနှစ် နှစ်စမှစ၍ ပြန်လည်ဆောင်ရွက်ခဲ့ခြင်းဖြစ် သည်။ 

ယခုနှစ်တွင် အာရက္ခသဇင်အမျိုးသမီးအဖွဲ့၊စာပေဥယျာဉ်အဖွဲ့၊စိုင်းတင်ပုံရိပ်စသည့် ပရဟိတအဖွဲ့များမှ စာသင်ပြခြင်းကို စိတ်ဝင်စားသောလူငယ်များ ပူးပေါင်းလာခဲ့ကြသည့်အတွက် ဆရာ၊ဆရာမ အင် အားလည်း တိုးလာခဲ့သည်ဟု ဆိုသည်။

”ရုပ်ပိုင်းဆိုင်ရာရော့၊စိတ်ပိုင်းဆိုင်ရာပါကုစားမှုတွေလိုအပ်နေတဲ့ကလေးတွေကို အချိန်ရသလောက်လေးမှာ လာပြီးတော့ စေတနာ၊မေတ္တာတွေနဲ့ ကုစားမျှဝေးပေးဖြစ်တာပါ။” ဟု ပညာဒါနလာရောက်သင် ပြပေးနေသော ဆရာမတစ်ဦးက သူမ၏ စိတ်ဆန္ဒကိုပြောပြသည်။

ထိုစာသင်ကြားပုံများကို စနေ၊တနင်္ဂနွေနေ့များတွင် နေ့လယ်တစ်နာရီမှလေးနာရီထိ စစ်ဘေးရှောင်စခန်းသုံးခုမှာ လူခွဲပြသနေကြသည်။

ဘူးသီးတောင်မြို့ပေါ်တွင် စစ်ဘေးရှောင်စခန်း ၄ ခုရှိပြီး လမ်းမကျောင်းစစ်ဘေးရှောင်စခန်းမှာ အိမ် ထောင်စုသုံးရာကျော်၊လူဦးရေ ထောင့်ငါးရာနီးပါးဖြင့် အများဆုံးဖြစ်သည်။

ထိုစခန်းလေးခုထဲက ဂန္ဓာရီစစ်ဘေးရှောင်စခန်းမှာ ယခင်ကတည်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဖွင့်လှစ်ထားသဖြင့် စစ်ဘေးရှောင်ကျော င်းသား၊ကျောင်းသူများ ဆက်လက်ပညာသင်ယူခွင့်ရရန် လွယ်ကူသွားသည်။

လက်ရှိ ခေတ်လူငယ်အများစုသည် မိမိတို့၏ အား လပ်ချိန်များကို ဂိမ်းကစားခြင်းဖြင့် ကုန်ဆုံးနေကြသည်။ဂိမ်းသည်လည်း မူးယစ်ဆေးဝါးလို လူငယ်ထုကို စွဲလမ်းစေလျှက်ရှိနေသည်။

သို့ရာတွင်တက္ကသိုလ်ကျောင်းများ ပိတ်ထားချိန်မှာ ပညာတတ်လူငယ်တချို့အချိန်ကိုအကျိုးရှိစွာ အ သုံးမချတတ်ခြင်းသည် အနာဂတ်ရခိုင်ပြည်အတွက် ဆိုးကျိုးကိုဖြစ်စေသည်။

ထို့ကြောင့် weekend classနှင့်ပူးပေါင်းစာလာသင် ပြပေးသော လူငယ်များကို ဒေသခံများက ချီးကျူးစကားဆိုကြသည်။

“တချို့လူငယ်တွေက အားလပ်ချိန်တွေမှာ ဂိမ်းတွေကစားပြီး အချိန်ဖြုန်းကြတယ်။ဒီမှာ ဆရာ၊ဆရာမအဖြစ်နဲ့ စာလာပြကြတဲ့ လူငယ်တွေက အချိန်ပိုတွေကို ပရဟိတအဖြစ်အသုံးချကြတယ်။ဒါကြောင့် က လေးတွေအတွက်လည်းကောင်းသလို သူတို့အတွ က်လည်း ကောင်းတာပေါ့။”ဟု ကိုမောင်သာဖြူက ပြောသည်။

စစ်ဘေးရှောင်စခန်းမှ ကျောင်းသားလူငယ်အများစုသည် အများနည်းတူ ကျူရှင်မရှိကြသည့်အတွက်  Class အနေဖြင့် ဘာသာရပ်အလိုက် အခမဲ့ကျူရှင်များဖန်တီးခြင်း၊နွေရာသီတွင် အင်္ဂလိပ်စာ အခြေခံသင်တန်းများနှင့် စာရိတ္တကိုမြှင့်တင်ပေးသည့် ယဉ် ကျေးလိမ္မာသင်တန်းများကိုလည်း တိုးချဲ့သင်ကြားပေးရန် ရည်ရွယ်ထားသည်။

ထို့ပြင် ကျပန်းစကားပြိုင်ပွဲများကျင်းပခြင်း၊အား ကစားပြိုင်ပွဲများ ပြုလုပ်ပေးခြင်း၊ဟောပြောပွဲများ ကျင်းပပေးခြင်းတို့ကိုလည်း ဖန်တီးပေးချင်နေ

ကြောင့် ပြောပြသည်။

ထိုရည်မှန်းချက်များရှိသော်လည်း အကောင်အထ ည်ဖော်ရန်အတွက် ငွေ ကြေးအလုံအလောက်မရှိဘဲ ယခုအ ခြေအနေကိုပင် စိတ်ဝင်စားသော အလှူ ရှင်များ၏ အလှူငွေများဖြင့် လည်ပတ်နေရခြင်းဖြစ် ကြောင်း ကိုမောင်သာဖြူက ပြောပြသည်။

“ခုလောလောဆယ်မှာ အပတ်စဉ် မုန့်ကျွေးမယ့်အလှူရှင်တွေ၊သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေပါတယ်။ဆရာ၊ဆရာမတွေကို အင်္ကျီဆင်တူ လုပ်ပေးချင်တယ်။ကလေးတွေကိုပါ ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့။”ဟု ကိုမောင် သာဖြူက သူ့ဆန္ဒကို ပြောပြသည်။

ရခိုင်တိုက်ပွဲကြောင့် စစ်ဘေးရှောင်စခန်း စစ်တွေမြို့နယ်မှာ ၉ ခု၊ပုဏ္ဏားကျွန်းမြို့နယ်မှာ ၇ ခု၊ရသေ့တောင်မြို့ နယ်မှာ ၂၈ ခု၊ပေါက်တောမြို့ နယ်မှာ ၄ ခု၊မြောက်ဦးမြို့ နယ်မှာ ၂၆ ခု၊မင်းပြားမြို့နယ်မှာ ၁၆ ခု၊ကျော က်တော်မြို့န ယ်မှာ ၄ ခု၊မြေပုံမြို့နယ်မှာ ၆ ခု၊ဘူးသီးတောင်မြို့နယ်မှာ  ၂၀၊ အမ်းမြို့နယ်မှာ  ၅ ခုရှိသည်။

ထိုစစ်ဘေးရှောင်စခန်းအားလုံးရှိ စစ်ဘေးရှောင် ကျောင်းသား၊ကျောင်းသူများမှာ ဆက်လက်ပညာ သင်ယူခွင့်ရအောင်ကြိုးစားနေကြသော်လည်း အခ က်အခဲစိန်ခေါ်မှုနှင့်လိုအပ်ချက်များစွာရှိနေကြဆဲဖြစ်သည်။

ထိုကဲ့သို့အခြေအနေများကြား နည်းမျိုးစုံဖြင့် ပညာ သင်နေကြသော်လည်း Weekend Class ကဲ့သို့ ကျောင်းပိတ်ရက်များတွင် “စိတ်ကိုလည်းပြင်စာလ ည်းသင်”သည့် စစ်ဘေးရှောင်စာ သင်ခန်းမျိုး မရှိသလောက်နည်းပါးနေသေးသည်။

အဆိုပါ ကျောင်းသား၊ကျောင်းသူများကို စစ်ဘေးရှောင်စခန်းစတင်ဖွင့်ချိန်ကလမ်းမကျောင်းဓမ္မာရုံတွင် ယာယီသင် ပေးခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် လူဦးရေပိုမိုများပြားလာသဖြင့် ဓနီးမိုး၊ဝါးကာဖြင့် ကျောင်းခြံဝင်ထဲရှိ မြေလွ တ်တွင် ယာယီကျောင်းဆောင်ဆောက်လုပ်ခဲ့သည်။

ထို့စာသင်ဆောင်မှာ ပြီးခဲ့သည့်လက လေပြင်းတို က်ခတ်မှုကြောင့် ပြိုပျက်ခဲ့ရာ ယခုအချိန်ထိပြန် လည်ပြုပြင်တည် ဆောက်နိုင်ခြင်းမရှိသေးသည့် အတွက် ကျောင်းသားလူငယ်များ မြေကြီးပေါ်တွင် စာသင်နေရသည်။

မြန်မာနိုင်ငံအတွင်း ဒုတိယအဆင်းရဲဆုံးဖြစ်နေပြီး အဖက်ဖက်ကနိမ့်ကျနေသည့်အပြင် စစ်ဘေးရှောင်ဘဝဖြင့်နေကြရသည့်အတွက် ပညာရေးနှင့်ဆိုင်သည့် လှုပ်ရှားမှုများမှာ စစ်ဘေးရှောင်စခန်းတိုင်းတွင် ရှိရန်လိုအပ်နေသည်။

ထိုကဲ့သို့ စစ်ဘေးရှောင်စခန်းအားလုံးတွင်ရှိလာပါ က ရခိုင်ပြည်ပညာရေးအတွက် တဖက်တလမ်းမှာ အထောက် အကူပြုလာမည်ဖြစ်သည်။

ရခိုင်ပြည်အနာဂတ်အတွက် အရေးပါသည့်မျိုးဆ က်သစ်လူငယ်များကို စာပေသင်ကြားပေးနေရုံမက အသိပညာဗဟုသုတများကိုလည်း ဖြည့်ဆည်းပေးချင်နေသော မျှော်လင့်ချက်အစီအစဥ်တချို့ကိုလ ည်း ကိုမောင်သာဖြူကပြောပြသည်။

”ဒီစစ်ဘေးရှောင်စခန်းသုံးခုကိုစုပြီး ကျဘန်းစကားပြိုင်ပွဲ၊အားကစားပြိုင်ပွဲ၊စာ ရေးဆရာတွေကိုခေါ်ပြီး စာပေဆိုင်ရာ ဟောပြောပွဲတွေ ပြုလုပ်ပေးချင်နေပါတယ်။ဒီအတွက် ကုန်ကျစရိတ်လေးတွေ ထော က်ပံ့ပေးမယ့်သူ ရှိလာရင်တော့ သိပ်အကျိုးရှိမှာပါ။ ” ဟု သူကဆက်ပြောသည်။

ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)နှင့်အာဏာသိမ်း စစ် တပ်တို့ကြား တိုက်ပွဲများရပ်တန့်နေသော်လည်း စစ်ဘေးရှောင်များနေရပ်မပြန်နိုင်ကြသေးသဖြင့် ကို

မောင်သာဖြူတို့ WEEKEND CLASS (IDPs) CAMP စာသင်ဆောင်လေးမှာရခိုင့်လီသံ၊ရခိုင့်ဟန်များဖြင့် ရခိုင့်အောင်လံအောက်မှာ ကဗျာရွက်သံ၊စာဆိုသံများ ပဲ့တင်ထပ်လွှင့်ပျံ့နေဦးမည်ဖြစ်သည်။ ။

https://www.facebook.com/permalink.php?story_fbid=151744597267855&id=107469705028678

Leave a Reply

Your email address will not be published.