By Western News/ 2022 March 29
ပြီးခဲ့သည့် မတ် ၂၆ ရက် အာရုဏ်ပိုင်းအချိန်တွင် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ဆောင်သူတစ်စုက သတင်းထောက်တစ်ဦး၏ နေအိမ်အား ဝင်ရောက် အနိုင့်ကျင့်ရမ်းကားမှုမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်နှင့် တစ်စုံတစ်ရာဆက်စပ်မှုမရှိကြောင်း ယနေ့ မတ် ၂၉ ရက်နေ့တွင် ULA/AA ဘက်မှထုတ်ပြန်လာသည်။
အုပ်စုလိုက် လူ ၃၀ ခန့်မှ သံတုတ်နှင့် သေနတ်များကိုင်ဆောင်ကာ နေအိမ်သို့ဝင်ရောက်ပြီး ကိုယ်ထိလက်ရောက်စော်ကား အနိုင်ကျင့်ခဲ့မှုအတွက် တရားမျှတမှုတစ်ခုကိုလိုလားကြောင်း အနိုင်ကျင့်ခံရသူ မိသားစုဝင်များမှ တောင်းဆိုထားသည်။
လက်ရှိတွင် ထိုသို့ လက်နက်များဖြင့် ဝင်ရောက်ရမ်းကားခဲ့သည့် လူတစ်စုမှာ မည်သည့်အဖွဲ့အစည်းမှဖြစ်ပြီး မည်သူမည်ဝါဖြစ်သည်ကို လက်ရှိအချိန်ထိ မသိရှိရသေးပေ။
https://www.facebook.com/westernnewsagency/posts/492381359235040