စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာတစ်ရွာမီးလောင်၍ နေအိမ် ၁၅ လုံး ပျက်စီး

By Narinjara / 2022 March  02

မြထွီးသျှင်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဘုမေကျေးရွာအုပ်စု၊ ဗေဒါမူဆလင်ကျေးရွာတွင် ယမန်နေ့က မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် နေအိမ် ၁၅ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ယမန်နေ့ မတ်လ ၁ ရက် နေ့လယ် ၂ နာရီ ၂၅ မိနစ်အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင်များ၊ ရွာသူရွာသားများ၏ မီးငြှိမ်းသတ်ခဲ့မှုကြောင့် ယမန်နေ့ နေ့လယ် ၃ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရခြင်းမှာ ဗေဒါကျေးရွာနေ နော်ဇီမာခါတူ၏ နေအိမ််တွင် ဆိုလာပြားမှတဆင့် ဘက်ထရီအိုးကို အားသွင်းရာမှ အပူလွန်ကဲကာ လောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်မီးသတ်တပ်ဖွဲ့မှ လက်ထောက်ဦးစီးမှူး ဦးခင်မောင်ဆွေက နိရဥ္စရာသို့ပြောသည်။

“လူထိခိုကျဒဏျရာရတာကတောာ့ မရှိဘူး။ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်သွားတာပါ” ဟုပြောသည်။

မီးလောင်မှုဖြစ်ပွားခဲ့ခြင်းကြောင့် နေအိမ် ၁၅ လုံးမီးလောင်ပျက်စီးသွားခဲ့ကာ ကာလတန်ဖိုး ၂၄ သိန်းကျော် ဆုံးရှုံးမှုရှိခဲ့ကြောင်း ပြည်နယ်မီးသတ်တပ်ဖွဲ့၏ စာရင်းအရ သိရသည်။

မီးလောင်မှုနှင့်စပ်လျဉ်း၍ မီးပေါ့ဆသူ နော်ဇီမာခါတူအား ဥပဒေအရအရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့် ဗေဒါ(မူဆလင်) ကျေးရွာတွင် အိမ်ခြေ ၁၂၃ လုံး၊ အိမ်ထောင်စု ၁၂၅ စု၊ လူဦးရေ ၈၅၅ ဦးနေထိုင်ကြောင်း သိရှိရသည်။

ရခိုင်တွင် ယခုနှစ် ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလ ၂ လအတွင်း မီးလောင်မှုဖြစ်ပွားခဲ့မှုများကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကာ နေအိမ် ၂၆ လုံး၊ ကျပ်သိန်း ၅ဝဝ တန်ဖိုးရှိ ကား ၁ စီးနှင့် ဂိုဒေါင် ၂ လုံးတို့လည်း မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ပြည်နယ်မီးသတ်တပ်ဖွဲ့စာရင်းအရ သိရသည်။

https://www.facebook.com/narinjara.info/posts/5262331120445589

Leave a Reply

Your email address will not be published.