စက်သုံးဆီတစ်လီတာလျှင် ကျပ် ၂၀၀၀ ကျော်အထိ ခုန်တက်

By Western News/ 2022 March 03

ရခိုင်ပြည်နယ်ရှိ မြို့နယ်များမှ ဆီအရောင်းဆိုင်များတွင် ယနေ့ မတ်လ ၃ ရက်နေ့၌ စက်သုံးဆီ ၁ လီတာကို ကျပ် ၂၀၀၀ ကျော်နှင့် နယ်ဖက်များတွင် တစ်လီတာကို ၂၅၀၀ ကျပ်အထိ မြင့်တက်လာပြီး ယခုရက်ပိုင်းအတွင်း စျေးအမြင့်ဆုံးသို့ရောက်ရှိလာသည်။

ယမန်နေ့ မတ်လ ၂ ရက်နေ့အထိ စက်သုံးဆီ ၁ လီတာလျှင် ဆီအမျိုးအစားအလိုက် ကျပ် ၁၇၀၀ ကျော်မှ ၁၈၀၀ ကျပ်ဝန်းကျင်အထိသာရှိခဲ့သ်ောလည်းမတ်လ ၃ ရက်နေ့တွင် ဆီအရောင်းဆိုင်ကြီးများတွင် 92တစ်လီတာလျှင် ၂၀၄၀ ကျပ်၊ 95တစ်လီတာလျှင် ၂၁၃၀ ကျပ်၊ ပရီမီယမ် ဒီဇယ်တစ်လီတာလျှင် ၂၀၆၀ ကျပ်နှင့် ဒီဇယ်တစ်လီတာလျှင် ၂၀၄၀ ကျပ်အထိဈေးနှုန်းမြင့်တက်နေသည်။

စစ်တွေမြို့ဆီအရောင်းဆိုင်ကြီးမှ အရောင်းဝန်းထမ်း တစ်ဦးက”မနေ့ကတော့ ၂၀၀၀ ကျပ်မရှိသေးပါဘူး။ ၁၇၀၀ ကျော် ၁၈၀၀ ကျော်လောက်ပဲရှိပါတယ်။ ဒီနေ့တော့ ဆိုင်ဖွင့်တာနဲ့ ၂၀၀၀ ကျော်ရောင်းရတယ်။ ဆီဈေးက ဒီနေ့ ၂၀၀၀ ကျပ်ရှိပေမယ့် မနက်ဖြန်ဒီထက်ပိုများနိုင်သလို ကျလည်းကျသွားနိုင်ပါတယ်။ ပုံသေတော့မရှိဘူးပေါ့” ဟုပြောသည်။

ဆီဆိုင်ကြီးများတွင် တစ်လီတာကို ၂၀၀၀ ကျပ်အထိ ဈေးမြင့်တက်နေသည့်အတွက် တစ်ပိုင်တစ်နိုင်ရောင်းနေသော လမ်းဘေးဆီဆိုင်ငယ်များတွင် ၂၂၀၀ ကျပ်မှ ၂၂၅၀ ကျပ်နှင့်နယ်ဖက်ဆိုင်များ ၂၅၀၀ ကျပ်အသီးသီးစျေးနှုန်းမြင့်တက်လျှက်ရှိနေသည်။

ပြီးခဲ့သည့်၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ စစ်အာဏာအသိမ်းခင်က စက်သုံးဆီတစ်လီတာလျှင် ၉၀၀ ကျပ်မှ ၁၀၀၀ ကျပ်ဝန်းကျန်သာရှိခဲ့သော်လည်း လက်ရှိအခြေအနေတွင် စျေးနှုန်းတဖြည်းဖြည်း မြင့်တက်လာနေသည်။ ယင်းအပြင်စစ်တပ်ကအာဏာသိန်းပြီးနောက်ပိုင်းဖေဖော်ဝါရီလလယ် ခန့်မှစကာ ကုန်ပစ္စည်းများဈေးမြင့်တက်လာသလို စက်သုံးဆီဈေးနှုန်းလည်းတဖြည်းဖြည်းမြင့်တက် လာနေခြင်းဖြစ်သည်။

စက်သုံးဆီဈေးနှုန်များမြင့်တက်လာသည်နှင့်တစ်ပြိုင်နက် နောက်ဆက်တွဲအနေဖြင့် ခရီးသည်တင်ကားများ၊ သုံးဘီဆိုင်ကယ်များစသည့် သယ်ယူပို့ဆောင်ရေးပိုင်းတွင် ယခင်ကထက် ဈေးနှစ်ဆခန့်မြင့်တက်လျက်ရှိနေသည်။

ယနေ့ မတ်လ ၃ ရက်နေ့ဆီဈေးမှာ ရခိုင်ပြည်နယ်အတိုင်းအတာတစ်ခုတည်းတွင် မြင့်တက်နေခြင်းမဟုတ်ဘဲ တစ်နိုင်ငံလုံးအတိုင်းအတာအရ ၁၉၀၀ ကျပ်မှ ၂၀၀၀ ကျပ်ကျော်အထိ မြင့်တက်နေခြင်းဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/476028130870363

Leave a Reply

Your email address will not be published.