စက်သုံးဆီစျေးမြှင့်တက်မှုကြောင့် မီးင်္သဂြိုဟ်ခ တိုးမြင့်ကောက်ခံမည်

By Western News/ 2022 March 11

ဓာတ်ပုံ-စစ်တွေ နာရေးကူညီမှုအသင်း

စက်သုံးဆီစျေး မြှင့်တက်လာမှုကြောင့် ရခိုင်ပြည်နယ် စစ်တွေမြို့က နာရေးကူညီမှုလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် နာရေးကူညီမှု အသင်း(စစ်တွေ)မှာ နာရေးလုပ်ငန်းများ ကူညီပေးရာမှာ အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

စက်သုံးဆီစျေး အဆမတန် မြှင့်တက်လာမှုကြောင့် စစ်တွေ အာဂျိတ်တော်ကုန်း သုသာန်တွင် ရုပ်အလောင်း မီးသဂြိုဟ်စရိတ် ကုန်ကျငွေကို ယခင် ၄သောင်းကျပ်  ကောက်ခံရာမှ ယခု ၆သောင်း ၅ ထောင်ကျပ်တိုးမြှင့် ကောက်ခံသွားမှာဖြစ်သည်ဟု နာရေးကူညီမှုအသင်း (စစ်တွေ) မှ ရုံးအုပ်ကြီး ဦးလှမောင်သိန်း ကပြောသည်။

“ရုပ်အလောင်း တစ်လောင်း သင်္ဂြိုဟ်ရင် ဒီဇယ်ဆီ ၅ ဂါလံ နီးပါး အသုံးပြုရတယ်။ အရင်က ဒီဇယ်ဆီတစ်လီတာကို ၇၀၀ နှုန်းထားနဲ့ သင်္ဂြိုဟ်စရိတ်ကောက်ခံခဲ့တာဖြစ်တယ်။ အခုကတစ်လီတာကို ၂၃၀၀ ကျော်ဝယ်နေရတယ်။ဒါကြောင့် အရင်င်္ဂြိုဟ်စရိတ် (၄) သောင်းကနေ အခု (၆) သောင်း (၅) ထောင် ပုံမှန်ထက် (၂) သောင်းခွဲ တိုးမြှင့်ကောက်ခံသွားမှာဖြစ်တယ်။ အခု ရုပ်အအလောင်း မီးသင်္ဂြိုဟ်စရိတ် တိုးကောက်တာက ဆီဖိုးနဲ့ မီးင်္ဂြိုဟ်အလုပ်သမားစရိတ်ကုန်ကျငွေအတွက်သာ ကောက်ခံတာ ဖြစ်ပါတယ်” ဟုပြောသည်။

နာရေးကူညီမှုအသင်းမှ မီးသင်္ဂြိုဟ်စရိတ်ကုန်ကျငွေကို မနက်ဖြန် မတ်လ ၁၂ ရက်နေ့မှ စတင်ပြီး တိုးမြှင့်ကောက်ခံသွားမှာ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ စက်သုံးဆီစျေးနှုန်းများ ပုံမှန်အတိုင်း စျေးပြန်ကျလာမည်ဆိုပါက အသင်းမှ မီးသင်္ဂြိုလ်စရိတ် ပြန်လည် လျော့ကျကောက်ခံသွားမည်ဟု သိရသည်။

နာရေးကူညီမှု အသင်း(စစ်တွေ) မှ  နာရေးကူညီမှု‌လုပ်ငန်းများကို ဝန်ထမ်း ဦးရေ (၁၀) ‌ကျော် ဖြင့် စစ်တွေမြို့မှာ နေ့စဥ် ကူညီ ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။ စစ်တွေမြို့ အာဂျိတ်တော်ကုန်း သုသာန်မှာ နာ‌ရေးကူညီမှု အသင်းမှ တစ်လကို ရုပ်အလောင်း (၁၀၀) ဝန်းကျင် ပုံမှန် မီးသင်္ဂြိုလ်ပေးနေရသည်။

https://www.facebook.com/westernnewsagency/posts/481168550356321

Leave a Reply

Your email address will not be published.