ကျောက်တော်မြို့ပေါ်ရှိ ဘောလုံးကွင်းစစ်ရှောင်စခန်းမှာ သောက်သုံးရေလိုအပ်နေ

By Boder News Agency (BNA) / 2022 March  18


(ဓာတ်ပုံ-ကျောက်တော်မြို့ပေါ်ရှိ ဘောလုံးကွင်းစစ်ရှောင်စခန်း/BNA)

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့ပေါ်မှာရှိတဲ့ မြို့သစ်မှန်ကျောင်း(ခ)ဘောလုံးကွင်းစစ်ဘေးရှောင်စခန်းမှာ သောက်သုံးရေတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ဒုက္ခသည်တွေက ပြောပါတယ်။

”ဒီမှာက လူဦးရေများတော့ သောက်သုံးရေအခက် အခဲတွေ ဖြစ်နေပါတယ်။ရေလာလှူမယ့်သူတွေရှိရင် ပိုကောင်းပါတယ်။”လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

အဲဒီစစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု ၄၀ ကျော်၊ကလေးငယ်တွေ၊သက်ကြီးရွယ်အိုတွေအပါအဝင် ကျား၊မ လူဦးရေ ၁၃၀ ကျော်ခိုလှုံနေကြပြီး စားဝ တ်နေရေးအခက်အခဲတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ဘေးရှောင်စခန်းသို့ ကျောက်တော်မြို့နယ်၊ပြိုင်းချဆည်က ရေပေးဝေထားပေမယ့် အဲဒီကပေးတဲ့ရေဟာ စခန်းမှာရှိတဲ့ လူဦးရေအတွက် မလုံလော က်ဘူးလို့ စစ်ဘေးရှောင်တွေကပြောပါတယ်။

အဲဒီအပြင်လူဦးရေ ၁၃၀ ကျော်မှာ အိမ်သာလေးလုံးပဲရှိတာမို့စစ်ဘေးရှောင်တွေအိမ်သာတက်တဲ့အခါ တန်းစီစောင့်ရတဲ့အခက်အခဲတွေလည်းရှိနေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

https://www.facebook.com/permalink.php?story_fbid=154218633687118&id=107469705028678

Leave a Reply

Your email address will not be published.