ကျူးများ၏အိမ်

By Boder News Agency (BNA) / 2022 March  13

ကံ့ကော်ရေးသားသည်

မျက်ရည်ကိုဖဲ့ဆပ်နေရတဲ့ကာလ

ဝရန်တာဆိုတာ တရံတခါကကျကွဲခြင်းတွေ..

တိတ်တိတ်ကလေးထွက်ခွာလာခဲ့ရတံစက်မြိတ်က မိုးရေစက်တွေလိုကျွန်တော်တို့ရဲ့ နှစ်တွေ….။

(၁)

နွေနေ့လယ်ခင်းရဲ့ လေထုထဲမှာ သဲနဲ့ဖုန်မှုန့်တွေ တထောင်းထောင်းထကျန်ရစ်သည်။နေပူရဲရဲအော က်မှာ နေရောင်ကကျသော အငွေ့ပူ(တံလျှပ်) တွေက စူးစူးဝါးဝါးကျရောက်နေ၏။

တလိပ်လိပ်တက်နေတဲ့ ဖုန်မှုန့်တွေကြားထဲမှာစုပုံနေတဲ့ တဲအိမ်အပြိုအပျက်အစအနတွေ။ထိုတဲအိမ် အပြိုအပျက်တွေနှင့်အတူ သေတ္တာ၊အိပ်ရာလိပ်၊ပန်းက န်ခွက်ယောက် စတဲ့တန်ဖိုးနည်းအိမ်ထောင်ပရိဘော ဂတွေက မြေပြင်ပေါ်မှာဖရိုဖရဲပြန့်ကျဲနေသည်။

အရောင်ပြယ်နွမ်းရိနေတဲ့ အဝတ်အစားတွေနှင့် အ မျိုးသမီးတချို့က သူတို့ရဲ့လသားအရွယ်ကလေးငယ် တွေကို ခါးထစ်ချီထားကြ၏။

တချို့အမျိုးသမီးကြီးများမှာ ဦးခေါင်းတွင်အထုပ် အထည်တွေကိုရွက်ပြီး ပြိုပျက်နေတဲ့ တဲအိမ်အစ အန တွေကြားမှာသွားလာလျက်ရှိသည်။

လူကြီးလူငယ် အရွယ်သုံးပါးမရွေးတို့မှာ ပြိုပျက်သွားတဲ့ တဲအိမ်အစနတွေကို နှမြောတသစွာငေးကြည့်နေကြသည် ချည်းပင်။

သူတို့၏မျက်နှာများတွင်ကား မျှော်လင့်ချက်အရိပ် အရောင်ဟူ၍ ကင်းမဲ့လျက်ရှိလေပြီ။

(၂)

ထိုမြင်ကွင်းမှာကား စစ်တွေမြို့၊ဓညဝတီရပ်ကွက်အာဂျိတ်တော်ကုန်း သင်္ချိုင်းမြေက ကျူးကျော်နေ အိမ် ၂၀၀ ကျော်ကို စစ်ကောင်စီကအင်အားသုံးဖ ယ်ရှားခဲ့ပြီးနောက် မြင်ကွင်းပင်ဖြစ်သည်။

ကျူးကျော်တွေကို စတင်ဖယ်ရှားတော့မည်ဟု မတ် လ ၈ ရက်နေ့က ပြည်နယ်ဥပဒေချုပ်ရုံးမှာ သတင်း ထောက်တွေနဲ့တွေ့ဆုံခဲ့တဲ့ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကပြောဆိုခဲ့သည်။

“ကျူးကျော်တွေကိုကျနော်တို့ဖယ်ရှားမှာပဲ”ဟုပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ရခိုင်အခြေစိုက် သတင်းထောက် တစ်ဦး၏ မေးခွန်းကို အသံခပ်ပြတ်ပြတ်နှင့် ဖြေဆိုခဲ့သည်။

သိပ်မကြာခင်မှာပဲ စစ်တွေပြည်တော်သာရထားလ မ်းတစ်လျှောက်က ကျူးကျော်နေအိမ်တွေကို မတ် လ ၉ ရက်နေ့ နံနက်ပိုင်းမှာ စတင်အင်အားသုံးဖယ် ရှားခဲ့သည်။

မတ်လ ၁၀ ရက်နေ့ နံနက် ၈ နာရီအချိန်မှာ ဓညဝတီရပ်ကွက်၊အာဂျိတ်တော်ကုန်းက နေအိမ် ၂၀၀ ကျော်ကို စစ်ကောင်စီ၏ ရဲ၊စစ်သား၊စည်ပင်၊ထွေအုပ်အဖွဲ့ဝင်တို့က အင်အား ၁၀၀ လောက်သုံးပြီး စတင်ဖယ် ရှားခဲ့ပြန်လေသည်။

(၃)

တစ်ခါမှမမြင်ခဲ့ဖူးသည့် ယူနီဖောင်းအပြည့်နဲ့ လက် နက်ကိုင် လူအုပ်ကြီးကိုမြင်လိုက်ရသော ကလေးငယ်များမှာ ကြောက်ရွံ့ကာအော်ဟစ်ငိုယိုကြသည်။

ထိုလူအုပ်၏ အကြမ်းပတမ်းပြောဆိုမှုနဲ့ လှုပ်ရှားပြု မူမှုတွေကြောင့် ကလေးငယ်များမှာပို၍ထိတ်လန့်နေပုံရ၏။သူတို့၏ မိခင်များမှာလည်း ရှေ့ရေးကိုတွေးကာ မျက်ရည်တဝဲဝဲနှင့်ဖြစ်နေကြ၏။

ထိုအမျိုးသမီးများမှာ သူတို့၏ကလေးငယ်တွေကိုချီလျက်  ခပ်လှမ်းလှမ်းမှ လက်နက်ကိုင်လူတစ်စုကို ငိုလုမတတ် အော်ဟစ်တောင်းပန်နေကြလေသည်။

“ကျွန်မတို့မှာနေစရာမရှိပါဘူးဆရာ။မဖျက်ပါနဲ့” ဆိုသည့် တောင်းပန်သံများနှင့် တချို့ရင်ဘတ်စည်တီး အော်ဟစ်ကျိန်ဆဲနေသည့် အမျိုးသမီးများ၏ အသံမှာအာဂျိတ်တော်ကုန်းသင်္ချိုင်းမြေတစ်ခုလုံးကို ဖုံးလွှမ်းလျက် ရှိသည်။

ယောကျ်ားသားများမှာကား နေအိမ်တွေကိုမဖြိုဖျ က်ဖို့ အသနားခံတောင်းပန်သူနှင့်၊ဝင်ရောက်တားဆီးသူနေသူနှင့် မြင်ကွင်းတစ်ခုလုံးမှာ စိတ်မချမ်းမြေ့ဖွယ်ပင်ဖြစ်သည်။

လူလတ်ပိုင်းအရွယ်အမျိုးသားသုံးဦးကိုတော့ နေ အိမ်တွေကိုမဖြိုဖျက်ဖို့ ဝင်ရောက်တားဆီးသည့်အ တွက် ယူနီဖောင်းဝတ်ရဲနဲ့စစ်သားတွေက အတင်း အ ကြပ်ဖမ်းဆီး ရိုက်နှက်ကာ ရဲကားပေါ်ကို တင်ဆော င်သွားကြသည်ဟု မျက်မြင်တွေကပြောသည်။ပါး စပ်ကလည်း ရုတ်ရင့်ကြမ်းတမ်းစွာဆဲဆိုသွားကြသေးသည်ဟုဆို၏။

ထိုသို့အင်အားသုံးဖယ်ရှားခံခဲ့ရသည့် အာဂျိတ်တော်ကုန်း သင်္ချိုင်းမြေပေါ်တွင် ရခိုင်စစ်ရှောင်စခန်းက နေအိမ်တွေလို အဆင်အပြင်အတော်စုတ်ချာလှသည့် ဓနိမိုးထရံကာတဲအိမ် ၂၀၀ ကျော်ရှိသည်ဟု စခန်းတာဝန်ခံ ဦးခင်မောင်ကပြောသည်။

မျက်နှာငယ်ကျောမွဲ လူဦးရေသုံးရာကျော်က မှီတင်းနေထိုင်ခဲ့ကြသည်မှာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီဟု သူကပြောသည်။

နေစရာမြေမရှိသည့်အပြင် စစ်တွေမြို့မှာ အိမ်ငှားခတွေလည်းစျေးနှုန်းကြီးလှ၍ ထိုသင်္ချိုင်းကုန်းမြေတွင် လာရောက်ခိုလှုံနေကြခြင်းဖြစ်သည်ဟုလည်း သူကဆိုသည်။

“သူတို့တွေ ဒီနေ့မနက်မှာ အင်အားအလုံးအရင်းနဲ့လာပြီး အိမ်တွေဖျက်ပစ်တယ်။ကျနော်တို့ ဘယ်နေရာမှာ နေရမယ်ဆိုတာလည်း မပြောဘဲဖျက်ပစ်တာပါ”ဟု သူကပြောသည်။

၎င်းတို့အများစုမှာ ရေသန့်ဗူး၊သံထည်စသည့် စွန့်ပစ်ပစ္စည်းတွေကောက်ပြီး အသက်မွေးသူတွေနှင့် ပန်းရံနေ့စားဝင်ရောက်လုပ်ကိုင်ပြီး ဝမ်းရေးမီးကို ဖြေရှင်းနေရသူတွေပင်ဖြစ်သည်ဟုလည်း သူကပြောသည်။

“ကျွန်တော်တို့ဟာ နေစရာလုံးဝမရှိလို့ ဒီသင်္ချိုင်းမြေမှာ နေကြတာပါ။ကလေးတွေတောင်ကျောင်းမထားနိုင်တဲ့သူတွေပါ။အခုလို အင်အာသုံးပြီးဖယ်ရှားလို က်တော့ အခုဘယ်မှာသွားနေရမလဲမသိတော့ဘူး” ဟု သူကသောကသံရောစွက်၍ ပြောပြသည်။

ဆင်းရဲနွမ်းပါးလွန်းသည့်အတွက် ကျောင်းနေအရွ ယ်ကလေးငယ်အများစုမှာလည်း ကျောင်းမနေနိုင်ကြဟု သူကဆိုသည်။

မိဘများ နေ့စဉ်လုပ်နေကျအလုပ်ကဲ့သို့ပင် စွန့်ပစ်ပစ္စည်းကောက်ယူရောင်းချခြင်းအလုပ်နှင့် တချို့အရွယ်ရောက် သူဆိုလျှင်လည်း ပန်းရံနေ့စားအလုပ်ကို ဝင်ရောက်လုပ်ကိုင်ရသည်။သို့မှသာ ဝမ်းတစ်ထွာအတွက် မဝရေစာဖြည့်တင်းနိုင်မည်ဖြစ်သည်ဟု သူကဆက်ပြောသည်။

(၄)

မြန်မာနိုင်ငံ၏ အရေးကြီးဆုံး ဥပဒေဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈) နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ အပိုဒ်ခွဲ၃၅၅ တွင်”နိုင်ငံသားတိုင်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွင်း မည်သည့်အရပ်ဒေသ၌မဆို ဥပဒေနှင့်အညီ အခြေစိုက်နေထိုင်ခွင့်ရှိသည်”ဟု ပြဌာန်းထားသည်။

“နိုင်ငံတော်ပိုင် မြေပေါ်တွင် အခွင့်အမိန့်မရဘဲ ကျူး ကျော်ပါက အောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာမြေများ ဥပဒေပုဒ်မ ၂ဝ အရ အခွန်တော်အရာရှိက ဖယ်ရှားရန် နို့တစ်ပေးရပါမည်”

“၎င်း နို့တစ်စာတွင် သတ်မှတ်ထားသောအချိန်ကာလအတွင်း မြေပေါ်ရှိ နိုင်ငံတော်ပိုင်ပစ္စည်းများမှအပ ပစ္စည်းများအားလုံး ဖယ်ရှားရန်အတွက် ဆင့်ဆိုရပါမည်”

“သတ်မှတ်ထားသောအချိန်အတွင်း လိုက်နာဆောင် ရွက်ခြင်းမပြုလျှင် အခွန်အရာရှိက ပြစ်မှုဆိုင်ရာဥပ ဒေအရ တရားရုံးတွင် တရားစွဲဆိုရပါမည်”ဟု မြေ ယာအုပ်ချုပ်မှုယန္တရားနှင့် အသုံးချမြေယာဥပဒေများ စာအုပ် အခန်း(ခ)တွင် ပါရှိသည်။

အာဂျိတ်တော်ကုန်းသင်္ချိုင်းမြေကနေအိမ်များမှာ ကျူးကျော်နေအိမ်တွေဖြစ်သည့်အတွက် ယခုကဲ့သို့ ဖယ်ရှားရခြင်းဖြစ်သည်ဟု စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က ရခိုင်အခြေစိုက် နိရဥ္စရာသတင်းဌာနသို့ မတ်လ ၁၀ ရက်နေ့တွင်ဖြေဆိုခဲ့သည်။

“ဒီနေရာက အာဂျိတ်တော်ကုန်း သင်္ချိုင်းမြေဖြစ်တယ်။ ကျနော်တို့ အစိုးရ ဘတ်ဂျက်နဲ့ ခြံစည်းရိုးကာထား တာတောင် သူတို့က အဲ့အထဲကိုဝင်ပြီး အိမ်ဆောက်ကြတယ်။ နောက်ဆို သူတို့အပိုင်ဆိုပြီး ယူကြတော့မှာ။ မကျူးကျော်ရဘူးလို့ဆိုင်းဘုတ်ထောင်တားတယ်”ဟုသူကပြောခဲ့သည်။

အမှီခိုမဲ့ကျောမွဲလူဦးရေ အများအပြားကို အာဏာသုံးအကြမ်းပတမ်း ဖယ်ရှားလိုက်ခြင်းမှာ ယင်းနေ ရာတွင်နေထိုင်နေသည့် အရွယ်မရောက်သေးသည့်အမျိုးသမီးငယ်တွေရဲ့ ဘဝလုံခြုံမှုအတွက် စိုးရိမ်စရာကောင်းသည်ဟု ရခိုင်အမျိုးသမီးများကွန်ရက်ဥက္ကဌ ဒေါ်ညိုအေးက ပြောသည်။

“အားကြီးသူကနိုင်စတမ်းဆိုတဲ့ ပုံစံမျိုးနဲ့ ခုလိုအမှီခိုမဲ့နေတဲ့လူတွေကို ဖယ်ရှားတယ်ပေါ့နော်။ အဲဒီမှာ နေတဲ့အရွယ်မရောက်သေးတဲ့ အမျိုးသမီးကလေးတွေ ၊အမျိုးသမီးတစ်ရပ်လုံးရဲ့ ဘဝလုံခြုံရေးအတွက်အရမ်းစိုးရိမ်စရာကောင်းပါတယ်”ဟု ဒေါ်ညိုအေးကအင်အားသုံးဖယ်ရှားခံခဲ့ရတဲ့ထဲက အမျိုးသမီးထုရဲ့ ဘဝလုံခြုံရေးနဲ့ပတ်သက်ပြီး သုံးသပ်သည်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခြင်းအပါအဝင် ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့် ကုန်စျေးနှုန်းတွေတ ရိပ်ရိပ်မြင့်တက်နေဆဲဖြစ်သည်။

ထိုရိုက်ခတ်မှုဒဏ်ကို နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် ၇ သောင်းကျော်ရှိနေသောဆင်းရဲနွမ်း ပါးသည့် ရခိုင်ပြည်သူတွေလည်း အလူးအလဲ ခံနေရသည်။

နဂိုကမှမျက်နှာမွဲ အောက်ခြေလူတန်းစားတွေဖြစ်သည့်အပြင် နေစရာအိမ်တွေကိုပါ ဖြိုဖျက်ခံလိုက်ရသည့် အတွက် ကျူးကျော်အိမ်တွေရဲ့ အိမ်ထောင်ဦးစီးတွေ လုံးပမ်းရမည့် နေ့စဉ်ဒုက္ခအတွက်လည်း စိုးရိမ်မိသည်ဟု ဒေါ်ညိုအေးကဆက်ပြောသည်။

“ကုန်စျေးနှုန်းကလည်း တရိပ်ရိပ်တက်နေတယ်။ အခုကျောတခင်းစာနေရာကိုပါ အင်အားသုံးဖယ်

ရှားလိုက်တော့ သူတို့တွေရဲ့ အိမ်ထောင်ဦးစီးတွေလည်း ပိုပြီးရုန်းကန်လှုပ်ရှားရတော့မယ်။ ကျွန်မတို့အနေနဲ့လည်း သူတို့အတွက်ဘာကူညီနိုင်မလဲဆိုတာ ဆွေးနွေးနေကြပါတယ်”ဟု ဆိုသည်။

ရခိုင်မှာ မြေလွတ်မြေရိုင်း အမြောက်အမြားရှိသည့်အတွက် အစိုးရအနေနှင့် ကျူးကျော်တွေကိုဖယ်ရှားပါက ယာယီနေရာအစားထိုးပေးဖို့ လိုအပ်သည်ဟု သူက ဆက်ပြောသည်။

ထိုသို့နေအိမ်ဖြိုဖျက်ခံရသူများမှာ နီးစပ်ရာဘုန်း ကြီးကျောင်းများ၊စစ်ဘေးရှောင်စခန်းများနှင့်ကားလမ်းဘေးရှိ မြေကြီးပေါ်တွင် အမိုးအကာမဲ့၊အခင်းမဲ့ နေထိုင်နေကြရသည်။

ရခိုင်မှာ လူမျိုးရေးဆန်းသည့်ပဋိပက္ခနှင့်လက်နက် ကိုင်ပဋိပက္ခများကြောင့် လူပေါင်းငါးသိန်းနီးပါး စားဝတ်နေရေးအခက်အခဲများဖြင့် အတိဒုက္ခရောက်နေကြရသည်။

(၅)

လွန်ခဲ့သည့် မတ်လ ၅  ရက်နေ့တွင်ကား ရထားလမ်းဘေးက ကျူးကျော်တဲအိမ်ငယ်တစ်ခုအတွင်း နေ ထိုင်သူတစ်ဦး၏ လူမသိသူမသိနာရေးတစ်ခု စစ်တွေမြို့ဆေးရုံကြီးတွင်ဖြစ်ပွားခဲ့သည်။

ထိုနာရေးသတင်းကား လူဆင်းရဲတို့၏ ထုံးစံအတို င်း ရက်ပိုင်းအတွင်း ပျောက်ကွယ်နေခဲ့ရသည်။ပြင်သစ်စာရေးဆရာ ဒိုမိနစ်လာပီရဲ ရေးသားခဲ့သည့် “သုခမြို့တော်”ဝတ္ထုထဲက ဇာတ်ကောင်များ၏ ဘဝနှင့် ပင်မခြား။ သို့သော် ထိုနာရေးကား အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့ ပလက်ဖောင်းပေါ်မှနာရေးတစ်ခုမဟုတ်ပေ။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရထားလမ်းဘေးက ကျူးကျော်နေအိမ်တွေကို ဖယ်ရှားဖို့ စစ်ကောင်စီကနို့တစ်စာပေးပို့ပြီးနောက် မတ်လ ၃ ရက်နေ့က အ ဆိပ်သောက်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည့် မင်းဂံအကွက်(၁)ကကျူးကျော်မိသားစုတစ်ခုမှအ သက်(၃၅)နှစ်အရွယ်၊သားသုံးယောက်မိခင် ဒေါ်အေးထွီးယဉ်၏နာရေးပင်ဖြစ်၏။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ၂၄ ရက်နေ့စွဲပါ မြန်မာ့မီးရထားတိုင်းခွဲ၊ စစ်တွေက ရထားလမ်းဘေးက

ကျူးကျော်အိမ်တွေကို ၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း)အက်ဥပဒ၏  ပုဒ်မ(၃)ရ နိုတစ်ရသည့်နေ့မှ (၅) ရက်အတွင်း အဆိုပါ အိမ်ဥပစာမှ ထွက်ခွာသွားရမည်ဟုပါရှိသည့်စာကို ဒေါ်အေးထွီးယဉ်တို့ ရထားလမ်းဘေးက ကျူးကျော်တဲအိမ်ငယ်တွေကို ပေးခဲ့သည်။

အကယ်၍ အဆိုပါအိမ်ဥပစာမှ အထက်တွင် သတ်မှ တ်ထားသည့်ရက်အတွင်း ထွက်ခွာ၍ မသွားလျှင် သင်သည် အနိုင်အထက်ပြုမှုဖြင့် ထိုအိမ်ဥပစာမှ ဖယ်ရှားခြင်းခံရလိမ့်မည်ဟု ထိုနို့တစ်စာတွင်ပါရှိသည်။

နှလုံးအားနည်းရောဂါအခံရှိသည့် ဒေါ်အေးထွီးယဉ်ကား ထိုနို့တစ်စာရပြီးကတည်းကပင် စိတ်ဖိစီးပြီး

မိမိကိုယ်ကိုယ် အဆုံးစီရင်ဖို့ မကြာခဏပြောတတ်ကြောင်း သူ၏ခင်ပွန်းဖြစ်သူ ဦးထွန်းဦးကျော်က ပြောသည်။

“ကျွန်တော့်အမျိုးသမီးကပြောတယ်။ ငါတို့မှာနေစရာမရှိတော့ဘူး။ ငါအဆိပ်သောက်သေတော့မယ်လို့ အမြဲတမ်းပြောနေတယ်။ ကျွန်တော်သူတကယ်ပြောနေတာလို့မထင်ဘူးလေ”ဟု ဦးထွန်းဦးကျော်က တစ်နှစ်နှင့် ရှစ်လအရွယ် အငယ်ဆုံးသားကိုချီရင်း ပြောသည်။

ထို့နောက် မတ်လ ၃ ရက်နေ့တွင်ကား မီးဖိုချောင်တွင်ထားသည့် မြက်သတ်ဆေးပုလင်းထဲမှ ဆေး ရည်အတော်အများကို သောက်ခဲ့သည့်အတွက် ဒေါ်အေးထွီးယဉ်ကို စစ်တွေဆေးရုံကြီးကို တင်ခဲ့ရပြီး မတ်လ ၅ ရက်နေ့တွင် သေဆုံးခဲ့သည်ဟု ဆိုသည်။

“အဲဒီနေ့ ကျွန်တော်က ဘေးတွဲမောင်းပြီးပြန်လာတော့ ပင်ပန်းပြီး တရေးတမောအိပ်မယ်ဆိုပြီးတော့

အတွင်းခန်းထဲဝင်နေပါတယ်။ခနကြာတော့ အိမ်ရှေ့ခန်းမှာ ကျွန်တော့်ဇနီး လူးလိမ့်နေတာကိုတွေ့ရတယ် ။ သူကပြောတယ်။ငါတော့ အဆိပ်သောက်လိုက်ပြီ။ ကလေးတွေကို သေချာစောင့်ရှောက်ပါဆိုပြီးသူပြောတယ်”ဟု ဦးထွန်းဦးကျော်က မျက်ရည်ကျရင်းက ပြောသည်။

သေဆုံးသူ ဒေါ်အေးထွီးယဥ်တို့မိသားစုမှာ မြောက်ဦး တင်းထရံကျေးရွာနဲ့ အလယ်စျီးရွာတို့မှ စစ်တွေမြို့ကို လုပ်ကိုင်ရှာဖွေစားသောက်ဖို့ ပြောင်းရွှေ့လာသူများလည်း ဖြစ်သည်။

ခင်ပွန်းဖြစ်သူ ဦးထွန်းဦးကျော်မှာ မူးယစ်ဆေးဝါးနဲ့ အရက်သေစာသောက်စားမှုမရှိသလို ဘေးတွဲ ဆိုင်ကယ်မောင်းနှင်ပြီး တစ်မိသားစုလုံးကိုရှာဖွေကျွေး မွေးနေသည်ဟု အိမ်နီးနားချင်းများက ပြောဆိုကြသည်။

မတ်လ ၈ရက်နေ့တွင် ဒေါ်အေးထွီးယဉ်အတွက် ရက်လည်ဆွမ်းသွပ်ပွဲကို ကျန်ရစ်သူမိသားစုလက်ရှိနေထိုင်ရာ အာဂျိတ်တော်ကုန်း အနောက်ဘက်ရှိ  ရွာသာယာရွာသစ်က တဲအိမ်စုတ်ကလေးတစ်ခုအတွင်း တိတ်ဆိတ် ခြောက်ကပ်စွာပြုလုပ်ခဲ့ကြသည်။

နှောင်ကြိုးမှအပ ဆုံးရှုံးစရာမရှိဆိုသည့်အတိုင်း ကျူးကျော်တစ်ဦးဖြစ်သူ ဒေါ်အေးထွီးယဉ်မှာ နှောင် ကြိုးဟူ သမျှကို ဖြတ်တောက်ထားရစ်ခဲ့လေပြီ။

ဒေါ်အေးထွီးယဉ်တွင် နို့မပြတ်သေးသည့် သားငယ်တစ်ဦးနှင့် အရွယ်မရောက်သေးသော သားနှစ်ယော က် ကျန်ရစ်ခဲ့လေသည်။

(၆)

ကျူးကျော်တွေအနေနှင့် ကန့်သတ်ထားတဲ့မြေပေါ်တွင် ဝင်ရောက်နေထိုင်သည့်အတွက် ဖယ်ရှားခံရနိုင်ပေမယ့် အကာကွယ်မဲ့နေသည့်လူထုကို အင်အားအလုံးအရင်းသုံးပြီး ကြမ်းကြုတ်စွာ ဖယ်ရှားမှုဟာ လူ့အခွင့်အရေးရှုထောင့်က ကြည့်ရင် လွန်ရာရောက်သည်ဟု ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

“ကျူးကျော်နေအိမ်တွေအနေနဲ့ သူတို့တားမြစ်ကန့်သတ်ထားတဲ့ နေရာမှာသွားနေတာဆိုတော့ ဥပဒေအရဆို သူတို့ဘက်ကအမှားပေါ့။ ဒါပေမယ့် လုံးဝဆင်းရဲနွမ်းပါးပြီး အကာကွယ်မဲ့နေတဲ့လူတွေကို အင်အားသုံးပြီး အကြမ်းပတမ်းဖယ်ရှားတာဟာလူ့အခွင့်အရေးချိုးဖောက်ရာရောက်တယ်လို့ပြောချင်တယ်”ဟု ဦးမြတ်ထွန်းက ကျူးကျော်နေအိမ်တွေကို စစ်ကောင်စီက အင်အားသုံးဖယ်ရှားသည့်အပေါ် သူ့အမြင်ကိုပြောသည်။

ကျူးကျော်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီအနေဖြင့် သူတို့၏ လူ့ဂုဏ်သိက္ခာကိုမထိပါးပဲ နှစ်ဘက်အဆင်ပြေမည့် နည်းနဲ့ ဖြေရှင်းသင့်သည်ဟုလည်း သူက သုံးသပ်ပြောဆိုသည်။

မည်သို့ပင်ဖြစ်စေ ရာနှင့်ချီသောအမှီအခိုကင်းမဲ့နေသည့် လူတွေမှာကားကျောတခင်းစာ နေရာဖြစ်သည့်ယာယီတဲအိမ်တွေကို ဆုံးရှုံးလိုက်ရပြီဖြစ်သည်။

စစ်အာဏာသိမ်းမှုနှင့် ကိုဗစ်ရောဂါဖြစ်ပွားမှု၊ ဒီရေအလားတရိပ်ရိပ်တက်နေသည့် ကုန်စျေးနှုန်း၊ အလုပ်အကိုင်ပါးရှားမှုတွေကြား ထိုအမှီအခိုကင်းမဲ့နေသော၊ ကျောတခင်းစာနေရာပင်မရှိတော့သော ရာနှင့်ချီသော မျက်နှာမွဲလူထု၏ မနက်ဖြန်နေ့ရက်များမှာတော့….

နွေရဲ့ကိုယ်ထည်ထဲမှာ

ပင်စည်ကရွက်ကြင်တွေကိုခါချလိုက်သလို

ငါတို့လွင့်စဥ်ခဲ့ကြရ

ယာယီအိမ်ဆိုတာပင်စည်ဖြစ်ပြီး

လွင့်စဥ်သွားတဲ့ငါတို့ကတော့

ဂုဏ်သိက္ခာမဲ့ သစ်ရွက်တွေလား။  ။

https://www.facebook.com/permalink.php?story_fbid=153090173799964&id=107469705028678

Leave a Reply

Your email address will not be published.