ULA/ AA က လာမည့် မတ်လ ၅ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲလုပ်မည်

By Western News/ 2022 February 27

လာမည့် မတ်လ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင်ULA/AA  က သတင်းစာရှင်းလင်းပွဲတစ်ခုကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်လာသည်။

ယခုသတင်းစာရှင်းလင်းပွဲကို ရက္ခိုင်ဘာသာစကားဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းသတင်းစာရှင်းလင်းပွဲကို ULA/AA က လစဉ်ပုံမှန် ကျင်းပသွားမည်းဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက Western News ကိုပြောသည်။

သတင်းရယူလိုသည့် သတင်းထောက်များအနေဖြင့်လည်း https://forms.gle/9FkNHENUvZ9R1sMp9 ကနေတဆင့် တက်ရောက်နိုင်ဖို့အတွက် စာရင်းသွင်းလို့ရပြီး သတင်းစာရှင်းလင်းပွဲတွင် မိမိမေးလိုသည့်မေးခွန်းများကို press.ula.aa@protonmail.com  သို့မတ်လ (၁) ရက်နေ့ နောက်ဆုံးထားကာ မေးမြန်းထားနိုင်ကြောင်း ထုတ်ပြန်ချက်က ရေးသည်။

သတင်းထောက်တစ်ယောက်ကို မေးခွန်း (၂) ခုခန့်သာ လက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။ ရက္ခိုင့်တပ်တော် AA က စစ်တပ်က နှင့် ၁ ကျော်အကြာ အပစ်ခတ်ရပ်နေသည့် ကာလအတွင်း ယခုကဲ့သို့ သတင်းစာရှင်းလင်းမှု လုပ်ရန်ပြောဆိုလာခြင်းသည် ပထမဦးဆုံးအကြိမ်ဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/473579357781907

Leave a Reply

Your email address will not be published.