ICJ ကြားနာမှုကို ICJ website နှင့် UN web TV. တို့မှ Live ပြမည်

By Boder News Agency (BNA) / 2022 February 19

(ဓာတ်ပုံ-မောင်တောဒေသဖြစ်စဥ်အတွင်း မူဆလင်ရွာသားတွေကို ရဲ၊နယ်ခြားစောင့်တွေ စစ်ဆေးနေစဥ်/BNA)

ရခိုင်ပြည်နယ်၊မောင်တောဒေသမှမူဆ လင်(ရိုဟင်ဂျာ-နိုင်ငံတကာအခေါ်)တွေအပေါ် လူမျိုးတုံးသတ် ဖြတ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) ကြားနာမှုကို လာမယ့်ဖေဖော်ဝါရီ ၂၁ ရက်နေ့ကစတင်ပြီး ၂၈ ရ က်နေ့အထိပြုလုပ်မှာဖြစ်ပါတယ်။

အဲဒီကြားနာမှုပထမဆုံးနေ့ကို တနင်္လာနေ့၊ဒေသစံတော်ချိန် မွန်းလွဲ ၁:၃၀ အချိန်စတင်ပြုလုပ်တာကို ICJ website နဲ့ UN web TV. တို့မှ Live ပြမယ်လို့ သိရပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာတားဆီးရေးနှင့်အ ရေးယူခြင်းဆိုင်ရာကွန်ဗင်းရှင်းအရ ဂမ်ဘီယာဘက်က လျှောက် ထားချက်ကို မြန်မာနိုင်ငံဘက်က ခုခံချေပရမှာဖြစ်ပါတယ်။

အဲဒီဂမ်ဘီယာနိုင်ငံဘက်က စွဲဆိုထားတဲ့အမှုဟာ ICJ ရဲ့ တရားစီရင်ပိုင်ခွင့်ကို လက်မခံဘူးလို့ အမျိုး သားဒီမိကရေစီအဖွဲ့ချုပ်(NLD)အစိုးရက ငြင်းဆိုခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သွားရောက် ကန့်ကွက်ခဲ့ပါတယ်။

ဒါပေမယ့် NLDနောက်ခံပြု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ ICJ ရဲ့ တရားစီရင်ပိုင်ခွင့်ရှိတယ်ဆိုတဲ့အချက်ကို လက်ခံတဲ့အကြောင်း ပြင် ဆင်ကြေညာချက်ထုတ်ပြန်ထားပါတယ်။

”ICJ ကိစ္စမှာ လောလောဆယ် NUG တက်ခွင့်ရမှာ မဟုတ်ပါ။ဒါဟာ ရုံးတော်ရဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ICJ ရုံးတော်ဟာ UN ရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေ ပြီး- UN က NUG ကို အစိုးရအဖြစ် အသိ အမှတ်ပြုပြီးမှ- အမှုကို ပြန်ဆက်မယ် ဆိုရင် ဒီဂျင်နိုဆိုက်အမှုဟာ – နှစ်ပေါင်းများစွာ ဆိုင်းငံ့သွားပါလိမ့်မယ်။ ဒါကြောင့် ICJ ဟာ လက်ရှိတည်ရှိနေစဲ စကစ အုပ်စုကိုပဲ ဆင့်ခေါ်ရခြင်းဖြစ်ပါတယ်။ ICJ ရုံးတော် အနေနဲ့ အမှုကို နှစ်ပေါင်းများစွာ ဆိုင်းငံ့အချိန်ဆွဲထားလိုမှု မရှိပါ။”လို့ Civil Rights Movemnet ဦးဆောင်လှုပ်ရှားမှုတာ၀န်ခံဌေးလွင်ဦးက သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဒီနေ့မနက်က ရေးသားထားပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံးမှာ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ တက်ရောက်ချေပမယ်ဆိုရင် စစ်ကောင်စီကို တ ရားဝင်အသိအမှတ်ပြုသလို ဖြစ်သွားနိုင်တယ်ဆိုပြီး နိုင်ငံကိုယ်စားပြုထွက်ဆိုတာကို အမျိုးသားညီညွတ်ရေးအစိုး ရဖက်က ကန့်ကွက်ထားပါတယ်။

”သို့သော် NUG အတွက်လည်း မျှော်လင့်ချက် ကင်းမဲ့သွားစေခြင်း မဟုတ်ပါ။ အကယ်၍ ဒီစပ်ကြားမှာ UN က ဖြစ်စေ၊ နိုင်ငံတကာ အသိုင်းအဝိုင်းက ဖြစ်စေ NUG ကို အစိုးရတစ်ရပ် အဖြစ် အသိအမှတ်ပြုခဲ့မယ် ဆိုရင် – ICJ ရုံးတော်ဟာ NUG အစိုးရကို ပြန်လည် ခေါ်ယူပေးပါမယ်။” လို့ သူက ဆက်ရေးထားပါတယ်။

ရခိုင်ပြည်နယ်၊မောင်တောဒေသမှာ ၂၀ ၁၇ ဖြစ်စဥ်ကြောင့် မူဆလင် ၇ သိန်းနီး ပါးတဖက်နိုင်ငံသို့ထွက်ပြေးသွားခဲ့ရပါတယ်။

https://www.facebook.com/permalink.php?story_fbid=148091274299854&id=107469705028678

Leave a Reply

Your email address will not be published.