AA အဖွဲ့ဝင်နှင့်ဆက်စပ်သူ (၄၆)ဦးကို စစ်ကောင်စီလွှတ်ပေး

By Development Media Group (DMG)/ 2022 February 12

ရက္ခိုင့်တပ်တော်(AA)အဖွဲ့ဝင်နှင့်ဆက်စပ်သူ (၄၆)ဦး၏ တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်းပြီး အမှုမှလွှတ်ရန် စစ်ကောင်စီဘက်က ယနေ့ ကြေညာလိုက်သည်။

စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ ထာဝရငြိမ်းချမ်းရေးကို ရှေးရှု၍လည်းကောင်း လွှတ်ပေးခြင်းဖြစ်သည်ဟု စစ်ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး လက်မှတ်ရေးထိုး ကြေငြာထားသည်။

https://www.facebook.com/dmgnewsagency/posts/2223452717807127

Leave a Reply

Your email address will not be published.