AA နဲ့ ဆက်စပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ တရားရင်ဆို င်နေရသူ ၆၀ ကျော်ကျန်နေ

By Boder News Agency (BNA) / 2022 February 14

(ဓာတ်ပုံ-ဖေဖော်ဝါရီလ ၁၂ ရက်နေ့က စစ်တွေထော င်မှပြန်လွှတ်လာသူများ/BNA)

အာဏာသိမ်းစစ်ကောင်စီက အမှုရုပ် သိမ်းပြီး ပြန်လွှတ်ပေးမယ့်အထဲမှာအေအေနဲ့ဆက်စပ်သူ ၄၆ ဦးပါဝင်တ ယ်လို့မနေ့ကထုတ်ပြန်ထားပေမယ့်တ ရားရင်ဆိုင်နေရသူ ၆၀ ကျော်ကျန်နေသေးတယ်လို့ သိရပါတယ်။

ပြည်ထောင်စုနေ့ကို ဂုဏ်ပြုတာရယ်၊ထာ၀ရငြိမ်းချ မ်းရေးကို ရှေးရှုတာရယ်ကြောင့် ရက္ခိုင့်တပ်တော် (AA)နဲ့ဆက်စ ပ်တဲ့အမှုတချို့ကို ပိတ်သိမ်းပြီး အဲဒီအ မှုတွေထဲက စွပ်စွဲခံရသူ ၄၆ ဦးအား လွှတ်ပေးမယ်ဆိုပြီး စစ်ကောင်စီက ဖေ ဖော်ဝါရီလ ၁၂ ရက်နေ့ကထုတ်ပြန်ချ က်မှာ ဖော်ပြထားပါတယ်။

အဲဒီလိုလွှတ်ပေးတဲ့အထဲမှာ လက္ကာရွာသားတွေအမှုနဲ့ စိတ္တရွာသားတွေရဲ့အမှုလည်း ပါဝင်တယ်လို့ တရားရုံးရဲ့ ပြောကြားချက်ကို ကိုးကားပြီးတော့ မိသားစုဝင်တွေနဲ့ ရှေ့နေတွေက ပြောကြပါတယ်။

စစ်တွေအကျဉ်းထောင်မှာ ထောင်အချုပ်နဲ့ နေရတဲ့အမှုတွေထဲက လက္ကာအ မှုပါဝင်ကြောင်း စစ်တွေခရိုင်တရားရုံးရဲ့ ပြောကြားချက်ကို ကိုးကားပြီးတော့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က ပြောပါတယ်။

အဲဒီအပြင် စစ်တွေအကျဉ်းထောင်မှာ ထောင်အ ချုပ်နဲ့ တရားရင်ဆိုင်နေရတဲ့ သာစည်ရွာသား ၃  ဦးဟာလည်း ပြန် လွှတ်ပေးမယ့်စာရင်းထဲမှာ ပါဝင်တယ်လို့ ၄င်းက ဆိုပါတယ်။

ဒါပေမယ့် ဖမ်းဆီးခံထားရတာ နှစ်နှစ်နီးပါးကြာပြီဖြစ်တဲ့ ပုဏ္ဏားကျွန်းမြို့န ယ်၊ကျောက်ဆိပ်ရွာသား ၅ ဦးရဲ့အမှုကတော့ မပါဝင်ဘူးလို့ အဲဒီအမှုရဲ့ရှေ့ နေလည်းဖြစ်တဲ့ ဦးကျော်ညွှန့်မောင်က ပြောပါတယ်။

“အကုန်လုံး လွှတ်လာကြပါပြီ”လို့ လက္ကာရွာသားတွေရဲ့ မိသားစုဝင်တစ်ဦးက  ပြောပါတယ်။

အဲဒီလိုပဲ မြောက်ဦးရဲစခန်းအချုပ်မှာ အချုပ်ကျခံနေရပြီး တရားရင်ဆိုင်နေရသူတွေထဲက စိတ္တရအမှုမှာ ပါဝင်တဲ့ စွပ်စွဲခံရသူ ၇ ဦးဟာလည်း လွှတ်မြော က်မယ့်စာရင်းမှာပါတယ်လို့ မိသားစုဝ င်တွေက ပြောပါတယ်။

“လွှတ်မယ့်စာရင်းမှာ ပါတယ်လို့ တရား ရုံးက ပြောတယ်။ကျွန်တော်တို့ အခုစောင့်နေကြတယ်။ လွှတ်တော့ မ လွှတ်သေးဘူး”လို့ စိတ္တရအမှုမှာ စွပ်စွဲခံရတဲ့ ကိုကျော်မျိုးထွန်းရဲ့အစ်ကိုကိုထွန်းမြင့်သိန်းက ပြောပါတယ်။

အဲဒီ ၇ ဦးနဲ့အတူ နောက်ထပ် မင်းပြား ဒေသခံ ၂ ဦး၊ကျောက်တော်ဒေသခံ ၁ ဦးတို့ဟာလည်း လွှတ်ပေးမယ့် စာရင်းထဲမှာ ပါတယ်လို့ ၎င်းက ဆိုပါ တယ်။

ဒါကြောင့် မြောက်ဦးရဲစခန်းက အချုပ်က လွှတ်ပေးမယ့်သူ ၁၀ ဦးရှိမှာဖြစ်ပါတယ်။

ခုလိုမျိုး AA နဲ့ ဆက်စပ်ပြီး တရားရင် ဆိုင်နေရသူ ၄၆ ဦး ပြန်လွှတ်ပေးမယ်ဆိုပေမယ့်လည်း နောက် ထပ် AA နဲ့ ဆ က်စပ်တယ်ဆိုပြီးတော့ ဖမ်းဆီးခံ ထားရသူ ၆၀ ကျော် ကျန်နေပါတယ်။

၂၀၁၈ နှောင်းပိုင်းစတင်ခဲ့တဲ့ ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်တပ်တို့တိုက်ပွဲတွေကြား AA နဲ့ ဆက်စပ်တယ် ဆိုတဲ့ သံသ ယကြောင့် ဖမ်းဆီးတရားစွဲဆိုခံရသူပေါင်း နှစ်ရာကျော်ရှိခဲ့ပါတယ်။

အဲဒီထဲက ပထမအသုတ်အနေနဲ့ ၄၄ ဦး၊ဒုတိယအ သုတ်အနေနဲ့ ၆၁ ဦး(၅၈ ဦးပဲ ပြန်လွှတ်တာတွေ့ရ)ကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပါတယ်။

ခုတစ်ကြိမ်မှာ ၄၆ ဦး ပြန်လွှတ်ပေးမယ်ဆိုပြီး ထုတ်ပြန်လိုက်ပါတယ်။

AA နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးတရားစွဲဆိုခံရသူတွေရဲ့ အမှုတွေဟာ ပုံမှန်ထက်ကြန့် ကြာနေတဲ့အတွက် မိသားစုဝင်တွေမှာ စားဝတ် နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာမို့ ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=146906537751661&id=107469705028678

Leave a Reply

Your email address will not be published.