AAနှင့် ဆက်စပ်၍ ဖမ်းဆီးခံထားရသူ ၄၆ ဦးကို စစ်ကောင်စီက ပြန်လွှတ်ပေး

By Western News/ 2022 February 12

ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင်ကျရောက်သည့် ၇၅ ကြိမ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအနေဖြင့် AAနှင့် ဆက်စပ်၍ ဖမ်းဆီးခံထားရသူ ၄၆ ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ချက်တွင် တရားရုံးအသီးသီးမှာ တရားစွဲဆိုထားဆဲဖြစ်သော AAနှင့် ဆက်စပ်၍ ဖမ်းဆီးထားသူ ၄၆ ဦး၏ တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကို တရားခံများအား အမှုမှ လွတ်ရန် ဖွဲ့စည်ပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ ယခုအမိန့်ကို ထုတ်ပြန်ကြောင်း ကြေညာချက်တွင် ရေးသားထားသည်။

ယင်းထုတ်ပြန်ချက်တွင် ၇၅ ကြိမ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအနေဖြင့်လည်းကောင်း ထာဝရငြိမ်းချမ်းရေးကိုရှေ့ရှု၍လည်းကောင်း အဆိုပါ ၄၆ ဦးကို လွှတ်ပေးလိုက်ခြင်းဖြစ်ပြီး အမိန့်အရ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

https://www.facebook.com/westernnewsagency/posts/463862458753597

Leave a Reply

Your email address will not be published.