၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား စစ်တွေတွင်ကျင်းပ

By Narinjara / 2022 February 12

ထက်အောင်

ဓာတ်ပုံ – ထက်အောင်/ နိရဥ္စရာ

ယနေ့ကျရောက်သည့် ၇၅ နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနားကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားကို ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၇ နာရီမှစ၍ စစ်တွေမြို့ ဝေသာလီအားကစားကွင်းတွင်ကျင်းပခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ် ခေတ္တဝန်ကြီးချုပ် လုံ/နယ်ဝန်ကြီးက နစကကောင်စီ ဥက္ကဋ္ဌပေးပို့သည့်သဝဏ်လွှာကိုဖတ်ကြားပြီးနောက် ရခိုင်အပါဝင် တိုင်းရင်းသားမျိုးနွယ်စုအသီးသီးက ရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

အခမ်းအနားတွင် စစ်တွေရှိ ဌာနဆိုင်ရာအသီးသီး၏ပြခန်းများနှင့် ရခိုင်စာပေပြခန်းများကိုလည်း ထည့်သွင်းပြသထားသည်ကိုတွေ့ရသည်။

https://www.facebook.com/narinjara.info/posts/5206769869335048

Leave a Reply

Your email address will not be published.