၇၄ နှစ်မြောက် ချင်းအမျိုးသားနေ့ကို မင်းပြားမြို့နယ်၌ ကိုယ်ထူကိုယ်ထ ကျင်းပခဲ့

By Western News/ 2022 February 21

ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင်ကျရောက်ခဲ့သည့် ၇၄ နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ တောင်ရှည်ပြင်ကျေးရွာ၌ ကိုယ်ထူကိုယ်ထ ကျင်းပခဲ့သည်ဟု သိရသည်။

အဆိုပါအခမ်းအနားသို့ မင်းပြားမြို့နယ်ရှိ ချင်းလူမျိုး ၃၀၀ ကျော်ခန့်တက်ရောက်ဂုဏ်ပြုခဲ့ကြသည်ဟု ပြင်ရှည်ကျေးရွာမှ အခမ်းအနားကိုဦးဆောင်ကျင်းပသူ ကိုဆလိုင်း‌နောစော်က Western News ကိုပြောသည်။

“အရင်နှစ်တွေကတော့ မလုပ်ဖြစ်မဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ချင်းအမျိုးသားနေ့ကို အုပ်စုလိုက်တစ်နှစ်ကိုတစ်ရွာစီကျင်းပကြတယ်။ ဒီနှစ်ကကျ‌ တော့အဲဒီအစီအစဉ်လည်းမရှိတော့ဘူး။အဲဒါကြောင့် ကိုယ့်ရွာမှာကိုယ်ထူကိုယ်ထလေးကျင်းပလိုက်တာ။ ရွာအဆင့်အနေနဲ့ကျင်းပတာဆိုတော့ ရွာအနီးအနားကသူတွေပဲတက်ရောက်ကြတယ်။ ရခိုင်ပြည်နယ်အတိုင်းအတာအရတော့ ဒီနှစ်မှာ မြေပုံမြို့နယ်မှာဘောလုံးပွဲလေးကျင်းပတယ်လို့သတင်းကြားတယ်။တစ်ခြားမြို့နယ်တွေမှာတော့ လုပ်သံမကြားဘူး”ဟု ပြောသည်။

လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုမင်းဘာချေက ချင်းအမျိုးသားနေ့ကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား မကျင်းပနိုင်ပေမယ့်လည်း အကျည်းချုပ်ပုံစံ‌မျိုးနှင့်  ကျင်းပသင့်သည်ဟု ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ကျရောက်ခဲ့သည့် ၇၃ နှစ်မြောက်ချင်းအမျိုးသားနေ့ကို ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေခြင်းကြောင့် ရခိုင်ပြည်နယ်တွင်မကျင်းပနိုင်ခဲ့ပေ။

ယင်းအပြင် ၂၀၂၀ပြည့်နှစ်တွင် ကျရောက်ခဲ့သည့် ၇၂နှစ်မြောက် ချင်းအမျိုးသားနေ့ကိုမူ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် ကျင်းပခဲ့သည်။

https://www.facebook.com/westernnewsagency/posts/469531231520053

Leave a Reply

Your email address will not be published.