အိုမီခရွင်နှင့် ကိုဗစ်စတုတ္ထလိူင်း

By Boder News Agency (BNA) / 2022 February 21

အောင်လင်းဟိန်းSKY ရေးသားသည်။

(ဓာတ်ပုံ-စစ်တွေမြို့ရှိ စစ်ဘေးရှောင်စခန်းတစ်ခု/ BNA)

ခုတလော ပတ်ဝန်းကျင်တစ်ခွင် ဖျားနာသူများလာတာကိုသတိပြုမိသည်။အအေးမိနှာစေး၊ချောင်းဆိုးသူများ၊အပူပြင်းဖျားနာသူများနှင့်အသံဝင်ပြီးလ ည်ချောင်းနာသူများလာကြသည်။

ဆေးရုံ၊ဆေးပေးခန်းနှင့်ဆေးဆိုင်များတွင်တုပ်ကွေးပျောက်ဆေးလာဝယ်သူ များပြားလာခဲ့သည်။

လူအများစုကတော့ အအေးမိနှာစေးချောင်းဆိုးဖြစ် စဉ်များသည် ပုံမှန်ဖြစ်နေကျအနေအထားများဖြစ် သည်ဟု တွေးထင်ကြသော်လည်း ကိုဗစ်ပိုးစစ်ဆေး ဖို့ကျပြန်တော့ တုံ့ဆိုင်းနေတတ်ကြသည်။

တစ်နိုင်ငံလုံးအတိုင်းအတာနှင့်ပိုးတွေ့သူအရေအ တွက် တစ်ဟုန်ထိုးတက်လာနေပြီး တစ်ရက်မှာ သုံးထောင်ကျော်အထိရှိနေကြောင်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်နေ့က ပိုးတွေ့သူ ၁၅၀၀ ကျော်ရှိခဲ့ရာမှ ငါးရ က်အကြာ ၁၈ ရက်နေ့မှာ သုံးထောင်အထိ နှစ်ဆတိုးသွားခြင်းလည်ဖြစ်သည်။

ပိုးတွေ့သူအရေအတွက်အပြင် သေဆုံးသူအရေအ တွက်ကလည်း တိုးလာနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

“သေဆုံးသူပြန်များလာပြီ၊ပိုးတွေ့နှုန်း ၁၀ ရာခိုင် နှုန်းကျော်သွားပါပြီ၊ခုချိန်မှာဖြစ်သမျှ ပိုးတွေ့တိုင်းဟာ အိုမီခရွမ် ပါပဲ၊ဂရုစိုက်ကြပါ၊မပေ့ါကြပါနဲ့။မိမိမှာ သံသယလက္ခဏာရှိရင် အများပြည်သူအကျိုးအတွက် အပြင်မထွက်နှင့် ထိန်းပေးပါ”ဆိုပြီးတော့ ကျန်းမာရေးဝန်ကြီး ဌာန၏ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန၊ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ၏လူမှုကွန်ရက်စာမျက်နှာမှာ ဖေဖော် ဝါရီ ၂၀ ရက်က ရေးသားထားသည်။

စစ်တွေမြို့မှာပိုးတွေ့ရှိမှုပိုများ     

တရားဝင်သတင်းထုတ်ပြန်ချက်များအရ ဖေဖော်ဝါ ရီလ ၁၄ ရက်နေ့ကစတင်ပြီး ရခိုင်ဒေသတွင်း ကိုဗစ်ပိုးစတင်တွေ့ရှိမှုအရေအတွက် တဟုန်ထိုးတိုးလာခဲ့သည်။

စိုးရိမ်စရာမရှိသောပြောဆိုမှုများနှင့် ရောဂါလက္ခ ဏာ ထင်ယောင်ထင်မှားပုံစံများဖြင့် ဇန်နဝါရီလကိုဖြတ်သန်းနိုင်ခဲ့သော်လည်း ဖေဖော်ဝါရီလအလယ်ပိုင်းအရောက်မှာတော့ကိုဗစ်ပိုးတွေ့ရှိမှုမှန်ကန်ခဲ့သ ည့်အပြင်မျိုးဗီဇပြောင်းအိုမီခရွင်ပိုးဖြစ်ကြောင်းအ တည်ပြုချက်များဖြင့် သေချာလာခဲ့သည်။

ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ခြောက်ရ က်အတွင်း ပိုးတွေ့သူပေါင်း ၂၃၀ ရှိခဲ့သည်။

ပိုးတွေ့ရှိမှုအများဆုံးဖြစ်သည့် မြို့ တော်စစ်တွေမှာ ဖေဖော်ဝါရီလ ၁၄ ရ က်နေ့က ကိုဗစ်ပိုးတွေ့သူ ၁၂ ဦး၊၁၅ ရ က်နေ့က ၆၂ ဦး၊၁၆ ရက်နေ့က ၂၆ ဦး၊၁၇ ရက်နေ့က ၃၂ ဦး၊၁၈ ရက်နေ့က၂၀ ဦးနဲ့ ၁၉ ရက်နေ့က ၂၀ ဦးစီ ရှိလာခဲ့ခြ င်းလည်းဖြစ်ပြီး ပျမ်းမျှအား ဖြင့် တစ်နေ့လျှင် ၂၈ ဦးခန့်တွေ့ရှိနေခြင်းလည်းဖြစ် သည်။

သို့ဖြစ်ရာ စစ်တွေမြိုနယ်တစ်ခုတည်းမှာ ခြောက်ရက်အတွင်း ပိုးတွေ့ရှိသူစုစုပေါင်း ၁၇၂ ယောက်အထိ ရှိလာခဲ့ခြင်းဖြစ်သည်။

ကိုဗစ်တတိယလိူင်းကပင် သေဆုံးသူ (၇၄) ဦးဖြင့်အများဆုံးဖြစ်ခဲ့သော စစ်တွေမြို့တွင် ပိုးတွေ့ရှိမှုပိုမိုများပြားလာခဲ့သော်လည်း ယနေ့အချိန်ထိ သေဆုံးသူလူနာအသစ်တစ်စုံတစ်ဦးမျှမရှိသေးကြောင်းလည်းသိရသည်၊၊ 

သို့ရာတွင် လေယာဉ်စီးနင်းလိုက်ပါမည့်သည့်များအတွက် ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားသည့် မှတ်တမ်းပြသရန်သာမက တို့ဖတ်နမူနာစစ်ဆေးခံရမည်လည်းဖြစ်သည်။    

ရခိုင်တစ်ပြည်နယ်လုံးတွင် ကိုဗစ်တတိယလိူင်းအ တွင်းကသေဆုံးသူစုစုပေါင်း (၅၀၁) ဦးရှိခဲ့ကြောင်းလည်း တရားဝင်သတင်းများအရသိရပြီး ပိုးတွေ့လူနာအများဆုံးမြို့နယ်မှာ ဂွမြို့နယ်ဖြစ်ပြီး (၅၄၇၁) ဦးရှိခဲ့ကာ မြေပုံမြို့နယ်မှာ သေဆုံးသူ လူနာ(၇) ဦးဖြင့်အနည်းဆုံးဖြစ်ခဲ့ကြောင်းဆိုသည်။

လတ်တလော ကိုဗစ်ပိုးတွေ့ရှိမှုပမာဏမှာ စစ်တွေပြီးနောက် သံတွဲက ဒုတိယအများဆုံးမြိုဖြစ်ပြီး  ခြောက်ရက်အ တွင်း ပိုးတွေ့သူ (၃၀) ဦးရှိခဲ့ခြင်းလည်းဖြစ်သည်။

ပွင့်လာရာသီကာလခရီးသွားလာသူ များပြားသော သံတွဲငပလီသည် ခရီးသွားအဝင်အထွက် ပြန်လည်စည်ကားလာသည့်တိုင် ကိုဗစ်ပိုးတွေ့ရှိမှုကြောင့် ဟော်တယ်ခရီးသွားလာရေးလုပ်ကိုင်သူများအဖို့ အဓိကထိုးနှက်ချက်တစ် ရပ်ဖြစ်လာခဲ့သည်။

ဒေသတွင်းစီးပွါးရေးလုပ်ငန်းအလုပ်ကိုင်များမှာ ကိုဗစ်နောက်ဆက်တွဲနှင့် နိုင်ငံရေးနောက်ဆက်တွဲပြသနာများတစ်ရပ်အဖြစ်နှေးကွေးလျှက်ရှိသည်။

အိုမီခရွင်မျိုးဗီဇပြောင်းအတည်ပြုယ ခင်တတိယလိူင်းမှာ ရခိုင်ပြည်တွင်းတွ င် ၂၀၂၂ခုနှစ်မေလ ၂၇ ရက်နေ့ကစ တင်ခဲ့ခြင်းဖြစ်ပြီး ဒဲလ်တာမျိုးစိပ်ဗိုင်းရပ်စ်ကူးစက်နုန်းသည် ဇွန်၊ဇူလိူင်၊သြဂုတ်လများတွင် ကူးစက်နုန်းပြင်းထန်းခဲ့ကာ အောက်တိုဘာလတွင် ပုံမှန်အ နေအထားသို့ရောက်ခဲ့ကြောင်းသိရသ ည်။

သို့ရာတွင် ကူးစက်မြန်နုန်းမြင့်မားပြင်း ထန်လွန်သော အိုမီခရွင်မျိုးစိပ်ကိုတောင်အာဖရိကနိုင်ငံ ဘော့စ်ဝါနာနိုင်ငံမှာ ၂၀၂၁ခုနှစ် နိုဝင်ဘာလတွင် စတင်တွေ့ရှိခဲ့ပြီး ဤမျိုးစိပ်သစ်မှာ တစ်ကမ္ဘာလုံးကိုမင်းမူခဲ့သော ယခင်ဒလ်တာဗိုင်းရပ်စ်မျိုး၏ ဝမ်းကွဲညီအစ်ကို ဆိုလျှင်လည်းမမှားပေ။

ယခုအခါ နိုင်ငံများစွာတွင်ကူးစက်ပျံ့နှံ့ နေပြီဖြစ်ပြီး ကမ္ဘာလှိုင်းလုံးသစ်ကို ဖြစ်ပေါ်စေဖို့ လမ်းကြောင်းပေါ်မှာ ရှိနေပြီဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်မျိုးဗီဇပြောင်း အိုမီခရွင် ရောဂါကို၂၀၂၁ခုနှစ် ဒီဇင်ဘာဘ (၂၈) ရက်နေ့က ယူအေအီးနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ မြန် မာနိုင်ငံသား (၄) ဦးတွင်စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းကူးစက်မှုတ ဖြည်းဖြည်းများပြားလာခဲ့ခြင်းလည်းဖြစ်သည်။

ရခိုင်ဒေသတွင်မှု အိုမီခရွင်မျိုးဗီဇပြော င်းပိုးတွေ့ရှိသူ ကိုးဦးအား ဖေဖော်ဝါရီ လ (၁၈) ရက်နေ့တွင်အတည်ပြုနိုင်ခဲ့ပြီး လေယာဉ်စီးခရီးသွား၊နယ်စပ်ဖြတ်ကျော်ခရီးသွားလာသူများနှင့် စစ်တွေတက္ကသိုလ်ကဝန်ထမ်းအချို့ဖြစ်ကြော င်းသိရသည်။

အိုမီခရွင်နှင့် ဘီအေ-၂ မျိုးကွဲ

အိုမီခရွင်ဆိုသည်မှာ SARS-CoV-2 coronavirus ဗိုင်းရပ်စ်နှင့်ဆက်စပ်နေသည့် မျိုးရိုးများစွာအားလွှမ်းခြုံခေါ် ဝေါ်ခြင်းဖြစ်ပြီး လူသိများသော ဘီအေ-၁ BA.1 မျိုးကွဲတစ်မျိုးပင်ဖြစ်သည်။

ယခုအခါ အထူးသဖြင့် အာရှတိုက်နှင့် ဥရောပတိုက်အတွင်း ကိုရိုနာကိုဗစ်ရောဂါကူးစက်နုန်းမြင့်မားလျှက်ရှိပြီး ဘီအေ-၂ BA.2 ဟုခေါ်သောနောက်ထပ်မျိုးစိပ်သစ်တစ်ခု၏ မောင်းနှင်အားဖြစ်ကြောင်း အစီရ င်ခံစာများအရသိရသည်။

BA.2 သည် ယခင်ကွဲပြားမှုများထက် ပို၍ကူးစက်နှုန်းမြန်နိုင်ပုံပေါ် သော်လည်း၊၎င်းသည် ပိုမိုပြင်းထ န်သည်ဟု အကြံပြုရန် တိကျသောအချက်အလက်များမရှိသေးချေ။

သို့ဖြစ်ရာ ယခုအသစ်ပေါ်ထွက်လာသည့် မျိုးကွဲသစ်သည်ဘယ်လောက်များစိုးရိမ်ဖို့ကောင်းသလဲဆိုသည်ကိုမေးစရာဖြစ်လာသည်။

တစ်ကမ္ဘာလုံးဗိုင်းရပ်စ်ပိုးများသည် မျိုးကွဲအသစ်များအဖြစ်သို့ ပြောင်းလဲသွားသည်နှင့်အမျှ တစ်ခါ တစ်ရံ ဆင့်ပွါးမျိုးကွဲအဖြစ်အသွင်ကူးသကဲ့သို့ကွဲခြမ်းသွားသလိုအကိုင်းအခက်ကဲ့သို့ဖြာထွက်သွားခြင်းများလည်းရှိတတ် သည်။

ဥပမာ ဒလ်တာမျိုးဗီဇအသွင်းပြောင်းဗိုင်းရပ်စ်ဆိုလျှင် နောက်ထပ်ဆင့်ပွါးမျိုးကွဲပေါင်း ၂၀၀ အထိဆင့်ပွါးမျိုးဗီဇ စိပ်ကွဲအဖြစ်ပါဝင်ခဲ့သည်။

လက်ရှိမှာလည်း အိုမီခရွင်ဗိုင်းရပ်စ်ပိုးလည်းအလား တူကဲ့သို့ အသွင်ကူးပြော င်း BA.2, BA.2, BA.3 နှင့် B.1.1.529 အထိကူးပြောင်းလျှက်ရှိသည်။

ဖြစ်စဉ်အများစုအတွက် BA.1 ဘီအေ -၁ သည်မှတ်တမ်းဝင်နေကြောင်း နိုင်ငံ တကာက ပညာရှင်များကပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိပ်ခ်ျအို WHO) ၏အဆိုအရ ဇန်နဝါရီ လ ၂၅ ရက်နေ့ကတည်းက ကမ္ဘာလုံးဆိုင်ရာ GISAID ဒေတာဘေ့စ်သို့ တင်ပြထားသော ဗိုင်းရပ်စ်ဒီအဲန်အေ၏ ၉၉% နီး ပါးသည် ဤအစိတ်အပိုင်းခွဲဖြစ် ကြောင်း သတ်မှတ်ခဲ့ကြသည်။

သို့သော်မြန်မာနိုင်ငံတွင်မူ လတ်တ လောတွေ့ရှိနေရသော ပိုးမှာ ဘီအ-၂ ဟုတ်မဟုတ်စောင့်ကြည့်ရမည်ဖြစ်သ ည်။

ပိတ်ပင်တားဆီးကန့်သတ်ချက်များလည်းအရေးပါ

နိုဝင်ဘာလကပင် စမ်းသပ်တွေ့ရှိခဲ့သောကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွင်သည်တစ်ကမ္ဘာလုံးသို့ ကူးစက်ပျံ့နှံ့လျက်ရှိသောကြောင့် နိုင်ငံအသီးသီးတွင် ကန့်သတ်ပို့ဆို့မှုများ၊လေခ့်ဒေါင့်ပိတ်ပင်မှုများဖြင့် ထိန်းချုပ်ရန်ကြိုးစားလျှက်ရှိသည်။

အမေရိကန်နိုင်ငံတွင်ပြည်နယ်အချို့တွင် လေကြော င်းလိုင်းများပိတ်ပင်ခဲ့ပြီး ဂျပန်နိုင်ငံနိုင်ငံနှင့်အစ္စရေးနိုင်ငံတို့က နယ်စပ်ပေါက်များကိုကန့်သတ်ပိတ်ပင်ထားခဲ့ကြသည်။       

ဥရောပတိုက်အတွင်းမှာတော့ ပွဲတော်တွေနဲ့ လူမှုလှုပ်ရှားမှုများကို ကန့်သတ်ပိတ်ပင်မှုများမှာ အိုမီခရွင်မကူးစက်ခင်ကတည်းကပင်ဖြစ်ပြီး ဒဲလ်တာ မျိုး ကွဲဗိုင်းရပ်စ်ကူးစက်နုန်း မများလာဖို့အတွက်ရွယ်ရည်ခဲ့ခြင်းဖြစ်သည်။

အီတလီနိုင်ငံက အခန်းအလုံပိတ် စားသောက်ဆိုင်များမှာ ကာကွယ်ဆေးမထိုးထားတဲ့သူများကို ဝင်ခွင့်မပေးခဲ့သကဲ့သို့ ပေါ်တူဂီနိုင်ငံမှာလည်း ဘားများနှင့်စားသောက်ဆိုင်ကိုဝင်ထိုင်ဖို့အတွက် ကိုဗစ်ကင်းရှင်းကြောင်းနှင့်ကာကွယ်ဆေးထိုးထားကြောင့်သက် သေရန်လိုအပ်သည်၊၊

သြစတြီးလျနိုင်ငံအဖို့တစ်နိုင်ငံလုံးကို လေ့ဒ်ဒေါင့်ပိတ်ပင်ကန့်သန့်လိုက်ပြီးနောက်ပိုင်းပြန်လည်ဖြေလျော့မှုပေးခဲ့သည်။

ယူကေနိုင်ငံတွင်မူ ကန့်သတ်မှုများအားအစောပိုင်းကာလရှိခဲ့သော်လည်း ပြန်လည်ဖြေရှင်းမှုများ ပြုလုပ်ခဲ့သည်။

သို့ရာတွင် ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်နေအိမ် ဒေါင်းနင်းလမ်းတွင် လောခ့်ဒေါင်းပါတီပွဲကျင်းပလို့ အဝေဖန်ခံခဲ့ရပြီး လက်ရှိဤဆောင်းပါးရေးနေချိန်တွင် ဗြိတိန်ဘုရင်မကြီး အလဇဘတ်ကိုဗစ်ကူးစက်ခံထားရသည့်သတင်းဖတ်လိုက်ရသည်။

မြန်မာနိုင်ငံတွင်မှု ကန့်သတ်ထိန်းချုပ်မှုအချို့အား လေကြောင်းခရီးစီးနင်းသူများအား စစ်ဆေးသည့်ပုံစံကိုကျင့်သုံးလျှက်ရှိသည့်အပြင် ကော်ရတိန်းသီးသန့်နေထိုင်ရသည့် တားဆီးမှုများအားချမှတ်ထားသည်ကိုတွေ့ရသည်။

တရုတ်နှစ်သစ်ကူးနောက်ပိုင်း အာရှတခွင် ပိုမိုကူးစက်မှုများပြားလာသော ကြောင့် နိုင်ငံအချို့တား ဆီးပိတ်ပင်မှုများပိုများပြားလာခဲ့သည်ကိုတွေ့နေရသည်။

သို့ရာတွင် အိုမီခရွင်ပိုးကူးစက်ပျံ့နှံ့မှုများနေသည့်ကြားမှပင် ‘ဇီးရိုးကိုဗစ် ပေါ်လစီ’ကိုကျင့်သုံးနေသော တရုတ်နိုင်ငံသည် ဆောင်းရာသီဘေဂျင်းအို လံပစ်ပြိုင်ပွဲကို မဖြစ်မနေ ကျင်းပပြုလုပ်ခဲ့သည်။

ULA/AA သတိပေးထုတ်ပြန်ချက်

အိုမီခရွင်ပိုးစတင်တွေ့ရှိခဲ့ပြီးနောက် ရခိုင်ဒေသတွင်းသွားလာလှုပ်ရှုားမှုများအထူးဂရုစိုက်ရန်အတွ က် ULA/AA မှသတိပေးချက်တစ်ရပ်ကို ဖေဖော်ဝါရီ လ ၂၀ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့သည်။

စစ်ပွဲငြိမ်သက်သွားသော ရခိုင်ဒေသအတွင်း ပွဲလမ်သဘင်များ၊ကူးသန်းသွားလာမှုများပိုမိုများပြားလာခဲ့သည်နှင့်တပြိုင်နက် ကူးစက်မှုများပိုမိုတွေ့ရှိလာရသည်ဖြစ်၍ ယခုကဲ့သို့ထုတ်ပြန်ရခြင်းဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်ငါးရပ်အရ နှခေါင်းစည်းမက်စ်ကို မဖြစ်မနေတပ်ဆင်သွားလာရန်နှင့် စက္ကန့်နှစ်ဆယ်ကြာလက်များကိုစနစ်တကျဆေးကြောရန်အပြင် လူစုလူဝေးပွဲလမ်းသဘင်ကျင်း ပခြင်းများမပြုလုပ်စေဘဲ  ၆ ပေအကွာကနေထိုင်ခြင်းနှင့် သံသယရောဂါလက္ခဏာရှင်များနှင့် သီးသန့်နေထိုင်စေခြင်းစသည့်အချက်အလက်များပါဝင်သည် ။

သို့ရာတွင် (Stay at Home) နေအိမ်တွင်းနေထိုင်ခြ င်းအစီအစဉ်များနှင့်ပွဲလမ်းသဘင်များလုံးဝရပ်တန့်ခြင်းဆိုင်ရာအား ရောဂါကူးစက်ခြင်းသေဆုံးခြင်းအခြေနေပေါ်မူတည်ပြီး လာမည့်မတ် လ ၁ ရက်နေ့တွင်ထပ်မံအသီးပေးထုတ်ပြန်မည်ဖြစ်ကြောင်းကြေ ငြာချက်အရသိရသည်။

ရခိုင်ဒေသတွင် ကိုဗစ်တတိယလိူင်းထန်ခဲ့သည့်ကာ လတုန်းကလည်း အလားတူကြေငြာချက်များထုတ်ပြန်ခဲ့ကြောင်း သိရသည်။

သတိထားရမည့် စတုတ္ထလှိုင်း

လတ်တလောအနေအထားများအရဒေသတွင်းအ သက်သေဆုံးမှုများမရှိသေးသော်လည်း အိုမီခရွင်နှင့်ယခင်ဒလ်တာဟောင်းများကူးစက်ပျံ့နှံ့နေသည့်အရှိန်မြင့်တက်လျှက်ရှိခြင်းကြောင်း သတိထားကြဖို့လိုအပ်သည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် အိုမီခရွင်သည် ဒလ်တာပိုးလောက်ကူးစက်မှုပြင်းသည့်တိုင် သေဆုံးမှုများရှိနေသေးသဖြင့် သတိထားဖို့လိုအပ်နေသည်။

ယခင်တတိယလှိုင်းကိုဗစ်ရောဂါကြောင့်နောက်ဆ က်တွဲကျန်းမာရေးအခြေအနေများကစဉ့်ကလျားဖြစ်နေသေးသည့်အနေအထားတွင် အသက်ကြီးများနှင့် ရောဂါအခံရှိသူများပိုမိုဂရုစိုက်ရန်လိုအပ် ကြောင်းဆေးပညာရှင်များက သတိပေးထားသည်။

ကိုဗစ်ကြောင့် အဆုတ်ပျက်စီးခြင်းများလည်းကြုံ တွေ့ရပြီး သွေးပျစ်သည့်ဝေဒနာရှင်များလည်းရှိတတ်ကာ အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာကပိုမိုများပြားကြောင်းပညာရှင်များကဆို ထားသ ည်။

ကလေးသူငယ်များနှင့် အသက်အရွယ်မရွေးကူးစက်နိုင်ခြေရှိကြောင်းသိရသည်။

ပြဿနာက မိမိတို့ဒေသတွင်း ရောဂါလက္ခဏာပြသသည့်ဝေဒနာရှင်များရှိနေသော်လည်း သွားလာဆင်ခြင်မှုမရှိကြသေးဘဲ မက်စ်မတပ်ဘဲသွားလာခြင်းနှင့် နေအိမ်လည်ပတ်ခြင်းတို့ရှိနေဆဲကိုတွေ့နေရသည်။

မိမိတစ်ယောက်ချင်းက စတင်ကာကွယ်နိုင်မှ သူများကိုလည်းကာကွယ်ရာရောက်မည်ဖြစ်ပြီး လူမှုအကာအကွယ်နေထိုင်မှုကို ပိုမိုအလေးနက်ထားရန်လိုအပ်သည်။

လုပ်ငန်းခွင်များတွင် နေအိမ်မှအလုပ်လုပ်သည့် (Work from Home) စနစ်ကိုလည်းမတွေ့ရသေးဘဲရှိနေသေးသည်။

တစ်ဆက်တည်းမှာပင် ကိုဗစ်-၁၉ ရော ဂါသည် ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားသည့်တိုင်အာမခံချက်မရှိသဖြင့် တတိယအကြိမ် ဘိုစတာကာကွယ် ဆေးထိုးဖို့ နိုင်ငံအသီးသီးတွင်သက်ဆိုင်ရာအစိုးရများကတိုက်တွန်းထားသည်။

သို့ရာတွင် နိုင်ငံအချို့တွင် ကာကွယ် ဆေးဆန့်ကျင်သည့်သူများလည်းပေါ် ထွန်းနေပြီး လက်ရှိတွင်ကနေဒါနိုင်ငံတွင် ကာကွယ်ဆေးကန့်ကွက်ဆန့်ကျင်သူများနှင့် အစိုးရအာဏာပိုင်များအကြားထိပ်တိုက်ပြသနာတွေ့လျှက်ရှိနေသည်။

ကာကွယ်ဆေးရှိပါလျှက်နှင့် ကန့်ကွက်ကြသည့် ပြည်သူများရှိရာနိုင်ငံများနှင့် ကာကွယ်ဆေးထိုးချင်ပါလျှက် မလောက်ငှသည့် နိုင်ငံများဖြစ်စဉ်သည်လွန်စွာ ကွာခြားလွန်းနေသည်။

သို့ရာတွင် ကာကွယ်ဆေးမထိုးသူများလေလေ ကိုဗစ်ပိုးများကကမ္ဘာကြီးတွင် နေရာရလေလေဖြစ်ပြီး တစ်ဖက်မှာ ကာကွယ်ဆေးလုံလောက်မှုမရှိလေလေ ကိုဗစ်ပိုးများကလည်းပိုမို ခြေလှမ်းကျယ်လာလေဆိုသည်တွေးဖြစ်သည်။

သို့ဖြစ်ရာ တစ်ကိုယ်ရည်ကူးစက်ကာကွယ်မှုစနစ်ကိုအသုံးချယင်း စတုတ္ထလှိုင်းအန္တရာယ်ကို တားဆီးလျော့ချရန် အားလုံးကြိုးစားဖို့ လိုအပ်နေသည်။

https://www.facebook.com/permalink.php?story_fbid=148529894255992&id=107469705028678

Leave a Reply

Your email address will not be published.