အရေးပေါ်ထိန်းသိမ်းရန် လိုအပ်နေသော ဘူးသီးတောင်မြို့နယ်က စတူပါ

By Boder News Agency (BNA) / 2022 February 27

မောင်မေယု(ဘူးသီးတောင်)ဖော်ထုတ်ရေးသားသည်။

ရခိုင်တို့၏ ဝေသာလီခေတ်တွင် ထူးခြားစွာ ကိုး ကွယ်ခဲ့ကြသော စေတီငယ်တစ်မျိုးရှိပါသည်။ထိုစေတီမှာ စတူပါဟုခေါ်ကြသော ကျောက်စေတီင ယ်များ ဖြစ်ပါသည်။ထိုစေတီမျိုးကို ဘုရင်သာမက ပြည်သူဥပသကာဝင်များကပါ ထုလုပ်၍ ကိုးကွယ်ခဲ့ကြကြောင်း သိရှိရပါသည်။

ဤစတူပါစေတီငယ်များ ထုလုပ်ကိုးကွယ်ခဲ့ကြခြင်းကို ဝေသာလီခေတ်တ စ်ခေတ်တည်းတွင်သာ တွေ့ရှိရကြောင်း သုတေသီများက ဆိုပါသည်။

ထို့ကြောင့် စတူပါစေတီငယ်များသည် ဝေသာလီခေတ်၏ တန်ဖိုးဖြတ်၍ မရသော လက်ကျန်သမိုင်းရုပ်ကြွင်းများဖြစ်ပါသည်။

ဤစတူပါစေတီငယ်များအား ရခိုင်ပြည်၏ မြို့န ယ်(၁၄)ခုတွင် တွေ့ရှိထားပြီဖြစ်ကြောင်း ရခိုင်သ မိုင်းသုတေသီ ဆရာမင်းပြားမင်းသိန်းဇံ၏” ကျွန် တော်နှင့်စတူပါသုတေသန” ဆောင်းပါးတွင် ဖတ်ရှုရပါသည်။ထို(၁၄)မြို့ထဲတွင် ဘူးသီးတောင်မြို့နယ်လည်း ပါဝင်လေသ ည်။

ဘူးသီးတောင်မြို့နယ်ရှိ စတူပါစေတီငယ်အကြော င်းအား အစောဆုံးဖတ်ရှုရခြင်းမှာ ၁၉၉၈ ခုနှစ်ထုတ် စိုင်းတင်မဂ္ဂဇင်းအမှတ်(၁)တွင်ဖြစ်ပါသည်။ထိုမဂ္ဂဇင်းတွင်ပါရှိသော ဆရာမောင်ဗသိန်း၏ “ဒုံးသိမ်အကာ(သို့မဟုတ်) စန္ဒဝိဇယရာဇာ၏ ကောင်းမှုတော်”ဆောင်း ပါးကြောင့် သိရှိရခြင်းလည်းဖြစ်ပါသ ည်။

ဆရာမောင်ဗသိန်းတို့ ဒုံးသိမ်ဘုရားသို့ ဒုတိယအ ကြိမ်ဘုရားဖူးသွားကြစဉ် စိုင်းတင်ချောင်းဘေး ပျာရည်ရွာအနီးရှိ လုံခြုံရေးစခန်းသို့ဝင်၍ သတင်းပို့ကြသည်ဆို၏။ထိုစခန်းတွင် ရှေးဟောင်းသိမ်တိုင်တစ်ခုရှိကြောင်း စခန်းမှူးမှ ပြောပြ၍ သိရှိခဲ့ကြလေသ ည်။

ထိုသိမ်တိုင်အား သွားကြည့်ကြသည့်အခါ သိမ်တိုင်မဟုတ်ဘဲ စတူပါစေတီငယ်ဖြစ်ကြောင်း ဝမ်း မြောက်စွာ တွေ့ရှိခဲ့သည်ဟု ဆိုပါသည်။ ဤအရာသည် သိမ်တိုင်မဟုတ် ရခိုင်တို့၏ ဝေသာလီခေတ်တွင် ကိုးကွယ်ခဲ့ကြသော စတူပါကျောက်စေတီငယ်ဖြစ်ကြောင်း ရှင်းပြလိုက်သောအခါ စခန်းရှိဓမ္မာရုံထဲသို့ ပြောင်းရွေ့၍ ကိုးကွယ် ခဲ့ကြသည်ဟု သိရှိရပါသည်။

ဤစတူပါစေတီငယ်၏အကြောင်းစုံအား စိုင်းတင်မဂ္ဂဇင်းကြောင့် သိရှိခဲ့ရပါသော်လည်း ကိုယ်တိုင်သွားရောက် မဖူးမြော်ဖူးချေ။၂၀၂၁ ခုနှစ် ဒီဇင်ဘာလအစောပိုင်းတွင် ဤစတူပါကျောက်စေ တီငယ်အား လေ့လာရန်သွားချင်ခြင်းကြောင့် ဒေသအခြေအနေကို စုံစမ်းမိခဲ့သည်။ ထိုချိန်တွင် ထိုစတူပါစေတီငယ်တည်ရှိသော လုံခြုံရေးစခန်းမှာ ရုတ်သိမ်းသွားပြီဖြစ်ကြောင်း သိရှိရပါသ ည်။သို့ဖြစ်၍ ရှေးဟောင်းစတူပါ စေတီငယ်အတွက် အလွန်စိုးရိမ်မိခဲ့ပါသည်။ ထို့ကြောင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၅)ရက်၊တနင်္ဂနွေနေ့တွင် ဘူးသီးတော င်မြို့နယ်စားရေးဆရာအသင်းဝင်များနှင့်အတူ စတူပါစေတီငယ်ရှိရာသို့ သွား ရောက်ဖြစ်ခဲ့ပါသည်။

ထိုစခန်းနေရာသည် ဘူးသီးတောင်မြို့ နယ်ရှိ ကြာညိုပြင်ကျေးရွာအနီးတွင် တည်ရှိခြင်းဖြစ်ပါသည်။နေ့လည် (၂) နာရီခန့်တွင် စာရေးသူတို့အုပ်စု ကြာညိုပြင်ရွာသို့ ရောက်ရှိခဲ့ပါသည်။

ထိုရွာ၏ချောင်းနံဘေးတွင် အနား ယူနေသော အဘိုးတစ်ဦးအား မေးမြန်းစုံစမ်းကြည့်သောအခါ ထိုစတူပါစေတီငယ်မှာ ဓမ္မာရုံအပြိုအနီး၌ ရှိနေကြော င်း သိရှိရပါသည်။ထို့ကြောင့် ထိုအဘိုး၏ ဦးဆောင်မှုဖြင့် ထိုနေရာသို့ သွားရောက်ကြည့်ရှုခဲ့ကြပါသည်။

စခန်းအပျက်၏အလယ်တွင် ဓမ္မာရုံအပြိုတစ်ခုကို တွေ့ရှိရပါသည်။ထိုဓမ္မာရုံ ၏ဘေးတွင် မြေခနေသော စတူပါစေတီငယ်ကို စိတ်မကောင်းဖွယ် တွေ့ရှိခဲ့ရပါသည်။

ဤစတူပါအား ဓမ္မာရုံဘေးတွင် ဖိနပ်ခုံပြုလုပ်၍ စနစ်တကျစိုက်ထူပြီး ရွှေချကိုးကွယ်ထားခဲ့ခြင်းဖြစ်ပါသည်။ယခုအခါတွင် ဖိနပ်ခုံအခြား စေတီအခြား ဖြစ်နေလေသည်။

မြေခနေသောစတူပါအား သေချာစွာကြည့်ရှုကြသောအခါ ကျောက်ညိုဖြင့် ပြုလုပ်ထားသည်ကို တွေ့ရှိရပါသည်။

ထိုကျောက်ပုံစံသည် မယူသျှင်မနတ် ကွန်းမှ ဝေသာလီခေတ်သမိုင်းရုပ် ကြွ င်းများ၌ တွေ့ရှိရသော ကျောက်အမျိုးအစားနှင့် တူသည်ဟု ယူဆမိပါသည်။

ထိုစတူပါ၏ အမြင့်မှာ (၂၆) လက်မရှိပါသည်။အောက်ပိုင်း (၁၉) လက်မသ ည်(၁၀) လက်မပတ်လည် ကုဗတုံးပုံစံဖြစ်ပြီး အထက်ပိုင်းရှိ (၇) လက်မသည် ခေါင်းလောင်း မှောက် ပုံစံဖြစ်ပါသည်။ ခေါင်းလောင်းမှောက်ပုံစံတွင် ပုဆိန်ဖြင့် ပေါက်ရာများပါရှိပြီး၊အောက်ပိုင်းရှိ ကုဗတုံးပုံစံတွင် ချိုင့်ဝင်နေသော အ ရာများကို တွေ့ရှိရပါသည်။

ထိုနေရာသို့လိုက်ပို့ပေးသော အဘိုးဦးမောင်မြထွန်း (၆၄ နှစ်) ၏ ပြောပြချက်အရ ချိုင့်ဝင်နေသော အရာများသည် တချိန်က ဓါးသွေး၊ပုဆိန်သွေးခဲ့ကြခြင်းကြောင့် ဖြစ်သည်ဟု သိရှိရပြီး ခေါင်းလောင်းမှောက် ပေါ်ရှိ ပုဆိန် ပေါက်ရာများသည် သိုက်သမားတို့၏ လက်ချက်ကြောင့်ဟု သိရှိရပါသည်။

ဤစတူပါ၏ မူလနေရာသည် ရှေးဟောင်းသမိုင်း ဝင် ဒုံးသိမ်ပုထိုးတော်ကြီး၏ အရှေ့ဘက် ကင်းတောင် ရွာထဲရှိ မြောင်အဖျား ဖြစ်သည်ဟု ဆိုပါသည်။

ထိုနေရာသည် သမိုင်းဝင်စေတီအပျက်များတည်ရှိရာ ပွိုင့်(၁၀၃) တောင်ကုန်းလည်း ဖြစ်ပါသည်။ ထိုနေရာမှနေ၍ လွန်ခဲ့သည့်နှစ်ပေါင်း (၂၇) နှစ်ခန့်တွင် ပျာရည် ရွာသား ဦးစောထွန်းသည် လောင်းလှေနှင့် သယ်ယူလာခဲ့ပါသည်။

စတူပါဟု မသိရှိသည့်အတွက် ရသေ့တောင်မြို့နယ်မှ သိုက်သမားသုံးဦးနှင့်အတူ ထိုကျောက်စေတီအား မီးတိုက်ပြီး ပုဆိန်နှင့် ပေါက်၍ ထုခွဲကြလေသည်။ထုခွဲ၍ လုံးဝမရရှိသည့်အတွက် ပျာရည်ရွာအနီးရှိ ကန်ဘေးတွင် ပစ် ထားလိုက်ကြခြင်းဖြစ်သည်။

ထို့ကြောင့် စတူပါ၏ထိပ်တွင် ပုဆိန်ပေါက်ရာများ ရှိနေခြင်း ဖြစ်ပါသည်။ ကန်အနီးတွင် ပစ်ထားလိုက်သောအခါ ဓါးများ၊ပုဆိန်များသွေးကြခြင်းကြောင့် အချို့နေရာများမှာ ချိုင့်ဖြစ်နေခြင်းလည်းဖြစ်ပါသည်။

ဤစတူပါကျောက်စေတီငယ်သည် ဘူးသီးတောင်မြို့နယ်၏ ဝေသာလီခေတ်အထောက်အထား တန် ဖိုးဖြတ်၍မရသော သမိုင်းရုပ်ကြွင်းတစ်ခုလည်း ဖြစ်ပါသည်။

ဤစတူပါအား အနီးအနားရှိရွာများမှလည်း သမိုင်းတန်ဖိုးကြီးမားသော စတူပါဟု မမြင်ကြဘဲ ကျောက်တုံးတစ်တုံး ၊သိမ်တိုင်တစ်ခုအဖြစ်သာ မြင်ကြလေသည်။

ထို့ကြောင့် ထူးထူးခြားခြား စိတ်ဝင်စားမှု မရှိကြသည်ကိုလည်း တွေ့ရှိရပါသည်။သို့ဖြစ်၍ စခန်းအ ပျက်၌ မြေခနေသော စတူပါအား ဤအတိုင်းပစ် ထားကြခြင်း ဖြစ်လေသည်။

ဤအတိုင်းသာ ပစ်ထားလျှင် ဘူးသီးတောင်မြို့ နယ်၏ သမိုင်းဝင်ရုပ်ကြွင်းတစ်ခု၊ရခိုင်လူမျိုးတို့၏ ဝေသာလီခေတ်အထောက်အထားတစ်ခု ဆုံးရှုံးမှုနှင့်ကြုံရ နိုင်ပါသည်။

ထိုနေရာသည် စိုင်းတင်ချောင်းကမ်းပါးနှင့် ဝါးတစ် ပြန်လောက်သာရှိသည့်အတွက် ချောင်းထဲသို့သာ ကျသွားမည်ဆိုလျှင်လည်း အလွန်ဝမ်းနည်းစရာ ကောင်းပါမည်။

ထိုစခန်းအပျက်ထဲတွင် နွားကျောင်းသူတို့၊ဟင်းရှာ ၊ထင်းရှာသူတို့ အမြဲရှိနေပြီး တစ်ခုခုပြုလုပ်ခဲ့မည် ဆိုပါလျှင်လည်း ပျက်စီးမှုနှင့် ကြုံရနိုင်ပါသည်။ မသာမာလူတို့၏ လက်ချက်ကြောင့် ပျောက်ဆုံးပျက်စီးမည်ကိုလည်း စိုးရိမ်ရပါသည်။

သို့ဖြစ်၍ တာဝန်ရှိသူတို့အနေဖြင့် ဤသမိုင်းတန်ဖိုးကြီးမားသော စတူပါကျောက်စေတီငယ်အား အချိန် မီပြုပြင်ထိန်းသိမ်းရန် လိုအပ်ပါသည်။

ဤစတူပါ ကျောက်စေတီငယ်သည် တစ်ချိန်က စိုင်းတင်မြို့ဟောင်းရှိခဲ့သည်ဟု ယူဆရသော ဒုံးသိမ်ပုထိုးပတ်ဝန်းကျင်မှ ရရှိခဲ့ခြင်းဖြစ်သည့်အတွက် ပြောင်းရွေ့မည်ဆိုပါလျှင်လည်း ဒုံးသိမ်ပုထိုးအနီးတွင်သာ ထားရှိသင့်ပါသည်။

ဒုံးသိမ်ရှိ သမိုင်းရုပ်ကြွင်းများထားရှိသော ပြတိုက်တွင်သာ ထားရှိမည်ဆိုလျှင် သမိုင်းလေ့လာသူ တို့အတွက်လည်း များစွာအကျိုးရှိပေမည်။

ထို့ကြောင့် တာဝန်ရှိသူတို့အနေဖြင့် ပျောက်ဆုံးပျ က်စီးမည့်ဘေးနှင့်ကြုံ တွေ့နေရသော ဘူးသီးတော င်မြို့နယ်မှ သမိုင်းဝင်ရှေးဟောင်းစတူပါ စေတီငယ်အား အမြန်ဆုံးထိန်းသိမ်းပြောင်းရွေ့ပေးကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။

ကိုးကားစာအုပ် – စိုင်တင်မဂ္ဂဇင်း အမှတ်(၁)

        -ရခိုင်ရှေးဟောင်းထီးနန်းမြို့ပြများ ကွင်းဆင်းသုတေသန (မင်းပြား မင်းသိန်းဇံ)

        -ရခိုင်စတူပါ ကျောက်စေတီငယ်များ (မင်းပြား မင်းသိန်းဇံ)

        -စာရေးသူ၏ မှတ်စုများ

https://www.facebook.com/permalink.php?story_fbid=149855704123411&id=107469705028678

Leave a Reply

Your email address will not be published.