အမ်းတွင် ပေါက်ကွဲသံများထွက်လာခြင်းသည် လက်နက်ကျည်ဟောင်းများ ဖောက်ခွဲခြင်းဖြစ်၊ ၂ ရက်ကြာ ဖောက်ခွဲမည်ဟုဆို

By Western News/ 2022 February 09

ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် ခမရ ၃၇၃ တပ်ရင်းမှ မလိုအပ်တော့သည့် လက်နက်ကျည်သီးများကို ဖေဖော်ဝါရီလ ၉ ရက်မှ ၁၀ ရက်နေ့အထိ ဖောက်ခွဲသွားမည်ဟု BE တပ်ဖွဲ့က ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို ဇန်နဝါရီလကုန် အစည်းအဝေးတွင်ပြောဆိုခဲ့သည်ဟု သိရသည်။

မိုင်းရှာဖွေရေးတပ်(BE)မှ ဗိုလ်မှူး မျိုးမင်းသန့်က

ဖောက်ခွဲမှုကို နံနက် ၇ နာရီမှ စတင်ကာ တစ်ရက်အတွင်း ၃ကြိမ်း ဖောက်ခွဲသွားမည်ဖြစ်သဖြင့် ဒေသခံများအနေနှင့် စိုးရိမ်မနေကြဖို့ ဇန်နဝါရီလ ၃၁ ရက်နေ့အစည်းအဝေး၌ ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် အုပ်ချုပ်ရေးမှူးတစ်ဦးက Western Newsကို ပြောသည်။

” ၁ ရက်မှာ ၃ ကြိမ်ဖောက်ခွဲမယ်လို့ပြောလိုက်တယ်။ ကြာချိန်ကိုတော့မသိဘူး။ ဒီနေဆိုရင် ၁၀ နာရီလောက်ကစဖောက်ခွဲတယ်။ တစ်နာရီကျော်လောက်တော့ ကြားလိုက်တယ်”ဟု ဆိုသည်။

လက်ရှိအချိန်တွင် မောင်တောမြို့နယ်၌ နှစ်ဖက် တင်းမှာနေသည့်အချိန်မှာ ယခုလို ဖောက်ခွဲမှုပြုလုပ်ခြင်းကို အများပြည်သူလုထု သိရှိအောင် ကြေညာချက်တရားဝင်ထုတ်ပြန်သင့်သည်ဟု အမ်းဒေသခံကိုမျိုးလွင်က မှတ်ချက်ပြုသည်။

“ကျွန်တော်ဆိုလည်း မသိဘူး။ မိုးလင်းတော့ ဖောက်သံကြားတော့ စိုးရိမ်သွားတာပေါ့။ လက်နက်ဟောင်းတွေကို ဖောက်ခွဲမှာလို့ တရားဝင်စာထုတ်ထားတာလည်းမရှိဆိုတော့။ အခုက အမ်းမှာတည်ငြိမ်နေတာ။ ဒီလို လက်နက်ကြီးအသံကြားလာရတော့ ဒေသခံတွေရဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်သွားနိုင်တယ်”ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၁ခုနှစ်အတွင်းကလည်း အဆိုပါ ၃၇၃ တပ်ရင်းတွင် လက်နက်ကြီးဟောင်းများကို ဖောက်ခွဲပျက်ဆီးခဲ့သည်ဟုလည်း ဒေသခံများကဆိုသည်။

https://www.facebook.com/westernnewsagency/posts/462226068917236

Leave a Reply

Your email address will not be published.