လေယာဉ်စီးခရီးသည်များ ကာကွယ်ဆေးထိုပြီးဖြစ်စေ၊ မထိုးရသေးဖြစ်စေ ကိုဗစ်စစ်ဆေးမှု ခံယူရမည်

By Western News/ 2022 February 14

မြန်မာနိုင်ငံတွင် ပြည်တွင်းလေယာဉ်စီးခရီးသည်များအနေဖြင့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှစ၍ ခရီးစဉ်မတိုင်မီ ၄၈ နာရီအတွင်း RDTဖြင့် ကိုဗစ်ရှိ၊မရှိစစ်ဆေးမှုခံယူရ မည်ဟု သိရသည်။

ခရီးသည်များအနေဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးပြီးဖြစ်စေ၊ မထိုးရသေးဖြစ်စေ စစ်ဆေးမှုခံယူရမှာဖြစ်သည်ဟု ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာ နမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်‌တာစိုးဝင်းပိုင်ကပြောသည်။

“ဒီကိစ္စနဲ့ပတ်သက်လို့ လေကြောင်းလိုင်းက ဆက်သွယ်လာတာရှိတယ်။ ဘယ်နေ့ကစလို့ စစ်ဆေးမလည်းဆိုတာတော့ ကျွန်တော်မသိသေးဘူး”ဟု ပြောသည်။

Royal Thazin Linn လေယာဉ်လက်မှတ်အရောင်း ဌာနမှ ဝန်ထမ်းတစ်ဦးက”မနက်ဖန်ကစလို့ စစ်ဆေးမှုခံယူရမယ်လို့ ပြောတယ်။ ဆေးထိုးပြီးသားသူတွေပါ စစ်ဆေးမှုခံယူရမှာ”ဟု ဆိုသည်။

ပြည်တွင်းလေယာဉ်စီးခရီးသည်များအနေဖြင့် ကိုဗစ်ရောဂါပိုးမရှိကြောင်း ဓာတ်ခွဲစမ်းသပ်ချက်ကို Check-in ဝင်သည့်အချိန်၌ ပြသနိုင်ရန်အတွက် လေယာဉ်ကွင်းတည်ရှိရာ  သက်ဆိုင်ရာပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် သတ်မှတ်ချိန်များအတွင်း ပိတ်ရက်မရှိ အခမဲ့ စစ်ဆေးပေးသော ဓာတ်ခွဲခန်းများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ စစ်ဆေးခွင့်ပု့ထားသော ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းနှင့် ဓာတ်ခွဲခန်းများတွင် စစ်ဆေးမှုခံယူရမည်။

၎င်းအပြင် ပြည်တွင်းလေဆိပ်များတွင် ဖွင့်လှစ်ထားရှိသော ကိုဗစ်ရောဂါပိုး ဓာတ်ခွဲစမ်းသပ်မည့် ဓာတ်ခွဲခန်းများတွင်လည်း လေယာဉ်မထွက်ခါမီကြိုတင်သွားရောင်၍လည်း စစ်ဆေးမှုခံယူနိုင်သည်ဟု မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဖေဖော်ဝါရီလအတွင်းတွင် ကိုဗစ်ပိုးတွေ့ရှိမှု မြင့်တက်လျှက်ရှိပြီး တစ်ရက်လျှင် ပျမ်းမျှစုစုပေါင်း ၄၀၀ ခန့်တွေ့ရှိနေကြောင်း MOHS ၏ ထုတ်ပြန်ချက်များအရ သိရသည်။

https://www.facebook.com/westernnewsagency/posts/465321691941007

Leave a Reply

Your email address will not be published.