(အပြီးသတ်အမိန့်ချရမယ့်အခြေအနေကိုရောက်နေတာ သုံးလကျော်ရှိပြီ)
By Boder News Agency (BNA) / 2022 February 10

ရက္ခိုင့်တပ်တော်(AA)နဲ့ ဆက်စပ်တယ်ဆိုပြီးတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ တ ရားစွဲဆိုခံနေ ရတဲ့ မြောက်ဦးမြို့နယ်၊လက္ကာရွာသား ၂၃ ဦးရဲ့အမှုမှာ နောက်ဆုံးအပြီးသတ်အမိန့်ချမှတ်ရမယ့်အခြေအနေကို ရောက်နေပေမယ့် အမိန့်မချဘဲ ထပ်မံရွေးဆိုင်းလိုက်ပါတယ်။
စစ်တွေခရိုင်တရားရုံးမှာစစ်ဆေးနေတဲ့ အဲဒီလက္ကာရွာသားတွေရဲ့အမှုကို ဖေဖော်ဝါရီ ၉ ရက်၊မနေ့ကရုံးထုတ်ခဲ့ပါတယ်။
ဒါပေမယ့် ရုံးထုတ်မှာ အမှုနဲ့ပက်သက်ပြီး တစ်စုံတ စ်ရာဆောင်ရွက်တာမျိုးမရှိဘဲ ရမန်ထပ်ပေးကာ ဖေဖော်ဝါရီ ၂၂ ရက်ကို ပြန်လည်ချိန်းဆိုခဲ့တာပါ။
“အပြီးသတ်အမိန့်ချဖို့ ချိန်းထားတာပါ။အမိန့်မချဖြစ်ပါဘူး။”လို့ အဲဒီအမှုမှာ လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေဦးခိုင်သန့်ဇင်က ပြောပါတယ်။
အဲဒီအမှုကို ပြီးခဲ့တဲ့ ၂၀၂၁ နိုဝင်ဘာလ ၅ ရက်နေ့ကတည်းက နောက်ဆုံးအပြီးသတ်အမိန့်ချဖို့ ချိန်းဆိုနေခဲ့တာပါ။ဒါကြောင့် အဲဒီလိုအမိန့်ချမယ့်ရက်ရွေ့ဆိုင်းနေခဲ့တာဟာ အခုဆိုရင်သုံးလေကျော်ရှိပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ဧပြီလ ၉ ရက်ကတည်းက ဖမ်းဆီးခံခဲ့ကြရတဲ့ အဲဒီလက္ကာရွာသားတွေဟာ ထောင်အချုပ်နဲ့ တရားရင်ဆိုင်နေကြရတာ သုံးနှစ်ပြည့်ခါနီးပါပြီ။
ဘာကြောင့် အခုလိုမျိုးအမိန့်ချမှတ်ဖို့ ကြန့်ကြာနေလဲဆိုတာကိုတော့ တိတိကျကျမသိရဘူးလို့လည်း
အမှုလိုက်ရှေ့နေနဲ့မိသားစုဝင်တွေကဆိုပါတယ်။
အဲဒီအမှုမှာ လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ် တော်ရှေ့နေဦးအောင်စစ်မင်းကတော့ “တရားစွဲအဖွဲ့အစည်းက အမှုကို ရုပ်သိမ်းပေမယ်ဆိုပြီးတော့ပြော ဆိုချက်တွေကြားမိတဲ့အတွက် ဒီဟာက အမိန့်မချဘဲ စောင့်နေရတဲ့သဘောတော့တွေ့ရတယ်”လို့ ပြောပါတယ်။
အဲဒီအမှုမှာ ပါဝင်တဲ့သူတွေရဲ့မိသားစုဝင်တွေဟာ ရုံးချိန်းစရိတ်အပါအဝင် စားဝတ်နေရေးအတွက် ရုန်းကန်နေကြ ရတဲ့အတွက် အခက်အခဲများစွာနဲ့ ကြုံနေကြရပါတယ်။
ဒါကြောင့် သူတို့တွေရဲ့ မိသားစုဝင်တွေကို အမြန်ဆုံးပြန် လွှတ်ပေးဖို့ တောင်းဆိုနေကြတာပါ။အခုစွပ်စွဲနေကြရသူတွေထဲမှာ အမျိုးသမီးတစ်ဦးလည်း ပါဝင်ပါတယ်။
ကနဦးဖမ်းဆီးခံရစဉ်က လက္ကာရွာသား ၂၇ ဦးဖြစ်ပြီး အဲဒီထဲကသုံးဦးမှာ စစ်တပ်ရဲ့စစ်ကြောရေးကာ လအတွင်း သေဆုံးသွားခဲ့ရပါတယ်။
နောက်ထပ်အမျိုးသမီးတစ်ဦးကတော့ ၂၀၂၀ ဩ ဂုတ်လမှာ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။
ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အဖွဲ့အစည်းကနေ ပယ်ဖျက်ပြီးဖြစ်တဲ့အတွက် အကြမ်းဖက်ဥပေဒပုဒ်မတွေ နဲ့ စွဲဆိုထားတဲ့အမှုတွေကို ပြန်ရုပ် သိမ်းပေးဖို့လိုပြီလို့ နိုင်ငံရေးပါတီ၊အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဥပေဒပညာရှင်တွေက ထောက်ပြကြပါတယ်။
“ဒီအမှုတွေဟာ စိတ်မချမ်းသာစရာတ န်းလန်းကြီးဖြစ်နေတယ်။ဒီလိုမဖြတ်ဘဲ ထားတော့ အများကြီး နစ်နာကြရတ ယ်။နစ်နာသူတွေကို ငဲ့ညှာပေးဖို့ကောင်းပါတယ်”လို့ လက္ကာအမှုကို စောင့်ကြည့်နေတဲ့ ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးက ပြောပါတယ်။
စစ်ကောင်စီက AA နဲ့ ဆက်စပ်တဲ့အမှုတချို့ကို ပြန်ရုပ်သိမ်းပေးခဲ့ပေမယ့် ယခု လက္ကာအမှုမှာပါဝင်တဲ့ စွပ်စွဲခံရသူ တွေအပါအဝင် နောက်ထပ်စွပ်စွဲခံရသူ တစ်ရာကျောက်ကတော့ လက်ရှိအချိန်အထိ အမှုရင်ဆိုင်နေကြရဆဲဖြစ်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=145920661183582&id=107469705028678