လက္ကာကျေးရွာသား ၂၃ ဦးအပါအဝင် စိတ္တရကျေးရွာသား၇ ဦီးနှင့် စုစုပေါင်း ၄၆ ဦးလွတ်လာ

By Western News/ 2022 February 12

ဓာတ်ပုံ-၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ထုတ်ပြန်ခဲ့ရာ စစ်တွေ အကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၂၄၉ ဦး လွတ်မြောက်စဉ်က ဓာတ်ပုံဖြစ်သည်။

AAနှင့် ဆက်စပ်၍ ဖမ်းဆီးခံထားရသူ ၄၆ ဦးစလုံးယနေ့ဖေဖော်ဝါရီ ၁၂ ရက်နေ့ နေ့လည်ပိုင်းနှင့် ညနေပိုင်းတို့တွင်အကျဉ်းထောင်နှင့် အချုပ်ခန်းအသီးသီးမှ လွတ်မြောက်လာပြီးဖြစ်ကြောင်းသိရသည်။

လွှတ်မြောက်လာသူထဲတွင် စစ်တွေအကျဉ်းထောင်မှ ၂၆ ဦး၊ သံတွဲအကျဉ်းထောင်မှ ၂ ဦ်း၊ မြောက်ဦးအချုပ်ခန်းမှ ၁၀ ဦး၊ ကျောက်ဖြူအကျဉ်းထောင်မှ ၆ ဦးနှင့် အင်းစိန်အကျဉ်းထောင်မှ ၂ ဦးတို့ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်သည့် စာရေးဆရာ ဝေဟင်အောင် က Western News ကိုပြောသည်။

“သံတွဲ ၂ ယောက်ရယ်၊ ကျောက်ဖြူ ၆ ယောက်၊ ပြီးတော့ မြောက်ဦးက ၁၀ ယောက်၊ မြောက်ဦး ၁၀ ယောက်ထဲမှ စိတ္တရ ကျေးရွာသား ၇ ဦးပါတယ်။ စစ်တွေအကျဉ်းထောင် ၂၆ ယောက်ရယ်၊ စစ်တွေအကျဉ်းထောင်က လွတ်လာတဲအထဲမှာ လက္ကာကျေးရွာ ၂၃ ယောက်ပါတယ်။ အင်းစိန်ထောင်က ၂ ယောက်ပါတယ်” ဟုပြောသည်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင်ကျရောက်သည့် ၇၅ ကြိမ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအနေဖြင့် AAနှင့် ဆက်စပ်၍ ဖမ်းဆီးခံထားရသူ ၄၆ ဦးကို လွတ်ပေးမည်ဟု စစ်ကောင်စီက ထုတ်ပြန်ကြေညာထားသည်။

https://www.facebook.com/westernnewsagency/posts/464128725393637

Leave a Reply

Your email address will not be published.