By Boder News Agency (BNA) / 2022 February 05
ကျောက်တော်၊ဖေဖော်ဝါရီ ၅။

ရခိုင်မှာရှိတဲ့ မသန်စွမ်းတွေအတွက် သက်မွေးသင် တန်းကျောင်းတစ်ခုလိုအပ်နေတယ်လို့ ရခိုင်မသန် စွမ်းသူများအစည်းအရုံးက ပြောပါတယ်။
လက်နက်ကိုင်ပဋိပက္ခအပါအဝင် ပဋိပက္ခမျိုးစုံကြောင့် ရခိုင်မှာမသန်စွမ်းသူဦးရေများလာတာမို့ သူတို့ရဲ့ဘဝရပ်တည်ရေးအတွက် သက်မွေးသင်တန်းကျောင်းတစ်ခုလိုအပ်နေတာဖြစ်ပါတယ်။
”စစ်တွေမှာပဲဖြစ်ဖြစ်၊တောင်ကုတ်သံတွဲမှာပဲဖြစ်ဖြစ် မသန်စွမ်းတွေအတွက်သက်မွေးသင်တန်းကျောင်းတစ်ခုလျုအပ်နေပါတယ်။’လို့ ရခိုင်မသန်စွမ်းသူ များအစည်းအရုံးဥက္ကဋ္ဌ ဦးလှမြင့်က ပြောပါတယ်။
ရခိုင်မှာ ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ မသန် စွမ်းသူဦးရေ ၁၁၂၀၀၀ ကျော်သာရှိခဲ့ပေမယ့် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းမှာတော့ ၅၀၅၅ ၀၃ ဦးထိ မြင့်တက်လာကို တွေ့ရပါတယ်။
”ကျွန်မတို့က သူများလာလှူမှ စားရတဲ့ဘဝကို မလို ချင်ပါဘူး။ကိုယ်လုပ်နိုင်တာကိုလုပ်ပြီး ကိုယ့်ဝင်ငွေနဲ့ကို ရပ်တ ည်ချင်ပါတယ်။ဒါကြောင့် ကျွန်မတို့မသန်စွမ်းတွေအတွက် သက်မွေးသင်တန်းကျောင်းတစ်ခုလိုအပ်နေပါတယ်။”လို့ ရခိုင်ရှိ မသန်စွမ်းအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ရခိုင်မှာ တိုက်ပွဲတွေရပ်တန့်နေတာ တစ်နှစ်ကျော်ကြာလာပေမယ့် ဒီနေ့အထိစစ်လက်နက်ပစ္စည်းတွေ ပေါက်ကွဲမှုကြောင့် လူငယ်၊လူရွယ်တွေ မသန်စွမ်းဖြစ်နေကြဆဲဖြစ်ပါတယ်။
ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့မြန်မာစစ်တပ်တို့ကြားဖြစ်ပွားခဲ့တဲ့ နှစ်နှစ်ကျော်ကြာတိုက်ပွဲတွေအ တွင်းစစ်လက် နက်ပစ္စည်းတွေကြောင့် ကိုယ်လက်အင်္ဂါပျက်စီးဆုံးရှုံးခဲ့ရပြီး မသန်စွမ်းဖြစ်ကာ ဘဝရပ်တည်ရေးအကူအညီလိုအပ်နေသူအများအပြားရှိနေပါတယ်။
https://www.facebook.com/permalink.php?story_fbid=144824517959863&id=107469705028678