ရခိုင်မြို့နယ်သုံးခုက မသန်စွမ်းသူတွေအတွက် အား ပြုကိရိယာပစ္စည်းတွေ ပေးအပ်သွားမယ်

By Boder News Agency (BNA) / 2022 February 02

ကျောက်တော်

(ဓာတ်ပုံ-ရခိုင်ရှိ မိုင်းထိထားသူတစ်ဦးအား ဇန်နဝါရီ လအတွင်းကတွေ့ရစဥ်/BNA)

ရခိုင်ရှိမြို့နယ်သုံးခုမှ မသန်စွမ်းသူတွေအတွက်အား ပြုကိရိယာပစ္စည်းတွေကို ဖေဖော်ဝါရီလအတွင်းပေးအပ်သွားဖို့ရှိတယ်လို့  ရခိုင်မသန်စွမ်းသူများအ စည်းအရုံးမှ သိရပါတယ်။

အဲဒီကျောက်တော်၊ရသေ့တောင်၊မင်းပြားမြို့နယ်တွေက မသန်စွမ်းသူ ၁၀၀ ကျော်အတွက် ဝှီးချဲ၊ချိုင်းထောက်၊လမ်းလျှောက်တုတ်ကောက်စတဲ့ မသန်စွမ်းအားပြုကိရိယာပစ္စည်းတွေ ပေးအပ်သွားမှာလို့ ဆိုပါတယ်။

“ဒီနှစ်ပရိုဂျက်ထဲမှာပါဝင်တာကတော့ ၇ မြို့နယ်ပေါ့။အဲဒီအထဲကမှ မြို့နယ်သုံးခုက အားပြုကိရိယာပစ္စည်းမရှိမဖြစ်လိုအပ်နေတဲ့ လူတွေအတွက်အား ပြုကိရိယာပစ္စည်းတွေပေးအပ်သွားမယ်။တခြားကျန်တဲ့မြို့နယ်တွေကိုတော့ မသန်စွမ်းအခွင့်အရေးတွေ၊ဥပ ဒေထဲမှာ ပါတဲ့ဟာတွေကို အသိပညာပေးသင်တန်းတွေ ပြုလုပ်သွားဖို့ရှိပါတယ်”ဟု ဥက္ကဋ္ဌဖြစ်တဲ့ဦးလှမြင့်က ပြောပါတယ်။

ရခိုင်မှာ ပြီးခဲ့တဲ့နှစ်က အပြည်ပြည်ဆိုင်ရာကြက် ခြေနီအသင်း( ICRC)နဲ့ ရခိုင်ပြည်နယ်မသန်စွမ်းသူ များအစည်းအ ရုံးတို့ ပူးပေါင်းပြီး မင်းပြားမြို့နယ်ကမသန်စွမ်းသူ ၉၆ ဦးအတွက် အားပြုကိရိယာပစ္စည်းတွေ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

“အမှန်တကယ်မရှိမဖြစ်လိုအပ်နေတဲ့ လူတွေအတွ က်မသန်စွမ်းအားပြုကိရိ ယာပစ္စည်းတွေ ထောက်ပံံ့ခဲ့တယ်။အရ င်နှစ်ကတော့မင်းပြားမြို့နယ်မှာ ပေးနို င်ခဲ့တယ်။ဒီနှစ်မှာတော့ ကျောက်တော်၊ရသေ့တော င်၊မင်းပြားမြို့နယ်တွေမှာ ပေးအပ်သွားမယ်။” ဟု ဦးလှမြင့်က ဆိုပါတယ်။

ရခိုင်မှာ ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရမသန်စွမ်း သူဦးရေ ၁၁၂၀၀၀ ကျော်သာရှိခဲ့ပေမယ့် ၂၀၁၉ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းမှာတော့ ၅၀၅၅ ၀၃ ဦးထိ ရှိလာခဲ့ပါတယ်။

”တချို့က ဆေးကုသဖို့ အကူအညီတောင်းတာတွေလည်းရှိတယ်။ဒါတွေကိုတော့ နောက်ပိုင်းမှာကျွန် တော်တို့စဉ်းစားသွားမယ်”ဟု ဦးလှမြင့်က ဆိုပါတယ်။

ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့မြန်မာစစ်တပ်တို့ ကြားတိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ချိန်ကနေ ဒီနေ့အ ထိ ဒေသခံပြည်သူတွေ စစ်လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးဒဏ်ရာရသူတွေထဲကတချို့ မှာ ဆေးဝါးကုသရန်နဲ့အသက်ရှ င်ရပ်တည်းရေးအ တွက် အကူအညီတွေလိုအပ်နေကြပါတယ်။

https://www.facebook.com/permalink.php?story_fbid=143982774710704&id=107469705028678

Leave a Reply

Your email address will not be published.