ရခိုင်ပြည်တွင် အငယ်စား၊ အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းရန်ဆောင်ရွက်နေ

By Development Media Group (DMG)/ 2022 February 13

ရခိုင်ပြည်တွင် အငယ်စား၊ အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းရန်ဆောင်ရွက်နေပြီး လုပ်ငန်းရှင်များကိုလည်း ပူးပေါင်းပါဝင်ကြရန်ဖိတ်ခေါ်ကြောင်း MSME Association Rakhine ဖြစ်မြောက်ရေး (ယာယီကော်မတီ) မှ ဒုဒုဥက္ကဋ္ဌဖြစ်သူ ဦးစိုးဝင်းနိုင်က DMG သို့ ပြောသည်။ အခြားတိုင်းနှင့်ပြည်နယ်အသီးသီးတွင် MSME အသင်းအဖွဲ့များ ရှိနေပြီဖြစ်သော်လည်း ရခိုင်ပြည်တွင် မရှိသေးးသည့်အတွက် ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် ရခိုင်ပြည်ရှိ အငယ်စား၊ အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များဖြင့် ပူးပေါင်းကာ လာမည့် မတ်မလ ၂၇ ရက်နေ့တွင် စစ်တွေမြို့၌ အသင်း၏ ရွေးကောက်ပွဲကို ပြုလုပ်သွားရန် ရည်ရွယ်ထားကြောင်း သူကဆိုသည်။

https://www.facebook.com/watch/?v=2026410807527233

Leave a Reply

Your email address will not be published.