By Boder News Agency (BNA) / 2022 February 17

ကရင်ပြည်၊မြဝတီမြို့နယ်၊ဖလူးကြီးကျေးရွာအပြင်ဖက်ကိုက် (၁၅၀၀)အကွာ၊ဘုရားကုန်းရှိ အာဏာ သိမ်းစစ်ကောင်စီတပ်နှင့်နယ်ခြားစောင့် (BGF) တပ်များစခန်းချထားသော ယာယီလက်နက်ကြီး ပစ်ကူစခန်းအား ရခိုင်ပြည်တပ်မတော် (ANC/AA)၊ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် (KNU/KNLA) တပ်ရင်း (၂၇) တပ်ခွဲ (၂) နှင့် PDF တပ်ဖွဲ့များ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၁၆ ရက်၊မနေ့ကညနေ ၄ နာရီကျော်အချိန်က သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲမှာစစ်ကောင်စီတပ်မှလက် နက်ကြီးများဖြင့်လည်းကောင်း၊မွန်းလွဲ (၂) နာရီ (၄၃) မိနစ်မှ (၅၁) မိနစ်အထိ လေယာဉ် (၂) စီးဖြင့်လည်းကောင်း ပစ်ကူပေးခဲ့ပြီး မြဝတီ BGF မှလည်း စစ်ကား (၁၂) စီးဖြင့် အင်အားဖြည့်တင်းလာသည့်အတွက် (၇) နာရီ (၃၀) မိနစ်ခန့်တွင် စနစ်တကျခွာစစ်ဆင်၍ တိုက်ပွဲနေရာမှ အောင်မြင်စွာဆုတ်ခွါခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၂၀)မမစိန်ပြောင်း(၁)လက်၊(၆၀) မမ စိန်ပြောင်း (၁)လက်၊ RPG(၂)လက်၊ စက်လတ် (၁)လက်၊လက်နက်ငယ် (၁) လက်၊ဆက်သွယ်ရေးစက်(၁)လုံးအပါ အဝင် ကျောပိုးအိတ်အလုံး (၂၀) ခန့်နှင့် အရာရှိအသုံးပြုသည့် ဖုန်းများအား သိမ်းဆည်းရမိပြီး ထိခိုက်ကျဆုံးသည့် စစ်ကောင်စီတပ်သားအများအပြားရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
https://www.facebook.com/permalink.php?story_fbid=147615854347396&id=107469705028678