By Western News/ 2022 February 12
ရခိုင်ပြည်နယ်ရှိ မြို့နယ် ၅ ခုတွင် ယနေ့ဖေဖော်ဝါရီ ၁၂ ရက်နံနက်ပိုင်မှစ၍ မိုဘိုင်းအင်တာနက်များ ပြတ်တောက်လျှက်ရှိသည်ဟု အင်တာနက်ဖြတ်တောက်ခံရကြောင်းမြို့နယ် ၅ ခုမှ ဒေသခံများကပြောသည်။
လက်ရှိတွင် မိုဘိုင်အင်တာနက်ဖြတ်တောက်ခံရနေသည့် မြို့နယ် ၅ ခုမှာ မောင်တောမြို့နယ်၊ သံတွဲမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် စစ်တွေမြို့နယ်တို့ဖြစ်ကြသည်။
အင်တာနက်ဖြတ်တောက်ခံနေခြင်းမှာ နံနက် ၁ နာရီခန့်ကတည်းကဖြစ်ပြီး သတင်းအချက်လက်များရရှိရန်ခက်ခဲမှုများရှိလာသည်ဟု မောင်တောမြို့နယ် သက်လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း ပြန်ကြားရေးတာဝန်ခံ ကိုကျော်အေးမောင်က Western News ကိုပြောသည်။
“ ကျွန်တော်တို့မောင်တောမှာက အင်တာနက်ပြတ်တောက်နေတာ နံနက် ၁ နာရီလောက်ကတည်းကနေပြတ်တောက်နေတာပါ။ Mytel ကအင်တာနက်လိုင်းတွေတက်ပေမယ့် သုံးလို့တော့မရဘူး။ တစ်ခြား အော်ပရေတာတွေကတော့ လိုင်းကို မတက်တာပါ။ အင်တာနက်တွေ ပြက်တောက်နေတယ်ဆိုတော့ ကျွန်တော်ဘက်မှာလည်း ဒေသတည်ငြိမ်မှုလည်း သိပ်မရှိသေးဘူး။ အခုလို အင်တာနက်တွေ ပြက်တောက်နေတဘ်ဆို့တော့ သတင်းအချက်လက်တွေရရှိဖို့ခက်ခဲ့မှုတွေရှိလာတယ်”ဟုပြောသည်။
သံတွဲမြို့နယ်တွင်လည်း မိုဘိုင်း အင်တာနက်များပြက်တောက်နေပြီ ဝိုင်ဖိုင်အင်တာနာများဖြင့်သာသုံးစွဲနေကြရသည်ဟု သံတွဲမြို့နယ် ဂျိတ္တောကျေးရွာမှ မမေသူက Western News ကိုပြောသည်။
“ မိုဘိုင်အင်တာနက်တွေကမရဘူး။ ဘယ်အချိန်ကပြတ်သွားတာလည်းတော့ အတိကျမသိဘူး အိပ်ယာကထကတည်းက ပြတ်တောက်နေတာ။ ဝိုင်ဖိုင်အင်တာနက်နဲဘဲသုံးနေရတယ်။ သံတွဲမြို့ပေါ်မှာလည်းမရဘူး”ဟုပြောသည်။
မြန်မာနိုင်ငံတဝှမ်းရှိ မြို့အတော်များများတွင် စစ်ကောင်စီက မိုဘိုင်းဖုန်းလိုင်းများဖြင့် အသုံးပြုသည့် အင်တာနက် ဝန်ဆောင်မှုများ ဖြတ်တောက်ခံထားရကြောင်းသိရသည်။
https://www.facebook.com/westernnewsagency/posts/463943352078841