“ရခိုင်တောင်သူများအတွက် အကျိုးတူကန်ထရိုက်လယ်ယာစနစ် ဖော်ဆောင်ရန် လိုအပ်နေပြီလား”

By  Voice Of Westland (VOW)/ 2022 February 21

အောင်ကြည်မိုး(သင်းပုန်းတန်း) ရေးသည်။

ဒေသဖြစ်စေ၊နိုင်ငံဖြစ်စေ ထုတ်ကုန်၊ပို့ကုန်မရှိဘဲ တခြားဒေသမှ ဝယ်ယူတင်သွင်းများနေရပါလျင် ထိုဒေ သ၊ထိုနိုင်ငံအနေဖြင့် ဆင်းရဲမွဲတေနေတတ်သည်။ စာရေးသူတို့၏ရခိုင်ဒေသ ဆင်းရဲမွဲတေနေရခြင်းအကြောင်း ရင်းမှာ ပြည်မဘက်မှ အသီးအနှံ အစရှိသည့် စားသောက်ကုန်ပစ္စည်းများတင်သွင်းမှုကို အားကိုးနေရခြင်း ကြောင့်ဟု ဆိုရပေမည်။ မိသားစုတစ်ခု၌လည်း ဝင်ငွေထက်ထွက်ငွေ များပြားနေလျင် ထိုမိသားစု၏ စီးပွားရေး၊ လူမှုရေးကိစ္စရပ်များသည် တခြားမိသားစုများနှင့်စာလျင် အရာရာနိမ့်ကျမှုရှိနေတတ်ပါလိမ့်မည်။

    စာရေးသူတို့ရခိုင်ဒေသ၌ ဟင်းသီး၊ ဟင်းရွက်နှင့် အသီးအနှံများကို တခြားဒေသဘက်မှ နေ့စဉ် ငွေသိန်းထောင်ဂ ဏန်းနီးပါး ဝယ်ယူစားသောက်နေခြင်းအား ကြားသိရသည်။ ရခိုင်ဒေသ၌ ရေခံ၊မြေခံကောင်းသော်လည်း စိုက်ပျိုး ထုတ်လုပ်မှုနည်းပါးနေခြင်းကြောင့်  တခြားဒေသဘက်ကဝင်ရောက်လာသည့် သီးနှံများကိုသာ ရခိုင်ပြည်သူများ အားထားနေရသည်။  ငရုတ်၊သခွား၊ကော်ဖီ၊ခရမ်း အစရှိသည့် သီးနှံများကို ရခိုင်တောင်သူများ စိုက်ပျိုးမှုရှိနေသော်လည်း လက်ရှိအနေအထားတွင် စာရေးသူမျက်စိရှေ့ တွင် တခြားဒေသဘက်မှသီးနှံများ ကုန်ကားကြီးငယ်အသွယ်သွယ်နှင့် စစ်တွေမြို့အဝေးပြေးကားဂိတ်သို့ နေ့စဉ်ရောက်ရှိနေသည်ကို မြင်တွေ့နေရပါ၏။ တခြားဒေသဘက်မှ တင်သွင်း လာသည့်သီးနှံများကို ရခိုင်ဒေသ၌ ချိန်ခါမီစိုက်ပျိုးမည်ဆိုပါလျင် စျေးကွက်ရရှိနိုင်သည်ကို ရခိုင်တောင်သူများ တွေးတောဖို့လိုအပ်နေပြီး ပြဿနာတစ်ခုကို စဉ်းစားအဖြေရှာတတ်ဖို့ တောင်သူများအားနည်းနေခြင်းဟု စာရေး သူမှ ယူဆမိပါသည်။

     စီးပွားရေးအမြတ်လိုသည့် ကုန်သည်ဆိုသူများက စျေးချိုသည့်နေရာမှ လိုအပ်သော၊ရောင်းအားကောင်း သည့်စျေးကွက်သို့ ပို့တတ်ကြသည်က သူတို့၏စီးပွားရေးသီအိုရီဖြစ်သည်။ ရခိုင်ဒေသရှိ တောင်သူများသည် သီးနှံများကို တစ်နှစ်ပတ်လုံး ဆောင်းရာသီတစ်ခုတည်း၌သာ  စိုက်ပျိုးမှုရှိသည်။ ကျန်အချိန်များတွင် ဟင်းသီး၊ ဟင်းရွက်အသီးအနှံများအား စိုက်ပျိုးမှုမရှိကြပေ။ ရခိုင်ပြည်သူများအနေဖြင့် တခြားဒေသဘက်မှ သီးနှံများအား ဝယ်ယူ စားသောက်နေရခြင်းက ရခိုင်တောင်သူများ သီးနှံစိုက်ပျိုးရန်လုပ်သားအင်အားရှားပါးခြင်းနှင့် ရာသီအလိုက် စိုက်ပျိုးနိုင်ဖို့ ခေတ်မီထွန်ယက်စက်ကိရိယာများကိုအသုံးမပြုဘဲ မိရိုးဖလာစိုက်ပျိုးနေခြင်းကြောင့်ဖြစ်သည်။ တခြားဒေသဘက်မှတင်သွင်းလာသော သီးနှံထုတ်ကုန်များထက် ရခိုင်တောင်သူများ စျေးကွက်၌ ဦးစွာမဖြန့်ဖြူးနိုင်၍ စျေးမရရှိတော့သဖြင့် စိုက်ပျိုးမှုမရှိလည်း ဖြစ်နိုင်ပေသည်။

      ရခိုင်ဒေသသည် ရေခံမြေခံကောင်းပြီး ရာသီဥတုညီမျှသောကြောင့် သီးနှံကိုရာသီအလိုက် စနစ်တကျ လယ်ယာသုံးစက်ပစ္စည်းများဖြင့် ထွန်ယက်စိုက်ပျိုးလုပ်ကိုင်လျင်   ရခိုင်ပြည်နယ်၌သီးနှံများ ဖုံလုံံပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ပါတင်ပို့ရောင်းချလာနိုင်မည်ဖြစ်သည်။ တစ်ချိန်ကရခိုင်ဒေသကတောင်သူတို့ဘဝ ကောက်ပဲသီးနှံပေါ်ချိန်ဆိုပါလျင်  ရောင်းချရငွေနှင်ကြွေးမြီဆပ် သမီးပျိုများနှင့်အိမ်သူအတွက် နားကပ်၊

ဆွဲကြိုး ဆင်ပေးနိုင်ခဲ့သည်။ ကျန်ရှိနေသည့် စပါးသီးနှံများကိုရောင်း။ စားလည်းစား၊လှူလည်းလှူ သည်လိုနှင့် မိသားစုဘဝ ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းခဲ့ကြသည်။

(၂)

           ယခုက သည်လိုမဟုတ်တော့ပေ လယ်ယာလုပ်ကိုင်ချိန်နှင့်သီးနှံများ ထွန်ယက်စိုက်ပျိုးချိန်တွင် ရခိုင် တောင်သူများအနေဖြင့် စားသောက်ဖို့နှင့်ထွန်ယက်စရိတ်အတွက်ပါ အတိုးနှင့်ချေးယူထား၍ အကြွေးသံသရာ ထဲလည်နေကြရပြီး ကျေးလက်နေတောင်သူများ၏ဘဝ ဖွံ့ဖြိုးတိုးတက်မှုရှိမလာ၍ တောင်သူတို့၏သားသမီးမျိုး ဆက်များက လယ်ယာစီးပွားရေးကို စွန့်ခွာမှုရှိနေကြသည်။ တစ်ချိန်က ရခိုင်ပြည်နယ်၏ အဓိကစီးပွားရေး စိုက်ပျိုးရေးလုပ်ငန်း၌ တောင်သူများ၏ မြေယာသိမ်းဆည်းဆုံးရှုံးမှုရွိခဲ့ရပြီး  စားဝတ်နေရေးအတွက် ဇာတိဒေသ ကိုစွန့်ခွာကာ အခြားအလုပ်အကိုင်းများဆီသို့ ကူးပြောင်းသွားကြသည်။ တချို့တောင်သူများ မြို့ပြတွင် ရွေ့ ပြောင်းလုပ်သားဘဝနှင့် မိသားစုဝမ်းရေးရုန်းကန်ကာ  ကျူးကျော်ဘဝနှင့် နေထိုင်သွားရသည်။ ရခိုင်တောင်သူ များ၏ဘဝ ဆင်းရဲတွင်းနက်ပြီး ဓာတ်မြေသြဇာရောင်းချနေသည့် ကုမ္ပဏီများကသာ ချမ်းသာသွားကြပါ၏။ 

       ရခိုင်ပြည်နယ်၏ကျေးလက်ဒေသေန လူဦးရေရာခိုင်နှုန်း ၇၀ ခန့်သည် လယ်ယာလုပ်ငန်းလုပ်ကိုင်ပြီး တောင်သူများဖြစ်သည်။  ယနေ့အချိန် ရခိုင်ဒေသ၌ နှစ်စဉ် သဘာဝဘေးအန္တရာယ်နှင့်အခြားသောဘေးအန္တရာယ် များကျရောက်ခြင်း၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု၊ မြေဆီလွှာအရည်အသွေး ကျဆင်းပျက်စီးခြင်းနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် လယ်ယာမြေများကိုစွန့်လွှတ်ခဲ့ရ၍ တောင်သူများ၏လူမှုဘဝနိမ့်ကျလာနေခြင်း ဖြစ်သည်။  ရခိုင်တောင်သူများအဖို့ သီးနှံစျေးကွက်မရှိ၍ သူတို့အတွက်စိုက်ပျိုးရေးသည် မသေချာမရေရာသည့် စီးပွားရေးလုပ်ငန်းဖြစ်နေသဖြင့် စွန့်စားပြီးလုပ်ကိုင်ရသလိုမျိုးဖြစ်နိုင်သည်။ ရခိုင်ဒေသ၌ လယ်ယာစိုက်ပျိုး ရေးဖြင့် အသက်မွေးရပ်တည်နေရသည့်  အများစုသောတောင်သူတို့မှာ အခက်အခဲများနှင့် ရင်ဆိုင်ကြရသည့်အနက် လက်ရှိအခြေအနေတွင် စိုက်ပျိုးရေးထွက်ကုန်များအတွက် စျေးကွက်ပျောက်ကွယ်နေခြင်းပင်ဖြစ်သည်။ ရခိုင်တောင်သူတို့၏ စိုက်ပျိုးသီးနှံများအတွက် စျေးကွက်မရှိခြင်း၊ ထိုက်သင့်သည့်စျေးနူန်းမရရှိခြင်း၊ စသည့်အကြောင်းတရားတို့ကြောင့် စိုက်ပျိုးရေးကဏ္ဍမှာ တဖြည်းဖြည်းနှင့် ဆုတ်ယုတ်လာနေသဖြင့် တခြားဒေသဘက်မှတင်ပို့သည့် အသီးအနှံများကို ရခိုင်ပြည်သူတို့မှ ဝယ်ယူစားသောက်နေကြရခြင်းဖြစ်သည်။

      ထိုသို့ သီးနှံစျေးကွက်၌ အခြားတိုင်းဒေသနှင့် ယှဉ်ပြိုင်ရောင်းချေနရခြင်း စွန့်စားသည့်အလုပ်ကို ရခိုင်လူမျိုး ဟင်းသီး ဟင်းရွက်အဝယ်ဒိုင်ပိုင်ရှင်များက ကူညီဆောင်ရွက်ပေးသည့်အနေနှင့် တောင်သူများနှင့်အတူ ပူးပေါင်း လုပ်ကို င်ကြဖို့လိုအပ်နေပါသည်။ စွန့်စားရသည့် သီးနှံစျေးကွက်လုပ်ငန်းတွင် ဟင်းသီးဟင်းရွက် အဝယ်ဒိုင်ပိုင်ရှင်များက တောင်သူများနှင့် အကျိုးတူပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည့် လုပ်သားရှားပါးမှုကိုကုစားနိုင်သော လယ်ယာ စိုက်ပျိုးရေးစက်ကိရိယာ အငှားဝန်ဆောင်မှုများကို ကူညီလုပ်ဆောင်ပေးရန်လည်း လိုအပ်နေပါသည်။

(၃)

    စာရေးသူတို့ ရခိုင်ဒေသသည်  စိုက်ပျိုးရေးကိုအခြေခံသည့်ဒေသဖြစ်ပြီး  အလားအလာကောင်း မြေလွတ်မြေ ရိုင်းများစွာ ရှိနေသည်။  မတူညီသည့် ရေမြေတောတောင် ဥတုရာသီများရှိပြီး နှစ်ရှည်ပင်များအတွက် သာမက ဆန်၊ပဲ၊ပြောင်း၊ သစ်သီးဝလံနှင့် ဟင်းသီး၊ဟင်းရွက်များကဲ့သို့သော ရာသီသီးနှံများပါ အလွယ်တကူစိုက်ပျိုး ဖြစ် ထွန်းနိုင်ပါသည်။ ရခိုင်လူမျိုးစီးပွားရေးလုပ်ငန်းရှင်များနှင့် တောင်သူများကစုပေါင်းပြီး သမားရိုးကျစိုက်ပျိုးသည့် စနစ်မှ ထုတ်လုပ်မှုအားကောင်းပြီး ရေရှည်အကျိုးရှိဖြစ်ထွန်းသည့် စိုက်ပျိုးရေးအခြေခံစီးပွားရေးစနစ်သို့ ကူး ပြောင်းရန် လိုအပ်နေပါသည်။

    တောင်သူတို့ စိုက်ပျိုးထုတ်လုပ်သည့် ထွက်ကုန်အများစုမှာ စျေးကွက်တစ်ခုတည်းကိုသာမှီခိုကာ စိုက်ပျိုး ထုတ်လုပ်ခြင်းဖြစ်သည့်အတွက် ၎င်းတို့မှီခိုထားသည့်စျေးကွက်က ဝယ်ယူခြင်းမရှိသည့်အခါ စိုက်ပျိုးထုတ် လုပ်သောတောင်သူတို့မှာ ထိခိုက်ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ကြုံတွေ့ကြရသည်။  အခြားတိုင်းဒေသများမှ တောင်သူများနှင့် ရခိုင်တောင်သူများက စိုက်ပျိုးထုတ်လုပ်မှုချင်း ယှဉ်ပြိုင်နိုင်စွမ်းမရှိသည့်အတွက် ထုတ်ကုန်သီးနှံများ၏ ထုတ်လုပ်နိုင်မှုပမာဏ၊ ထုတ်ကုန်သီးနှံများအရည်အသွေးထုတ်ပိုးမှုပုံစံ၊ နောက်ကျကျန်ခဲ့သည့်အတွက် စျေးကွက်တွင်လည်း ဝယ်သူကအကဲသာသည့်အခြေအနေတို့နှင့် ရခိုင်တောင်သူများ ရင်ဆိုင်နေကြရခြင်းဖြစ်သည်။ ထိုအခက်ခဲများကို ရခိုင်ဒေသရှိစီးပွားရေးလုပ်ငန်းရှင်များက လုပ်ဆောင်ပေးဖို့လိုအပ်ပါမည်။

     ထိုသို့ လယ်ယာကဏ္ဍ၌ ရခိုင်တောင်သူများ၏ အခက်ခဲများအတွက် စီးပွားရေးလုပ်ငန်းရှင်များ၊ ဟင်းသီး ဟင်းရွက်အဝယ်ဒိုင်များနှင့်  စိုက်ပျိုးထုတ်လုပ်သူတောင်သူတို့အကြား အချိတ်အဆက်အားကောင်းကောင်းနှင့် ပူးပေါင်းဖြေရှင်းသွားကြဖို့လိုအပ်ပါသည်။  စိုက်ပျိုးရေးထွက်ကုန်များအတွက် စျေးကွက်တစ်ခုတည်းကိုသာ မှီခို ထုတ်လုပ်နေရမှုမှ လွတ်မြောက်နိုင်ရန် စျေးကွက်သစ်များရှာဖွေရေး၊ သီးနှံစျေကွက်များ၏ အခြေအနေများကို အချိန်နှင့်တစ်ပြေးညီသိရှိနိုင်စေရန် စျေးကွက်သတင်းများဖြန့်ဝေရေး၊အရည်အသွေးပြည့်ဝကောင်းမွန်သော သီး နှံများကို ရခိုင်တောင်သူများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် နည်းပညာနှင့်အခြားလိုအပ်ချက်များကို ဟင်း သီးဟင်းရွက်အဝယ်ဒိုင်များက ဖြည့်ဆည်းပေးနိုင်ရေးဆောင်ရွက်ပေးဖို့ လိုအပ်နေပါသည်။ သို့မှသာ သီးနှံစျေး ကွက်တွင် အခြားဒေသနှင့် ရခိုင်တောင်သူများ ယှဉ်နိုင်လာမည်ဖြစ်သည်။

(၄)

     ရခိုင်တောင်သူများလိုအပ်နေသည့် သီးနှံစျေးကွက်အာခံချက်ရွိလာပါလျင် ရခိုင်ပြည်နယ်၏စိုက်ပျိုးရေးလုပ် ငန်းတိုးတက်အောင်မြင်ပြီး ဒေသထွက်ကုန်တင်ပို့မှုမှာလည်း မြင့်တက်လာနိုင်သည်။ သို့ဖြစ်၍ ရခိုင်တောင်သူ တို့၏ စိုက်ပျိုးရေးလုပ်ငန်းများရှင်သန်လာရေးအတွက်ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၊ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ခိုင်မာသည့်စီးပွားရေးပေါ်လစီတစ်ခုချမှတ်ရန်လည်း လိုအပ်ပါမည်။  ရခိုင်ပြည်နယ်၏ ကုန်ထုတ် လုပ်ငန်းနှင့် ကုန်သွယ်မှုလုပ်ငန်းများရှင်သန်လာရေးမှာ ပြည်နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းနှင့်မွေးမြူရေး လုပ်ငန်းများကို မြေတောင်မြှောက်ပြီးလုပ်ဆောင်ပေးရမည်ဖြစ်သလို ရခိုင်ဒေသရှိတောင်သူများအတွက် အကျိုးတူ ကန်ထရိုက်လယ်ယာစနစ် (Contract Farming)ဖော်‌ဆောင်‌ရေးဆိုင်ရာအား လုပ်ဆောင်ပေးရန်လိုအပ်နေ ပါသည်။

     အကျိုးတူ ကန်ထရိုက်လယ်ယာစနစ် (Contract Farming) လုပ်ဆောင်ပေးခြင်းဖြင့် အရည်အသွေးပြည့်ဝ သည့် လယ်ယာထုတ်ကုန်များနှင့် အာမခံချက်ပြည့်ဝတဲ့ ထုတ်ကုန်များဖြစ်ရေး၊ တောင်သူများအတွက် အမြတ် အစွန်းရရှိနိုင်မည့် ဈေးနှုန်းပုံစံဖော်ဆောင်ပေးနိုင်ရေး ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပေမည်။ အကျိုးတူကန်ထ ရိုက်လယ်ယာစနစ် (Contract Farming)‌ဖော်‌ဆောင်‌ရာ၌ အကျိူးတူဆောင်ရွက်သူများ၏ ကတိကဝတ်များ၊ အငြင်းပွားမှုများအပေါ်ဖြေရှင်းရေးဆိုင်ရာများ၊ပျက်ကွက်မှုများအပေါ်ဥပဒေနှင့်စာချုပ်ပါစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန်များကိုလည်း အဓိကထား လုပ်ဆောင်ပေးနိုင်ဖို့ လိုအပ်ပါမည်။

   ရခိုင်ဒေသရှိတောင်သူများ၏ စိုက်ပျိုးမြေထုတ်လုပ်မှုလုပ်ကွက်မှ ဝင်ငွေတိုးတက်စေမှုနှင့် ထုတ်လုပ်မှုကုန်ကျ စရိတ်သက်သာလျော့နည်းစေနိုင်မှု၊ အရည်အသွေးကောင်းထုတ်ကုန်သီးနှံထုတ်လုပ်နိုင်မှု၊ ထုတ်ကုန်အပေါ် အာမခံပေးနိုင်သောဈေးနှုန်းရရှိစေရန် အကျိုးတူကန်ထရိုက်လယ်ယာစနစ်ဖော်ဆောင်ခြင်းသည် လက်တွေ့ဘဝ ပကတိလိုအပ်ချက်နှင့်ကိုက်ညီသောအစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းပင်ဖြစ်သည်။ 

(၅)

      နိဂုံးချုပ်ရပါလျင် ရခိုင်တောင်သူတို့၏အခက်အခဲမှာ သီးနှံများအတွက် မျိုးကောင်း၊မျိုးသန့်ရရှိရေး အဓိက ပင်ဖြစ်သည်။ ရခိုင်ကတောင်သူတချို့ နွေစပါးနှင့်အခြားသီးနှံများကို စိုက်ပျိုးလုပ်ကိုင်နေကြသော်လည်း ဆည် မြောင်း၊တာတမံနည်းပါးခြင်းကြောင့် ရေအခက်အခဲများနှင့်ကြုံတွေ့နေရသည်။ ရခိုင်ဒေသ၌ မြစ်ရေတင်စီမံကိန်းကို သည်ထက်မက အောင်မြင်မှုရရှိရန်လုပ်ဆောင်ပေးဖို့ လိုအပ်ပါမည်။

တောင်သူများအနေဖြင့် ရေရရှိရေးအခက်ခဲကြောင့် သီးနှံစိုက်ဧကနည်းပါးလာသည်နှင့်အမျှ ဒေသထွက်ကုန်များ ကျဆင်းကာ အခြားဒေသဘက်မှတင်သွင်းလာသောသီးနှံများကို ရခိုင်ပြည်သူများက အားကိုးနေရခြင်းဖြစ်သည်။ 

      စိုက်ပျိုးထုတ်လုပ်သူ တောင်သူအချင်းချင်းတို့အကြား အချိတ်အဆက်အားကောင်းကောင်း ပူးပေါင်းဖြေရှင်း သွားဖို့လိုအပ်နေသည့်အတွက် အကျိုးတူကန်ထရိုက်လယ်ယာစနစ် (Contract Farming)အား ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၊သက်ဆိုင်ရာဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလာနိုင်ခြင်းအားဖြင့် ရခိုင်တောင်သူများ အနေဖြင့် သီးနှံစျေးကွက်တွင် အခြားသော တိုင်းဒေသကြီးများနှင့်ယှဉ်ပြိုင်လာနိုင်မည်ဖြစ်ကြောင်း တင်ပြရင်း—-

 အောင်ကြည်မိုး(သင်းပုန်းတန်း)

https://www.facebook.com/VOW2ppl/posts/149740934111959

Leave a Reply

Your email address will not be published.