By Boder News Agency (BNA) / 2022 February 11

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွါးခဲ့နောက် ရွာပျက်ခဲ့တဲ့ ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာက လူနေအိမ်မြေနေရာတချို့ဟာ စိုင်းတင်ချောင်းရေတိုက်စားတာကြောင့် လူနေ အိမ်ရာပျက်စီးနေတယ်လို့ ဘူးသီးတောင်မြို့ လမ်းမစစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေကြတဲ့ သရက်ပြင်ရွာသားတွေက ပြောပါတယ်။
ပြီးခဲ့တဲ့မိုးတွင်းက ရေစီးကြမ်းပြီး စိုင်းဒင်ချောင်းရေ တိုက်စားခဲ့တာကြောင့် ချောင်းအနီးက လူနေ အိမ်ရာဆယ်နေရာထက်မနည်း ပျက်စီးသွားတယ်လို့ သရက်ပြင်ကျေးရွာကို သွားရောက်လေ့လာခဲ့သူ တစ်ဦးက ပြောပါတယ်။
“ရွာပြန်မယ်ဆိုရင်တောင် အိမ်ပြန်ဆောက်မယ့် မြေနေရာမရှိတော့ပါဘူး။ အိမ်တွေကလည်း တိုက်ပွဲအတွင်းက မီးရှို့ခံခဲ့ရတယ်။”ဟု သရက်ပြင်ရွာက ဒေါ်လှမေ ကပြောပါတယ်။
ဘူးသီးတောင်မြို့ပေါ် စစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်တွေဟာ မိမိနေရပ်ကို ပြန်ချင်နေကြပေမယ့် ရွာပြန်ရောက်ရင် ပြန်လည်တည် ဆောက်ရေးလုပ်ငန်းတွေပြန်လုပ်ရမှာနဲ့ စားဝတ်နေရေး အခက်ခဲကြုံရမှာကို စိုးရိမ်နေကြပါတယ်။
နောက်ပြီးတော့ မီးလောင်မလောင်ဘဲ ကျန်ခဲ့တဲ့ နေ အိမ်တွေဟာလည်း သစ်နဲ့ ဝါးထရံတွေကို ခိုးယူခံရလို့ လုံးဝပျက် စီးသွားပြီဖြစ်တယ်လို့ သရက်ပြင်ရွာ သားတွေက ပြောပါတယ်။
လက်ရှိ သရက်ပြင်ကျေးရွာဟာ လူသူမရှိဘဲ တော ကြီးသဖွယ်ဖြစ်နေပြီအနီးကစိုင်းတင်တံတားပေါ်မှာတော့ တပ်မ ၂၂ကတပ်စွဲထားဆဲဖြစ်တယ်လို့လည်း
ရွာသားတွေက ဆက်ပြောပါတယ်။
ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့အာဏာသိမ်းစစ်တ ပ်တို့ကြား ဖေဖော်ဝါရီလ ၄ ရက်နေ့ကစတင်ပြီးတကျော့ပြန်ဖြစ်ညပွားလာတဲ့ မောင်တောမြောက်ပိုင်းတိုက်ပွဲတွေကြောင့် စိုင်းတင်တံတား၊ထိပ်တူးပေါက် တောင်တန်း၊၃၁ ဘုံစေတီကုန်းနဲ့နွားရုံတောင်တောင် တန်းတွေမှာ စစ်ကောင်စီဖက်ကအင်အားတိုးချထားတယ်လို့ ထိပ်တူးပေါက်ရွာသားတွေက ပြောပါတယ်။
https://www.facebook.com/permalink.php?story_fbid=146164761159172&id=107469705028678