မြောက်ဦးကို ယူနက်စကိုကလာစစ်တဲ့အခါ အဆင် သင့်ဖြစ်စေရေး ကနဦးကွင်းဆင်းလေ့လာနေ

By Boder News Agency (BNA) / 2022 February 10

(ဓာတ်ပုံ-မြောက်ဦးရှေးဟောင်းနယ်မြေရှိ အနောက်မြတန်းဆောင်ဘုရားကို ဇန်နဝါရီလ ၃၁ ရက်နေ့ကတွေ့ရစဥ်/BNA)

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ဖို့အဆိုပြုထားတဲ့ မြောက်ဦးကို ယူနက်စကိုက ပညာရှင်တွေလာစစ်တဲ့အခါမှာ အဆင်သင့်ဖြစ်နေစေရေး၊ပြင်ဆ င်ထားနိုင်ရန်အတွက် ကနဦးစစ်ဆေးခြင်းလု ပ်ငန်းတွေကို နိုင်ငံတကာပညာရှင်တွေနဲ့ ကွင်းဆင်းဆောင် ရွက်နေကြပါတယ်။

ရခိုင်ရှေးဟောင်းသမိုင်းဝင်မြို့တစ်ခုဖြစ်တဲ့ မြောက်ဦးမြို့ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ရေးအတွက်နောက်ဆုံးအဆိုပြုလွှာကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ဒီဇင်ဘာလ ၃၀ ရက်နေ့ကယူနက်စကိုထံ တင်သွင်းခဲ့ပါတယ်။

ဒါကြောင့်မကြာခင်မှာ ယူနက်စကိုအဖွဲ့က ပညာရှင်တွေ မြောက်ဦးမြို့ကို လာရောက်စစ်ဆေးကြမှာဖြစ်ပါတယ်။

အဲဒီပညာရှင်တွေ လာစစ်တဲ့အခါမှာ အဆင်သင့်ဖြစ်နေစေရေးအတွက်ပြင်ဆင်သင့်တာတွေ ပြင်ဆင်ထားလို့ရအောင်ဆိုပြီး အခုလိုကွင်းဆင်းဆောင်ရွက်နေတာဖြစ်တယ်လို့ ရှေးဟောင်းယဉ်ကျေးမှုနဲ့သု တေသနဦးစီးဌာန(မြောက်ဦးဌာ နခွဲ)ရဲ့ ညွှန်ကြားရေးမှူး ဦးကြည်ခင်က ပြောပါတယ်။

အဲဒီကွင်းဆင်းတဲ့လုပ်ငန်းကို အီတလီနိုင်ငံသား ရေအသုံးချမှုဆိုင်ရာပညာရှင်ပါမောက္ခ Massimo Sartiက ဦးဆောင်ပြီး ဌာနဆိုင်ရာတွေ၊ အရပ်ဖက်အဖွဲ့အစည်းက ပညာရှင်တွေနဲ့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

အဲဒီလေ့လာမှုကို ဖေဖော်ဝါရီလ ၉ ရက်က စတင်ခဲ့ပြီး ခုနှစ်ရက်ဆက်တိုက်ပြု လုပ်သွားမယ်လို့မြောက် ဦးရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီဥက္ကဌ ဒေါ်ခင်သန်းကပြောပါတယ်။

မြောက်ဦးခေတ်မှာအသုံးပြုခဲ့တဲ့ ရေအသုံးချမှုစနစ်တွေနဲ့ မြောက်ဦးမြို့မြ င်ကွင်း(Landscape)တွေဟာ အရင်ခေတ်ကအတိုင်းရှိသေးရဲ့လား၊ပျက်စီးမှုတွေ ရှိနေပြီလား စတဲ့အကြောင်းအရာတွေကို လေ့လာသွားမှာဖြစ်တယ်။လို့ ဦးကြည်ခင်က ပြောပါတယ်။

“အဲဒီနေရာတွေ ပျက်စီလား၊မပျက်စီးဘူးလားဆိုတာကို လိုက်ပြီးတော့ ပညာ ရှင်နဲ့ စစ်ဆေးနေတာပါ။အသိအမှတ်အ ပြုခံရဖို့ အထောက်အပံ့ဖြစ်ဖို့အတွက်ပေ့ါ။ပြီးရင် သူ(ပညာရှင်)ရဲ့အကြံပြုချက်အတိုင်း ပြင်စရာတွေ ပြင်မှာ ပေ့ါနော်။”လို့ ၎င်းက ဆိုပါတယ်။

ရေအသုံးချမှုစနစ်ကတော့ အရင်အတိုင်းရှိနေသေးပေမယ့် ဘုရား၊ပုထိုးတွေအနားမှာ ကျူးကျော်အ ဆောက်အ ဦး တွေရှိနေတဲ့အတွက် မြင်ကွင်း (Landscape)ကို ထိခိုက်နေတယ်လို့ ဦးကြည်ခင်က ဆိုပါတယ်။

“ယူနီစကိုဝင်ဖို့ဆိုရင် အဲဒီလိုကျူးကျော်မှုတွေနဲ့ ဆောင်ရွက်နေမယ်ဆိုရင် မရဘူးလေ။အဲဒါကြောင့်မို့လို့ ဒေသခံတွေရော၊ဌာနဆိုင်ရာတွေရော အကုန် လုံးပူးပေါင်းပါဝင်ရင် ဒီကိစ္စကြီးက အောင်မြင်မှာပဲလေ”လို့ ၎င်းက ပြောပါ တယ်။

မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်တာ၊တောတောင်တွေ ဖြို ဖျက်ပြီး မြေတူးတာစတဲ့လုပ်ရပ်တွေဟာ မြောက်ဦးကို ယူနီစကိုအသိအမှတ်ပြုခံရဖို့အတွက် အနှောင့် အယှက်ဖြစ်စေတယ်လို့ ပညာရှင်တွေက ထောက်ပြထားပါတယ်။

အေဒီ ၁၄၃၀မှာ စတည်ခဲ့တဲ့ မြောက်ဦးမြို့ဟာ နှစ်ပေါင်း ၂၅၄ နှစ်ကြာ တည် တံ့ခဲ့ပြီးတော့ မင်းဆက်ပေါင်း ၄၈ ဆ က်တိုင် ထီးနန်းစိုးစံခဲ့တဲ့ ရှေးဟောင်းမြို့တစ်မြို့ဖြစ်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=146001897842125&id=107469705028678

Leave a Reply

Your email address will not be published.