မောင်တော ကျီးကန်းပြင်ဌာနချုပ်စစ်ဆေးရေးဂိတ်က လူသွားလူလာပိတ်ထား

By Boder News Agency (BNA) / 2022 February 08

ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်မြောက်ပိုင်း၊ကျီး ကန်းပြင်ဌာနချုပ်စစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီလ ၈ ရက်၊ဒီနေ့နံနက်ကစတင်ပြီး လူသွားလူလာကို တားမြစ်ထားတယ်လို့ သတင်းရရှိပါတယ်။

အဲဒီကျီးကန်းပြင်ဌာနချုပ်အကျော် ဖားဝပ်ချောင်းနဲ့ငန်းချောင်းရွာကြားမှာ ဖေဖော်ဝါရီလ ၇ ရက်နေ့ ည၁၁ နာရီအကျော်က စစ်ကောင်စီကားကို အေအေဖက်ကကြားဖြတ်တိုက်ရာကနေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ခုလိုပိတ်လိုက်တာဖြစ်ပါတယ်။

အဲဒီဂိတ်အထက်ဘက်မှာရှိတဲ့ ကျေးရွာတွေက ကျောင်းတချို့ကိုလည်း ပိတ်ထားတယ်လို့ ငန်းချောင်းကျေးရွာမှာ တာဝန်ကျနေတဲ့ ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။

“ကျမတို့ကျောင်းတက်သွားဖို့ ရွာကလူတွေကို စုံစမ်းကြည့်တော့ ကျီးကန်းပြင်နယ်ခြားစောင့်ရဲဌာနချုပ်စခန်းက ပိတ်ထားတယ်လို့သိခဲ့ရတယ်”လို့ သူမက ဆိုပါတယ်။

နယ်ခြားစောင့်ရဲဌာနချုပ်တည်ရှိတဲ့ ကျီးကန်းပြင်စခန်းဂိတ်က ပိတ်ထားတဲ့အတွက် မြောက်ပိုင်းကျေးရွာတွေက လူတွေ မြို့ပေါ်ကိုလာလို့မရသလို မြို့ပေါ်ကလူတွေလည်း မြောက်ပိုင်းကို သွားလို့မရဖြစ်နေပါတယ်။

ပြီးတော့ မြန်မာစစ်ကောင်စီတပ်သားတစ်ချို့ဟာ မောင်တောမြို့ကို ဖြတ်ပြီးတော့ မြောက်ပိုင်းဘက်ကို တက်သွားတာတွေ့ရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

လက်ရှိ မောင်တောမြို့ပေါ်အခြေနေမှာတော့ လူတွေပုံမှန်သွားလာလှုပ်ရှားနေတာကိုတွေ့ရပေမယ့် စိုးရိမ် မှုတစ်ချို့ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

https://www.facebook.com/permalink.php?story_fbid=145484187893896&id=107469705028678

Leave a Reply

Your email address will not be published.