မောင်တောမှာ ညမထွက်ရအမိန့်ဆယ်စုနှစ်တစ်ခုကြာလာသော်လည်း ထပ်မံသက်တမ်းတို

By Boder News Agency (BNA) / 2022 February 11

(ဓာတ်ပုံ-မောင်တောမြို့အဝင် စစ်ဆေးရေးဂိတ်အား ယခုနှစ်အစပိုင်းကတွေ့ရစဥ်/BNA)

ရခိုင်ပြည်နယ်၊မောင်တောမြို့မှာ လွန်ခဲ့တဲ့ ၂၀၁၂ခုနှစ်၊ဇွန်လ ၈ ရက်စပြီးတော့ ထုတ်ပြန်ခဲ့တဲ့ ညမထွက်ရအမိန့်၊ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ဟာဆယ်စုနှစ်တစ်ခုကြာလာပေမယ့် စစ်ကောင်စီလက်အောက်ခံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနက ဖေဖော်ဝါရီလ ၁၁ ရက်၊ဒီနေ့ သက်တမ်းတိုးထုတ်ပြန်ခဲ့ပါတယ်။

အဲဒီသက်တမ်းတိုးထုတ်ပြန်တဲ့ညမထွက်ရအချိန်ကိုတော့ အရင်အတိုင်း ည ၁၀ နာရီမှ နံနက် ၅ နာရီထိဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

“ညနေ ၄ နာရီကျော်က မြို့ပတ်ပြီးတော့ လော်စပီကာနဲ့ကြေညာသွားပါတယ်။ ညမထွက်ရအမိန့်သက်တန်းတိုးကြော င်းကြေညာချက်ဖြစ်ပါတယ်။”လို့ မောင်တောမြို့ခံတစ်ဦးက ပြောပါတယ်။

မောင်တောမြို့က ဒေသခံတွေဟာ ညမထွက်ရအမိန့်နှင့် နေထိုင်လာရတာဟာ ဒီနှစ် ဇွန်လမှာဆိုရင် ဆယ်နှစ်ပြည့်တော့မှာဖြစ်ပါတယ်။

ညမထွက်ရအမိန့် စတင်ထုတ်ပြန်ချိန်ကတော့ ၂၀ ၁၂ ခုနှစ်၊ပဋိပက္ခဖြစ်စဉ်ကြောင့်ဖြစ်ပြီးတော့ နောက် ထပ် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အ ကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွေကြောင့် အမိန့်ကို ဆက်လက်ပြီးတော့ သက်တမ်းတိုး ထုတ်ပြန်နေရတာဖြစ်ပါတယ်။

အခုလို ညမထွက်ရအမိန့်ထုတ်ပြန်ထားပေမယ့် မော င်တောမြို့မှာ ညအချိန်မှု ခင်းဖြစ်စဉ်တွေ ပေါ်ပေါက်ခဲ့ကြောင်းတွေ့ရပါတယ်။

ရခိုင်မှာရက္ခိုင့်တပ်တော်(AA)နဲ့မြန်မာစစ်တပ်တို့ကြားနှစ်နှစ်ကြာတိုက်ပွဲအ တွင်း မောင်တောမြို့နယ်မှာတိုက်ပွဲတွေမဖြစ်ခဲ့ဘူးလို့ပြောလို့ရပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းကတော့ မောင်တောမြို့နယ်မြောက်ပိုင်းမှာ တိုက်ပွဲတချို့စတင်ဖြစ်ပွားခဲ့ပါတယ်။

https://www.facebook.com/permalink.php?story_fbid=146219897820325&id=107469705028678

Leave a Reply

Your email address will not be published.