မောင်တောမြောက်ပိုင်းမှာ အေအေနဲ့စစ်ကောင်စီ တပ် တိုက်ပွဲထပ်ဖြစ်

By Boder News Agency (BNA) / 2022 February 08

မောင်တော

ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်မြောက်ပိုင်းမှာ ဖေဖော်ဝါရီလ ၇ ရက်နေ့၊မနေ့ည ၁၁ နာရီ ၅ မိနစ်အချိန်ခန့်ကစတင်ပြီး ရက္ခိုင့်တပ်တော် (AA)နဲ့အာအာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီနေရာဟာ မောင်တောမြောက်ပိုင်းကျီးကန်းပြင် နယ်ခြားစောင့်ဌာနချုပ်အ ကျော်ရှိ ဖား၀ပ်ချောင်းရခိုင်ရွာနဲ့ငန်း ချောင်းမွတ်ဆလင်ရွာကြားမှာ မိနစ် ၃၀ ကျော်ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

”ပစ်ခတ်သံတွေကတော့ နာရီဝက်လောက်ကြားလို က်ရပါတယ်။နောက်တော့ရပ်သွားပါတယ်။၁၂ နာရီကျော်လော က်တော့ လက်နက်ကြီးပစ်သံတချို့ကြားရပါတယ်။” ဟု ဖားဝပ်ချောင်းရွာသားတစ်ဦးက BNA သို့ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီစစ်ကားတစ်စီးကို အေအေဖက်က တိုက် ခိုက်ဖျက်စီးနိုင်ခဲ့တယ်လို့ ဆိုပေမယ့် BNA အနေနဲ့သေချာအတည်ပြုနိုင်ဖို့

ကြိုးစားနေပါတယ်။

အဲဒီမောင်တောမြို့နယ်မြောက်ပိုင်းမှာ ဖေဖော်ဝါ ရီလ ၄ ရက်နေ့ကစတင်ပြီး ရက္ခိုင့်တပ်တော် (AA)နဲ့အာအာသိမ်းစစ် တပ်တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေတာမှန်ကန်တယ်လို့ အေအေဖက်ကအတည်ပြုပြောကြားထားပါတယ်။

“မြန်မာစစ်တပ်ဖက်ကနေပြီး ထပ်ပြီးထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲ ဆ က် ဖြစ်နေတာဖြစ်တယ်။” လို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ပြောရေးတိုခွင့်ရှိသူခိုင်သုခ က BNA သို့ ပြောဆိုထားပါတယ်။

အဲဒီနေရာတွေဟာ ကြိမ်ချောင်း-တောင်ပြိုကားလ မ်း၊အတွင်းသဘော်လှကျေး ရွာနောက်ကျောဖက်တောထဲ၊မင်္ဂလာညွန့်ကျေးရွာအနောက်ဘက်တောထဲနဲ့မဲဇလီချောင်းဖက်နေရာတွေလို့ ဒေသခံတွေကဆိုပါတယ်။

အဲဒီတိုက်ပွဲဖြစ်ပွားနေတဲ့နေရာအနီးအနားက ကျေး ရွာသားတွေကို စစ်ကောင် စီဖက်က ရွာပြင်သို့သွား လာခွင့်ပိတ်ထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အဲဒီအပြင် မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာမှ အထက်ပိုင်းကျေးရွာတွေကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေကို စစ်ကောင်စီဖက်ကပြီးခဲ့တဲ့ရက်ပိုင်းမှစပြီးတော့ တစ်လပိတ်ထားလိုက်တယ်လို့လည်း သိရပါတယ်။

“ကြိမ်ချောင်းကအထက်ပိုင်းကို ပြေးဆွဲနေတဲ့ လိုင်း ကားတွေကို တစ်လပိတ်လိုက်ပါတယ်။ကိုယ်ပိုင် ကားနဲ့ သွားတဲ့သူတွေကိုလည်း စစ်ဆေးမှုတွေ အ ရမ်းလုပ်နေပါတယ်”လို့ မင်းခမောင်းကျေးရွာမှာ တာဝန်ကျနေတဲ့ကျေးရွာသားတစ်ဦးက BNA သို့ပြောပါတယ်။

အဲဒီကျေးရွာတွေကနေ မောင်တောမြို့ကို လစာထုတ်ဖို့ရောက်နေတဲ့ ကျန်းမာ ရေး၊ပညာရေးဝန် ထမ်းတချို့ဟာ တာဝန်ကျရာနေရာတွေကို ပြန်ဖို့ခက်ခဲနေတယ်လို့လည်း ဝန်ထမ်းတွေက ပြောပါတယ်။

အဲဒီမောင်တောမြို့နယ်မြောက်ပိုင်းမှာ ဖေဖော်ဝါရီ ၅ ရက်နေ့က တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးတာတွေရှိတ ယ်လို့ မျက်မြင်တချို့က ပြောပါတယ်။

အဲဒီအပြင် ရခိုင်ပြည်ထဲက တခြားမြို့ နယ်တွေမှာလည်း စစ်ကောင်စီဖက်က အင်အားတိုးတာတွေ၊ကျေးရွာသားတွေကို ခေါ်ယူမေးမြန်းတာတွေပြုလုပ်နေ တယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ရက်က မောင်တောမြောက်ပိုင်းတိုက်ပွဲမှာ ရက္ခိုင့်တပ်တော် (AA )ဘက်က ကင်းစောင့်ရဲဘော်တစ်ဦးကျဆုံးခဲ့တယ်လို့ အေအေပြောခွင့်ရ ခိုင်သုခက အတည်ပြုပြီး စစ်ကောင်စီတပ်ဘက်က နယ်ခြားစောင့်အလောင်း ၂ လောင်းလည်း မောင်တောဆေး ရုံသို့ရောက်လာတယ်လို့ တွေ့မြင်ရသူတွေကအတ ည် ပြုပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ၇၅ နှစ်ပြည့်ပြည်ထော င်စုနေ့သို့ ရက္ခိုင့်တပ်တော်အပါအဝင်မြောက်ပိုင်းမဟာမိတ်တွေကို ဖိတ်ကြားထားပေမယ့် မဟာမိတ်တွေကတော့ မတက်ရောက်ဘူးလို့ဆိုထားပါတယ်။

(နောက်ဆက်တွေသတင်းတွေကိုဆက်လက်ဖော်ပြပေးပါမယ်။)

https://www.facebook.com/permalink.php?story_fbid=145469257895389&id=107469705028678

Leave a Reply

Your email address will not be published.