By Boder News Agency (BNA) / 2022 February 10

ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်မြောက်ပိုင်း၊ကျီး ကန်းပြင်နယ်ခြားစောင့်ဌာနချုပ်အကျော် ဖားဝပ်ချောင်းကျေးရွာနဲ့ငန်းချောင်းကျေးရွာကြား ဖေဖော် ဝါရီလ ၇ ရက်နေ့ည တိုက်ပွဲအတွင်း စစ်ကောင်စီဘ က်က ၁၁ ဦးသေဆုံးကြောင်း သတင်းရရှိပါတယ်။
အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စီးနင်းလိုက်ပါလာ တဲ့ကားကို ရက္ခိုင့်တပ်တော် (AA)က မိုင်းဆွဲတိုက်ခဲ့တာဖြစ်ပြီး ကားပေါ်ပါလာတဲ့ ယာယီတပ်ရင်းမှူးအ ပါအဝင် ၁၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံသတင်း ရင်းမြစ်တွေက ဆိုပါတယ်။
အဲဒီအထဲမှာ ယာယီတပ်ရင်းမှူးဗိုလ်မှူးမြင့်ဆွေဝင်း၊ ကိုယ်ပိုင်အမှတ် ကြည်း (၃၉၆၃၈)၊တပ်ကြပ်ကြီးအောင်မြင့်ဆွေ(ကိုယ်ပိုင်အမှတ်၊တ-၆၆၃၀၆၂)၊ တပ်ကြပ်သန်းထွေး(ကိုယ်ပိုင်အမှတ် တ-၁၀၄၃၇၇)၊ တပ်ကြပ်ယဉ်မြင့်(ကို ယ်ပိုင်အမှတ်တ- ၃၇၄၅၇၂)၊ဒုတပ်ကြ ပ်ဘတင်(ကိုယ်ပိုင်အမှတ်၊တ- ၃၉၂၃ ၉)၊တပ်သားထိန်လင်းအောင်(ကိုယ်ပိုင်အမှတ်၊တ- ၅၁ ၃၈၈၈)နဲ့တပ်သားအောင်အောင်(ကိုယ်ပိုင်အမှတ်၊ တ- ၅၁၃၁၄ ၇)တို့ဖြစ်တယ်လို အမိန့်ပြန်တမ်းစာဖတ်ကြားနေတဲ့ ရုပ်သံမှာပြောထားပါတယ်။
အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်ခုနှစ်ဦးနဲ့အတူ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်လေးဦးပါဝင်သွားသလို ကားပေါ်ပါလာတဲ့ဒေသခံနှစ်ဦးလည်း သေဆုံးခဲ့ရပါတယ်။
မောင်တောမြောက်ပိုင်းမှာ ရက္ခိုင့်တပ်တော်(AA)နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ကြား ဖေဖော်ဝါ ရီလ ၄ ရက်နေ့ကစတင်ပြီး တိုက်ပွဲတွေပြန်လည်ဖြစ် ပွားလာကာ ခုချိန်ထိစစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။