By Boder News Agency (BNA) / 2022 February 12
တစ်ကမ္ဘာလုံးရှိ လူသားတွေဟာ တစ်ဦးချင်း၊တစ်ယောက်ချင်းနေထိုင်ရှင်းသန်ဖို့မဖြစ်နိုင်ကြတာမို့ အဆိုးအကောင်းကိုမျှဝေခံစားဖို့၊အကျိုးအကြောင်းကို
တိုင်ပင်ဆွေးနွေးဖို့ စုပေါင်းနေထိုင်ပေါ င်းစည်းကြရတယ်ဆိုတာ လူသားတိုင်းသိရှိနားလည်ထားကြပြီးသားဖြစ်ပါတ ယ်။
အဲဒီလိုပေါင်းစည်းကြတဲ့အခါ လူ့နှလုံးသားက ခံစား မှုအသိတရားတွေနဲ့အပြန်အလှန်နားလည်သဘော တူမှုတွေကို ကတိကဝတ်ပြုထားတတ်ကြ၊ပြုထားကြရပါတယ်။
အဲဒီအထဲမှာ လူမျိုးပေါင်းစုံ စုပေါင်းမှီတင်းနေထိုင်ကြသော စုံလင်ကွဲပြားတဲ့လူ့အဖွဲ့အစည်းတစ်ရပ်ဆိုရင်တော့ စု ပေါင်းပါဝင်သူအားလုံးရဲ့ခံစားမှု၊ယဥ်ကျေးမှု၊ဓလေ့စရိုက်၊လိုအင်ဆန္ဒတွေကိုအပြန်အ လှန်ဆွေးနွေးညှိနှိုင်းပြီးဖြည့်ဆည်းလုပ်ဆောင်ပေးရမယ့်တာဝန်တစ်ရပ်မလွှဲမသွေရှိနေပါတယ်။
ဒီနေရာမှာ တခြားလူမျိုးတွေရဲ့ခံစားမှု၊ယဥ်ကျေးမှု၊ လိုအပ်မှုတွေကိုသိမြင်နားလည်လာအောင် လေ့လာသင်ယူ၊အသိ အမြင်ချဲ့ထွင်ပြီး မြတ်နိုးတန်ဖိုးထားလေးစားအသိအမှတ်ပြုရမယ့်တာဝန်လည်းရှိနေ ပါတယ်။
စုံလင်ကွဲပြားတဲ့ လူမျိုးပေါင်းစုံ၊စုပေါ င်းနေထိုင်နေကြတဲ့ မြန်မာပြည်မှာ တပေါင်းတစည်းတည်း အေး အတူပူအမျှအတူတကွနေထိုင်းပြီး ပြည်ထောင်စုသဘောတူစာချုပ်မှာလက်မှတ်ရေးထိုးခဲ့ကြဖူးပါတယ်။
မြန်မာပြည်ကို ဗြိတိသျှအစိုးရကသိမ်းပိုက်အုပ်ချုပ်ခဲ့ရာကအတူအတွလွတ် လပ်ရေးယူရန်သဘောတူခဲ့ကြတာဟာဒီနေ့ဆိုရင် ၇၅ နှစ်ပြည့်မြောက်ခဲ့ပြီးဖြ စ်ပါတယ်။
မြန်မာပြည်ကိုအတူတကွပေါင်းစည်းတည်ဆောက်ဖို့ ၁၉၄၇ ခုနှစ်၊ဖေဖော်ဝါ ရီလ ၁၂ ရက်နေ့၊နံနက် ၁၀ နာရီအချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တောင်တန်းဒေသကိုယ်စားလှယ် ၂၁ ဦးတို့ ပင်လုံစာချုပ်ကိုလက်မှတ်ရေးပြီးသွေးစည်းမှုအဆောက်အအုံကို တည်ဆောက်ပေးဖို့ကတိကဝတ်ပြုခဲ့ကြပါတယ်။
ဒါပေမယ့် အဲဒီကတိကဝတ်တွေဟာ ၇၅ နှစ်အကြာ စိန်ရတုနေ့မှာတော့ အာဏာသိမ်းစစ်တပ်ရဲ့နိုင်ငံရေး အသုံးချခံအဖြစ်အသုံးတော်ခံဖြစ်နေရပါတယ်။
မြန်မာ့ပြည်လွတ်လပ်ရေးနဲ့အတူပါလာတဲ့ပြည် တွင်းလက်နက်ကိုင်ပဋိပက္ခတွေဟာ ပြည်ထောင်စု နေ့ရဲ့မစစ်မှန်မှုနဲ့ကတိကဝတ်တွေကို အကောင်အ ထည်မဖော်ပေးမှုရဲ့ပြယုဒ်တွေအဖြစ်သက် သေခံနေကြပါတယ်။
အဲဒီမြန်မာပြည်လက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းစေဖို့ ၂၀၁၅ ခုနှစ်မှာ ပြ ည်ထောင်စုအဆင့်စာချုပ်တစ်ခုကို အသစ်လက်မှတ်ရေးထိုးခဲ့ကြပေမယ့်အ ရင်တုန်းကလိုတော့ အကုန်လုံးပါဝင်မလာကြတာက ပြန်လည်ဆန်းစစ်ရမယ့်လုပ်ဆောင်ချက်သမိုင်းအမှားတွေကြောင့်ဖြစ်ပါတယ်။
အဲဒီတစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA/PC)၊ကရင်အမျိုးသားဒီမိုရေစီအကျိုး ပြုတပ်မတော် (DKBA)၊ချင်းအမျိုး သားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင် ရာကျောင်းသားများဒီမိုကရက်တစ်တ ပ်ဦး (ABSDF)၊ပအို့ဝ်အမျိုးသားလွတ် မြောက်ရေးအဖွဲ့ချူပ်(PNLO)၊ရခိုင်ပြည်လွတ်မြော က်ရေးပါတီ(ALP)၊ရှမ်းပြ ည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊မွန်ပြည်သစ်ပါတီ (NMSP)နဲ့လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)တို့ ဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီစာချုပ်မှာလက်မှတ်ရေးထိုးမထား တဲ့အဖွဲ့တွေထဲမှာ အင်အားကြီးအဖွဲ့တွေ ပါဝင်နေသလို မြန်မာပြ ည်တည်ဆောက်ရေးမှာအရေးပါနေတဲ့ငြိမ်းချမ်းရေးချိုးငှက်ဟာလည်း စစ်မီးလျှံကြား မှာ ခိုနားရာမဲ့ဖြစ်နေရပါတယ်။
ပြည်ထောင်စုနေ့မှာ ပင်လုံစာချုပ်ကိုဦးဆောင်လက် မှတ်ရေးထိုးခဲ့တဲ့ ဗိုလ် ချုပ်အောင်ဆန်းလက်ထက်ကနေသူ့သမီး၊ဒေါ်အောင်ဆန်းစုကြည်လက်ထက်
အထိ ဗမာလူမျိုးတွေကလွှဲပြီး ကျန်လူ မျိုးတွေအား စစ်မှန်တဲ့ ပြည်ထောင်စုကို၊ပြည်ထောင်စုနေ့ကိုဘယ်တုန်းကမှမခံစားခဲ့ကြရပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရအဖွဲ့ဖြစ်လာချိန်မှာတော့ ၂၁ ပင်လုံအမည်သုံးပြီးပြည် ထောင်စုငြိမ်း ချမ်းရေးညီလာခံလုပ်ချိန် ပင်လုံလိုသုံးရင်ပင်လုံကတိကဝတ်တွေကိုအကော င်အထည်ဖော်ရမယ်လို့ဝေဖန်ထောက်ပြကြပေမယ့် ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်ထိကျင်းပပြုလုပ်ခဲ့ပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရဟာ စစ်တပ်ဗဟိုပြုအမျိုးသားရင် ကြားစေ့ရေးကို ဦးတည်အလေးထာလုပ်ဆောင်ခဲ့သလို ဗမာမဟုတ်တဲ့တ ခြားလူမျိုးအရေးအရာကိစ္စတွေဟာဟန်ပြအသုံးချခံအဆင့်သာရှိနေခဲ့ပါတယ်။
ဒေါ်စုအစိုးရဟာ ဗမာမဟုတ်တဲ့ တခြားလူမျိုးတွေကို ပြည်ထောင်စုအမည်တ ပ်ပြီး အသုံးချဖို့အတွက်ဟန်ပြနေရာတွေကထားကာ ဗမာနိုင်ငံရေးအီလစ်တွေကြားထဲမှာပဲ စေ့စပ်ညှိနှိုင်းမှု၊ပြန်လည်သင့်မြ တ်ရင်ကြားစေ့မှုနဲ့ အသွင်ကူးပြောင်းမှုတွေပြုလုပ်ခဲ့ပြီး မြန်မာ့ပြဿနာလို့ခေါင်းစဥ်တပ်ဟန်ရေးပြခဲ့ပါတယ်။
သူမရဲ့ဖေဖေ့တပ်မတော်နဲ့အမျိုးသားရင်ကြားစေ့ရေးကိုလုပ်ရင်း နောက်ဆုံးမှာ စစ်တပ်ရဲ့အာဏာ သိမ်းခြင်းကိုအသာတကြည်ခံလိုက်ရတာဟာ မြန်မာပြည်ပြဿနာမှာ စစ်တပ်ဗဟိုပြုရင်ကြားစေ့ရေးနဲ့ဗမာဗဟိုပြုစံစားမှုဟန်ရေးပြမှုက မြန်မာပြည်ပြဿနာရဲ့အစစ်အမှန်ကို မဖြေရှင်းနိုင်ဘူးဆိုတဲ့ သက်ရှိအထောက်အထားသက်သေအဖြစ် ဒေါ်စုကနမူနာပြထားပါတယ်။
မြန်မာပြည်ခေတ်အဆက်ဆက် ပြည် ထောင်စုနေ့ကို လူမျိုးပေါင်းစုံရဲ့ရိုးရာဝတ်စုံတွေဝတ်ပြီး ဓာတ်ပုံရိုက်ဖော်ပြဖို့အတွက်သာမှတ်ယူထားခဲ့ကြပြီး တကယ့်စစ်မှန်တဲ့ပြည်ထောင်စုရဲ့ပြည်ထော င်စုနေ့ကတိကဝတ်တွေကိုအကောင် အထည်ဖော်ပေးဖို့ ဘယ်တုန်းကမှစိတ်မကူး၊ထုတ်ဖော်မပြောခဲ့ကြပါဘူး။
၁၉၄၇ ခုနှစ်၊ပင်လုံမှာသဘောတူလက် မှတ်ရေးထိုးကြပြီး ၁၉၄၈ ခုနှစ်မှာအ တူတကွလွတ်လပ်ရေးရယူခဲ့ကြပြီးပြည်ထောင်စုကိုတည်ဆောက်လာပေမယ့် မစစ်မှန်တဲ့ပြည်ထောင်စုနဲ့အတူပြည်တွင်းလက် နက်ကိုင်ပဋိပက္ခဟာတစ်တိုင်းပြည်လုံးဖြစ်နေကြရဆဲဖြစ်ပါတယ်။
ရွေးကောက်ခံပြည်သူ့အစိုးရအမည်ခံဗမာကိုယ်စားပြုအစိုးရကို အာဏာသိမ်းထားတဲ့စစ်ကောင်စီက ပြည်ထောင် စုနေ့အခမ်းအနားနဲ့တဆက်တည်းကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရော က်ဖို့ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေ၊လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ထားတာတွေ့ရပါတ ယ်။
ဒါပေမယ့်လက်နက်အားကိုးပြီး ၂၀၀၈ ဖွဲ့စည်းပုံကိုကိုင်ပြကာအတင်းလုယူအ စိုးရပုံဖန်းနေတဲ့ စစ်တပ်ရဲ့အတုအ ယောင်နေ့သို့ ပေးစာကမ်းစာမျှော်နေသူတချို့ကလွှဲပြီး စစ်မှန်တဲ့ပြည်ထောင်စုနေ့ကိုလို လားသူအများစုမတက်ရောက်ကြဘူးလို့ဆိုပါတယ်။
ပြည်ထောင်စုမပြိုကွဲရေးဆိုပြီးအပေါ် ယံသကာလူးထားတဲ့ အဆိပ်မုန့်ထုတ်ကြီးကို နှစ်ပေါင်း၇၀ ကျော်ကြိတ်မှိတ်စားသုံးလာကြသူတွေအပြင် ဗမာအ များစုဟာလည်း ကိုယ်တိုင်ကြုံတွေ့ခံစားလာနေကြရပြီးဖြစ်ပါတယ်။
NLDနောက်ခံပြု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကတော့ ၇၅ နှစ်ပြည့်ပေမယ့်ပြည်ထောင်စုနေ့အစစ်ကို တခါမှမကျင့်ပရသေးကြောင့် မနေ့ညကပြောဆိုထားပါတယ်။
လူ့နှလုံးသားက ခံစားမှုအသိတရားတွေနဲအပြန်အ လှန်နားလည်သဘောတူမှုတွေ၊ကတိကဝတ်ပြုထားတာတွေကိုတဖက်ဖက်ကအချိန်အကြာကြီးပျက် ကွက်နေရင်တော့ ရှေ့ဆက်ဖို့မဖြစ်နိုင်ဘူးဆိုတာလူတိုင်းခံစားမိတတ်ကြပါတယ်။
အဲဒီအထဲမှာအပြင် အားလုံးရဲ့ခံစားမှု၊ယဥ်ကျေးမှု၊ဓလေ့စရိုက်၊လိုအင်ဆန္ဒတွေကိုအပြန်အလှန်ဆွေး နွေးညှိနှိုင်းပြီးဖြည့်ဆည်းလုပ်ဆောင်ပေးရမယ့်လူ့တာဝန်တစ်ရပ်ကို အကောင်အထည်ဖော်ဖို့ပျက် ကွက်နေရင်တော့ သဘာဝတရားကြီးကမလွှဲမသွေဒဏ်ခံအရေး ယူလာမှာဖြစ်ပါတယ်။
ပြည်ထောင်စုနေ့အမည်ခံဟာ ၇၅ နှစ်ပြည့်လာချိန်မှာတော့ တစ်တိုင်းပြည်လုံးဟာ စစ်ဘေးတွေသင့်ပြီး မီးတောက်မီး လျှံတွေနဲ့ကျည်တွေသာ ထောင်သောင်းမကစုနေကြပြီး တစ်တိုင်းပြည်လုံးခိုကိုးရာမဲ့ထွက်ပြေးနေကြရပါတယ်။
အဲဒီလက်နက်ကိုင်ပဋိပက္ခထောက်ချောက်ထဲကလွတ်မြောက်ဖို့ စစ်မှန်တဲ့ပြည်ထောင်စုနေ့ဖြစ်ဖို့လိုသလို စစ်မှန်တဲ့ပြည်ထောင်စုကတိကဝတ်တွေနဲ့စစ်မှန်တဲ့စိတ်ထားတွေနဲ့သာ ပေါင်းစုတည် ဆောက်ဖန်တီးကြရမှာဖြစ်ပါတော့တယ်။
https://www.facebook.com/permalink.php?story_fbid=146364901139158&id=107469705028678