By Voice Of Westland (VOW)/ 2022 February 12
ခိုင်သဇင်

ရခိုင်တွင် ဘိလပ်မြေစျေးနဲ့ တခြားအိမ်ဆောက်ပစ္စည်းများမှာ ပြည်မထက် ၂ ဆနီးပါးခန့်မြင့်တက်နေခြင်းမှာ ရခိုင်ပြည်နယ်အစိုးဘက်မှ မလိုအပ်သည့်အတားအဆီးများပြုလုပ်နေခြင်းကြောင်း ဖြစ်သည်ဟု မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုကျတာမြားအသင်း ရခိုင်ပြည်နယ် ဥက္ကဌ ဦးကျော်အေးမောင်က VOW ကိုပြောသည်။
“ပြည်မထက်စျေး၂ ဆနီးပါးလောက် မြင့်တက်လာတာဟာ တပိုင်းကစက်ရုံထုတ်လုပ်မှုကျဆင်းတာနဲ့ သုံးစွဲမှုမြင့်တက်လာတာဖြစ်နိုင်တယ်။ နောက်တပိုင်းကလမ်းပန်းဆက်သွယ်ရေးကြောင့်ပေါ့။ ပြည်မကနေ ရခိုင်ပြည်ကိုကုန်ပစ္စည်းတွေသယ်တဲ့အခါမှာ ပြည်နယ်အစိုးရဆီကနေ ပါမစ်ယူရတာတွေရှိတယ်။ အဲဒါတွေမှာအချိန်ကြန့်ကြာတော့ စျေးကွက်သဘောတရားအရ ပစ္စည်းပြတ်သွားရင် ပစ္စည်းရှိတဲ့သူကကုန်လှောင်ထားပြီး စျေးတင်မှာဘဲလေ။ မလိုအပ်တဲ့ကုန်သွယ်မှုအတားအဆီးတွေကို ဖြေလျှော့ပေးနိုင်ရင်တော့ လက်ရှိအနေအထားထက်စျေးကျသွားမယ်လို့ထင်တယ်။ ” ဟု ဦးကျော်အေးမောင်က ပြောသည်။
ယခုလိုစျေးမြင့်တက်လာမှုကြောင့် နိုင်ငံတည်ဆောက်ရေးလုပ်နေကြသော အစိုးရတင်ဒါအောင်ကုမ္ပဏီလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းလုပ်နေသူများနှင့် သုံးစွဲသူအိမ်ဆောက်လုပ်နေသူများအနေဖြင့် ယာယီရပ်ဆိုင်းထားရသည့် အခြေအနေသို့ရောက်ရှိနေကြောင်း သူကပြောသည်။
ရခိုင်ပြည်နယ်တွင် လွန်ခဲ့သည့် ၃ လခန့်က ဘိလပ်မြေတအိတ်၏ စျေးနှုန်းမှာ ၉၅,၀၀ ကျပ်မှ ၁၀,၅၀၀ ကျပ်ကြားရှိခဲ့သော်လည်း ယခုအခါ လူသုံးများကြသည့် SCG ဆင်တံဆိပ်နှင့် စိန်တံဆိပ်ဘိလပ်မြေI NSEE တို့မှာ ၁၆,၅၀၀ ကျပ်မှ ၁၇,၀၀၀ ကျပ်အထိ ပေးဝယ်နေရသည်အထိ ဖြစ်သွားသည်ဟု
မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုကျတာမြားအသင်း ရခိုင်ပြည်နယ်ဥက္ကဌ ဦးကျော်အေးမောင်က လက်ဆက်ပြောဆို သွားသည်။
ဆောက်လုပ်ရေးလုပ်ငန်းများအတွက်အဓိကအရေးပါသည့် ဘိလပ်မြေစျေးနှုန်းမှာ လွန်ခဲ့သည့် ၃ လ ခန့်ကထက် ထက်ဝက်ခန့် မြင့်တက်နေသည့်အတွက် အဆောက်အဦဆေက်လုပ်ရာတွင် အခက်အခဲနှင့် ရင်ဆိုင်နေရသည်ဟုလည်း Lucky Home အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှ ဒေါ်တင်ဝင်းခိုင်က VOW သတင်းဌာနကို ပြောသည်။
“ကုမ္ပဏီကတိုက်ရိုက်ချိတ်ဆက်ယူပြီး သေင်္ဘာကြီးနဲ့သယ်ယူရတာတွေရှိသလို တချို့ကျတော့ရန်ကုန်ကမှာယူရတဲ့အခါမှာ လမ်းမှာအကြောင်းကြောင်းကြောင့် ကြန့်ကြာနေတာတွေရှိတယ်။ အဲဒါတွေကြောင့် စျေးတက်တော့အမတို့ရင်းနှီးသူတွေအနေနဲ့ ငွေတွေအများကြီးပိုသုံးရတယ်။ စျေးတက်သွားတော့ပစ္စည်းတွေ အရင်ကထက်များများအရောင်းအဝယ်မဖြစ်တော့ဘူး” ဟု ဒေါ်တင်ဝင်းခိုင်က ပြောသည်။
ယခုလ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ရန်ကုန်၌ ဘိလပ်မြေစျေးနှုန်းမှာ ထိုင်းဆင်တံဆိပ် SCG ဘိလပ်မြေ တစ်အိတ်ကို ၁၀,၃၀၀ ကျပ်၊ Alpha ဘိလိပ်မြေ တအိတ်ကို ၉၂၀၀ ကျပ်၊ ကြံ့နှစ်ကောင်ဘိလပ်မြေ တစ်အိတ်ကို ၉၇၀၀ကျပ်၊ Crown ဘိလပ်မြေတစ်အိတ်ကို ၉၁၅၀ ကျပ် သာရှိသော်လည်း ရခိုင်တွင် ယင်းစျေးထက် ၂ ဆခန့်ပေးဝယ်နေရသည်။
ရခိုင်ပြည်တွင် ဘိလပ်မြေစျေးနှုန်းများသာမက သံချောင်းစျေးများမှာလည်း အလွန်မြင့်တက်မှုရှိနေခြင်းသည် လွန်ခဲ့သည့်နှစ်လခန့်ကစပြီး ပင်လယ်ရေကြောင်းကုန်သွယ်ရေး၌ သွင်းကုန်ကန့်သတ်လိုက်သည့်အတွက်ကြောင့်လည်းဖြစ်သည်ဟု အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး အသိုင်းဝိုင်းက ပြောဆိုကြသည်။